ကွင်းအတွင်း ဝင်ရောက်စွက်ဖက်မှုအတွက် မန်ယူအသင်းကို UEFA စွဲချက်တင်

ကွင်းအတွင်း ဝင်ရောက်စွက်ဖက်မှုအတွက် မန်ယူအသင်းကို UEFA စွဲချက်တင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အိုးထရက်ဖို့ဒ်မှာ ပရိသတ်များ ကွင်းထဲဝင်ရောက်ကျူးကျော်စွတ်ဖက်မှုအတွက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ယူနိုက်တက်အသင်းကို ဗုဒ္ဓဟူးနေ့က စွဲချက်တင်လိုက်ပါတယ်။

အင်္ဂါနေ့က ချန်ပီယံလိဂ်ပွဲစဉ်အစောပိုင်းက ပရိသတ် ၃ ဦးဟာ လုံခြံရေးတွေကို ကျော်ပြီး ကွင်းတွင်း ဝင်ရောက်ရန် ကြိုးစားခဲ့ပြီ အဲဒီထဲက ယူနိုက်တက်အသင်း အကျင်္ီဝတ်ထားတဲ့ တစ်ဦးဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဆီ ထိတွေ့ဖို့ ကြိုစားခဲ့ပါတယ်။

ကွင်းအတွင်း ဝင်ရောက်ကျူးကျော်သူများဟာ ပွဲစဉ်အတွင်းနဲ့ ပွဲသိမ်းခရာမှုတ်အပြီးအချိန်တွေမှာ ရော်နယ်လ်ဒိုဆီ ရောက်ရှိဖို့ ကြိုစားခဲ့တာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကတည်းက အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း ဒုတိယအကြိမ်အဖြစ် ယူနိုက်တက်ဆီ တကျော့ပြန် ရောက်ရှိလာတဲ့ ရော်နယ်လ်ဒိုဟာ ကွင်းတွင်းဝင်ရောက်ကျူးကျော်လာသူတွေထဲက တစ်ယောက်နဲ့အတူ selfie ရိုက်ခဲ့ပါတယ်။

ဒါဟာ ဒီရာသီ ယူနိုက်တက်အသင်းကို UEFA မှ ဒုတိယအကြိမ်မြောက် စွဲချက်တင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဒီလအစောပိုင်းကလည်း ဗလင်စီယာနှင့် သရေကျခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုမှာ ကစားကွင်းဆီ နောက်ကျပြီး ရောက်ရှိလာမှုနဲ့ ပွဲစတင်ကစားရန် နှောင့်နှေးကြန့်ကြာမှုတို့အတွက် UEFA က ယူရို ၁၅,၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

UEFA ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဟာ ဒီနောက်ဆုံးအမှုအတွက် နိုဝင်ဘာ ၂၂ ရက်နေ့မှာ ကြားနာမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ပြောခွင့်ရှိသူတစ်ဦးကတော့ ကလပ်အသင်းဟာ UEFA စွဲချက်ကို တု့ံပြန်သွားမှာဖြစ်ပြီး အသင်းရဲ့ ကွင်းလုံခြုံရေးစနစ်ကို ပြန်လည်သုံးသပ်နေတယ်လို့ ဆိုပါတယ်။

မော်ရင်ဟိုရဲ့ ယူနိုက်တက်အသင်းဟာ ဒိုင်ဘာလာရဲ့ သွင်းဂိုးကြောင့် ဂျူဗင်တပ်အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အုပ်စု H မှာ ဂျူဗင်တပ်စ်အသင်းနဲ့ ၅ မှတ်အကွာ ရမှတ် ၄ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Ref; AFP, BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly