ပေါင် ၇၈.၅ သန်းဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ငွေအများဆုံးရ အသင်းအဖြစ် ရီးယဲလ် ရပ်တည်၊ လီဗာပူးလ်အသင်း ဝင်ငွေ မန်ယူထက် နှစ်ဆကျော်များပြား

ပေါင် ၇၈.၅ သန်းဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ငွေအများဆုံးရ အသင်းအဖြစ် ရီးယဲလ် ရပ်တည်၊ လီဗာပူးလ်အသင်း ဝင်ငွေ မန်ယူထက် နှစ်ဆကျော်များပြား
(ဓာတ်ပုံ - အီးပီအေ)

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ၃ နှစ်ဆက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီပြိုင်ပွဲရဲ့ ဝင်ငွေအများဆုံးရရှိတဲ့အသင်းအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ ဝင်ငွေ ပေါင် ၇၈.၅ သန်းနဲ့ ဝင်ငွေအများဆုံးရစာရင်း ထိပ်ဆုံးနံပါတ် ၁ နေရာမှာ ရပ်တည်ခဲ့တာပါ။

ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်က ထွက်ခွာသွားခဲ့ရပေမယ့် ပေါင် ၇၄.၂ သန်းနဲ့ ဒုတိယဝင်ငွေအများဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းကတော့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ခဲ့ပေမယ့် ဝင်ငွေ ပေါင် ၇၂ သန်းနဲ့ ရိုးမားအသင်းရဲ့အောက် တတိယနေရာမှာသာ ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ပြိုင်ဘက် မန်ယူအသင်းထက် နှစ်ဆကျော်များပြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်များအနက် ဝင်ငွေအနည်းဆုံး ရရှိခဲ့တဲ့အသင်းမှာ မန်ယူဖြစ်ပြီး ပေါင် ၃၅.၇ သန်းသာရရှိခဲ့ပြီး ဝင်ငွေအမျာဆုံးရစာရင်းမှာ အဆင့် ၁၄ သာ ချိတ်ခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ အသင်းအားလုံးကို ရုပ်သံဝင်ငွေ ပေါင် ၅၂၇ သန်းအပါအဝင် စုစုပေါင်း ပေါင် ၁.၂၅ ဘီလီယံကို အသင်းတစ်သင်းစီရဲ့ စွမ်းဆာင်ရည်နဲ့ အောင်မြင်မှုအလိုက် ချီးမြှင့်ခဲ့တာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံချင်းစီက ရုပ်သံစျေးကွက်ရဲ့ အချိုးကျတန်ဖိုးနှင့်အညီ ဝင်ငွေခွဲဝေပေးသွားတာလည်းဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်မှာ ရိုးမားအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာသွားခဲ့တဲ့ စပိန်ဘီလူး ဘာစီလိုနာ်အသင်းဟာ ဒီပြိုင်ပွဲရဲ့ ဝင်ငွေအများဆုံးစာရင်းမှာ အဆင့် ၁၀ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဝင်ငွေအများဆုံးရ ထိပ်ဆုံး (၁၀)သင်း စာရင်း

ရီးယဲလ်မက်ဒရစ် (စပိန်) – ပေါင် (၇၈.၅) သန်း
ရိုးမား (အီတလီ) – ပေါင် (၇၄.၂) သန်း
လီဗာပူးလ် (အင်္ဂလန်) – ပေါင် (၇၂) သန်း
ဂျူဗင်တပ်စ် (အီတလီ) – ပေါင် (၇၀.၉) သန်း
ဘိုင်ယန်မြူးနစ် (ဂျာမနီ) – ပေါင် (၆၂.၄) သန်း
ချယ်လ်ဆီး (အင်္ဂလန်) – ပေါင် (၅၇.၇) သန်း
မန်စီးတီး (အင်္ဂလန်) – ပေါင် (၅၆.၅) သန်း
PSG (ပြင်သစ်) – ပေါင် (၅၄.၉) သန်း
စပါး (အင်္ဂလန်) – ပေါင် (၅၄.၂) သန်း
ဘာစီလိုနာ (စပိန်) – ပေါင် (၅၀.၈) သန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly