ဆီးရီးယားဒုက္ခသည်များကို ထောက်ပံ့နေသည့် ယူအင်န်အေဂျင်စီများအား အီးယူက ပေါင် တစ်ဘီလီယံ ကူညီ

ဆီးရီးယားဒုက္ခသည်များကို ထောက်ပံ့နေသည့် ယူအင်န်အေဂျင်စီများအား အီးယူက ပေါင် တစ်ဘီလီယံ ကူညီ

ဥရောပနိုင်ငံများသို့ ရွှေ့ပြောင်းဝင်ရောက်လာနေကြသည့် အရှေ့အလယ်ပိုင်းမှ ဆီးရီးယားဒုက္ခသည်များအား ထောက်ပံ့ကူညီလျက်ရှိသည့် ကုလသမဂ္ဂအေဂျင်စီများကို အကူအညီပေးရန် ဥရောပသမဂ္ဂခေါင်းဆောင်များက နောက်ထပ် ပေါင် တစ်ဘီလီယံ(အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ထောက်ပံ့ကူညီသွားမည်ဟု ကတိကဝတ်ပြုသည်။

၂၀၁၁ ခုနှစ်မှစကာ ဆီရီးယားမှ ထွက်ပြေးလာကြသည့် လက်ဘနွန်၊ ဂျော်ဒန်နှင့် တူရကီနိုင်ငံများသို့ အကူအညီများ ပိုမိုပေးသွားမည်ဖြစ်သည်။

ထိုပြင် ဥရောပပြင်ပနယ်စပ်များ ပိုမိုခိုင်မာရေးအတွက်ကိုလည်း ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။

ယခု အီးယူခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသည် ရွှေ့ပြောင်းသူ ၁၂၀၀၀၀ ကို ပြန်လည်နေရာချထားရေး အငြင်းပွားမှုများ ရှိနေသည့်ကြား အကောင်းဆုံးသော အစည်းအဝေးတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းဝင်ရောက်ကြသူများအား ခွဲဝေတာဝန်ခံရေးတွင် အီးယူအဖွဲ့ဝင်နိုင်ငံတစ်ချို့ကြား အငြင်းပွားမှုများရှိနေရာ ဘရပ်ဆဲလ်တွင် ကျင်းပသည့် ယခုထိပ်သီးအစည်းအဝေးသည် လက်ညိုးထိုးဝေဖန်မှုများကို အဆုံးသတ်သွားစေရေးအတွက် ရည်ရွယ်လျက်ကျင်းပခြင်းဖြစ်ကြောင်း ဥရောပကောင်စီ ဥက္ကဌ ဒိုနယ်တက်စ်က ပြောခဲ့သည်။

  Ref ;  BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly