ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်များ ထွက်ပေါ်

ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်များ ထွက်ပေါ်

စက်တင်ဘာ ၂၄၊ လန်ဒန် ။       ။ ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်များထွက်ပေါ်လာခဲ့ရာ လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းသည် စတုခ်စီးတီးအသင်းနှင့်ရင် ဆိုင်ရမည်ဖြစ်ပြီး မန်ယူအသင်းက မစ်ဒယ်ဘရော့နှင့် ကစားရမည်ဖြစ်သည်။

ဝါဆောကို ၄-၁ ဂိုးဖြင့်အနိုင်ရခဲ့သည့် ချယ်လ်ဆီးအသင်းသည် စတုခ်စီးတီးကွင်းတွင်သွားကစားရမည်ဖြစ်ပြီး အစ်ဆွစ်ချ်ကို ၃-၀ ဖြင့်နိုင်သည့် မန်အသင်းမှာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို အိမ်ကွင်း၌ ကစားရမည်ဖြစ်သည်။

လန်ဒန်ဒါဘီပြိုင်ဘက် စပါးကို ၂-၁ ဖြင့် အနိုင်ယူကျော်ဖြတ်လာသည့် အာဆင်နယ်အသင်းမှာ ရှက်ဖီးဝမ့်နက်စ်ဒေးနှင့် ကစားရမည်ဖြစ်သည်။

လိဂ်-၂ ကလပ် ကာလစ်လီကို ပင်နယ်တီဖြင့်ကျော်ဖြတ်လာသည့် လီဗာပူးလ်မှာ ဘုန်းမောက်နှင့် အိမ်ကွင်းတွင်ကစားရမည်ဖြစ်သည်။ ဆန်းဒါးလန်းကို ၄-၁ ဖြင့်အနိုင်ရသည့် မန်စီးတီးမှာ ခရစ္စတယ်ပဲလေ့စ်နှင့်ကစားရမည်ဖြစ်သည်။

အခြားပွဲစဉ်များအဖြစ် အဲဗာတန်သည် နော့ဝှစ်ချ်နှင့်လည်းကောင်း၊ ဆောက်သမ်တန်သည် အက်စတွန်ဗီလာနှင့်လည်းကောင်း၊ ဟားလ်စီးတီး သည် လက်စတာနှင့်လည်းကောင်းကစားရမည်ဖြစ်ပြီး အောက်တိုဘာ ၂၆ တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly