ထိုင်းနိုင်ငံတွင် တိုးရစ်ဗီဇာသစ် နိုဝင်ဘာ ၁၃ ရက် စတင်ထုတ်ပေးမည်

ထိုင်းနိုင်ငံတွင် တိုးရစ်ဗီဇာသစ် နိုဝင်ဘာ ၁၃ ရက် စတင်ထုတ်ပေးမည်

ထိုင်းနိုင်ငံသည် ခြောက်လဗီဇာသစ်အား နိုဝင်ဘာ ၁၃ ရက်တွင် စတင်ထုတ်ပေးမည်ဖြစ်ပြီး ယင်းတိုးရစ်ဗီဇာသစ်ဖြင့် နိုင်ငံတွင်း အကြိမ်ကြိမ် ဝင်ရောက်ခွင့်ရှိသော်လည်း တစ်ကြိမ်ကို ရက် ၆၀ သာ နေထိုင်ခွင့်ကန့်သတ်ထားသည်။

ကမ္ဘာတစ်ဝန်းရှိ သံရုံးများအားလုံး၊ ကောင်စစ်ဝန်ရုံးများတွင် ယင်းဗီဇာသစ်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်လျက်ရှိပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ အသေးစိတ်အချက်အလက် အား နိုင်ငံခြားရေးဝန်ကြီးဌာန ဖေ့ဘုတ်စာမျက်နှာတွင် စက်တင်ဘာ ၂၂ ရက်က စတင်ဖော်ပြထားသည်။

တစ်ကြိမ်မှ သုံးကြိမ်သာဝင်ထွက်ခွင့်ပြုထားသည့် လက်ရှိဗီဇာကဲ့သို့ မဟုတ်ဘဲ ဗီဇာသစ်သည် နယ်စပ်ဖြတ်သန်းခွင့်ကို ဗီဇာသက်တမ်းကာလအတွင်း အကြိမ်ကြိမ်ဖြတ်သန်းခွင့် ရရှိမည်ဖြစ်သည်။ သို့သော် ယင်းတိုးရစ်ဗီဇာဖြင့် တစ်ကြိမ်ဝင်ရောက်လျှင် နေထိုင်ခွင့်ကို ရက် ၆၀ ကန့်သတ်ထားသည်။

ဗီဇာသစ်အတွက် ထိုင်းဘတ်ငွေ ၅၀၀၀ ကုန်ကျမည်ဖြစ်ပြီး ရက် ၆၀ ဗီဇာ တစ်ကြိမ်ဝင်ရောက်မှုအတွက် ဘတ် ၁၀၀၀ ကျသင့်မည်ဖြစ်ကာ ထပ်တိုးဝင်ကြေးအတွက် နိုင်ငံတွင်း ရက် ၃၀ ထပ်တိုးမြင့်နိုင်မည်ဖြစ်သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly