အမျိုးသမီးများ မျက်နှာဖုံးဝတ်ဆင်မှုမှာ ခေတ်နောက်ကျနေသည်ဟု တရုတ် ရှင်ကျန်းဒေသအရာရှိ ပြော

အမျိုးသမီးများ မျက်နှာဖုံးဝတ်ဆင်မှုမှာ ခေတ်နောက်ကျနေသည်ဟု တရုတ် ရှင်ကျန်းဒေသအရာရှိ ပြော

ပေကျင်း၊ စက်တင်ဘာ -၂၄ ။        ။ အမျိုးသမီးများ မျက်နှာဖုံးဝတ်ဆင်သည့် အလေ့အထမှာ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဧရိယာ (သို့မဟုတ်) မည်သည့်မွတ်စလင်နိုင်ငံတစ်ခု၏ ရိုးရာတစ်ခုမဟုတ် သည်သာမက အစွန်းရောက်မှုနှင့် ခေတ်နောက်ကျမှု၏ သင်္ကေတသာဖြစ်သည်ဟု အကြီးတန်း ဒေသန္တရ အရာရှိတစ်ဦးက စက်တင်ဘာ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

အနောက်နိုင်ငံ အရာရှိတစ်ဦး၏ ရှားရှားပါးပါး ခရီးစဉ်အဖြစ် ဗြိတိသျှ ဘဏ္ဍာရေးဝန်ကြီး ဂျော့အော့စဘွန်း ယခုရက်သတ္တပတ်တွင် သွားရောက်လည်ပတ်ခဲ့ရာ စွမ်းအင်ကြွယ်ဝသည့် ရှင်ကျန်းမှာ ဗဟိုအာရှ နယ်နိမိတ်မျဉ်းပေါ်တွင် မဟာဗျူဟာကျစွာ တည်ရှိနေသည်။ တရုတ်နိုင်ငံ၏ ပိုလမ်းမသစ် မဟာဗျူဟာအတွက် မဟာစီမံကိန်းကြီးများ တည်ရှိရာဒေသလည်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းက လူရာပေါင်းများစွာ သေဆုံးခဲ့ရသော အစ္စလာမ်ခွဲထွက်ရေးသမားများကြောင့်ဟု ဆိုသည့် အကြမ်းဖမ်မှုများ ဖြစ်ပွားခဲ့ရာ မွတ်စလင်လူဦးရေ ထူထပ်သည့် ဧရိယာတွင် ဘာသာရေးဝတ်စားဆင်ယင်မှုကို တရုတ်အစိုးရက အရှိန်အဟုန်မြင့် ထိန်းချုပ်ကန့်သတ်လာနေခဲ့သည်။  

ရှင်ကျန်းအရေးကျွမ်းကျင်သူများကမူ မျက်နှာဖုံးဝတ်ဆင်မှုကို တရားမဝင်လုပ်ပစ်ခြင်းနှင့် အခြားစည်းမျဉ်းများက တာကစ်ဘာသာစကားပြောပြီး ဒေသကို ဌနေဟုခေါ်နေကြသည့် ဝီဂါများကို နောက်ထပ် အရှက်ရသွားစေနိုင်သည်ဟု ပြောကြားကြသည်။

ယမန်နှစ်က ရှင်ကျန်း အနောက်မြောက်ပိုင်းမြို့တစ်မြို့ဖြစ်သည့် ကာရာမေတွင် ခေါင်းမြီးခြုံများ၊ မျက်နှာဖုံးများနှင့် မုတ်ဆိတ်မွေးဖားဖား ထားသူများကို ဘတ်စ်ကားစီးခြင်းမှ ပိတ်ပင်ထားခဲ့သည်။ ရှင်ကျန်းမြို့တော် အူရမ်ကီမှ အာဏာပိုင်များကလည်း လူမြင်ကွင်းတွင် အစ္စလာမ်မျက်နှာဖုံးများ ဝတ်ဆင်ခြင်းကို ပိတ်ပင်တားမြစ်ခဲ့သည်။

ရှင်ကျန်း ကွန်မြူနစ်ပါတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကျူခတ် အီမင်က တစ်မူထူးခြားသည့် မှတ်ချက်စကားပြောကြားရာတွင်လည်း အမျိုးသမီးများ မျက်နှာဖုံးနှင့် အခြားအဖုံးအကာများ ဝတ်ဆင်ခြင်းမှာ အစွန်းရောက်သည့် ဝတ်စားဆင်ယင်မှုပင်ဖြစ်ပြီး ရှင်ကျန်းနှင့်လည်းကောင်း၊ အခြား အာရပ်နှင့် မွတ်စလင်နိုင်ငံများနှင့်လည်းကောင်း သက်ဆိုင်မှုမရှိဟု ပြောကြားခဲ့သည်။

''သူတို့ရဲ့မျက်လုံးတွေကို လုံးဝဖုံးထားတဲ့လူတွေဟာ ခေတ်နောက်ကျတဲ့ လူတွေပဲ။ ကျနော်တို့ ဝီဂါတွေက ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် အမျိုးသမီးတွေကို ဒီလိုပုံစံဝတ်စားဆင်ယင်တာ မမြင်ချင်ပါဘူး''ဟု ၎င်းက ပေကျင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

''အမျိုးသမီးအတော်များများက အလုပ်လုပ်ချင်ကြတယ်။ လူ့အဖွဲ့အစည်းနဲ့ ဆက်သွယ်ချင်ကြတယ်။ ဒါ့ကြောင့် ဒီကိစ္စမှာတော့ လုံး၀ သဘောမတူနိုင်ပါဘူး''ဟုလည်း ၎င်းက ထပ်လောင်းပြောကြား သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly