လမ်းခွဲလိုက်ပြီဆိုတဲ့ ကောလာဟလ သတင်းကို ငြင်းဆိုလိုက်တဲ့ လီမင်ဟို နှင့် ဆူဇီ

လမ်းခွဲလိုက်ပြီဆိုတဲ့ ကောလာဟလ သတင်းကို ငြင်းဆိုလိုက်တဲ့ လီမင်ဟို နှင့် ဆူဇီ

တောင်ကိုရီးယား သရုပ်ဆောင် မင်းသားချော လီမင်ဟိုနှင့် Miss A အဖွဲ့ဝင် ဆူဇီတို့သည် ၎င်းတို့နှစ်ဦး လမ်းခွဲလိုက်ပြီဟူသော သတင်းမှာ ကောလာဟလ သတင်းသာ ဖြစ်ကြောင်း စက်တင် ဘာ ၂၂ ရက်က ငြင်းဆိုလိုက်သည်။

“ကျွန်တော်တို့ဟာ လီမင်ဟိုနဲ့ ဆူဇီတို့ နှစ်ဦးစလုံးကို မေးမြန်းခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံး တွဲနေဆဲပါပဲလို့ ပြောပါတယ်” ဟု  ကောလဟာလ သတင်းများ ထွက်ပေါ်ပြီးနောက် ချက်ချင်းဆိုသလို ၎င်းတို့၏ အေဂျင်စီများက ပြောကြားခဲ့သည်။

လီမင်ဟို နှင့်ဆူဇီတို့ နှစ်ဦးသည် အနုပညာလုပ်ငန်းများနှင့် မအားလပ်ခြင်းကြောင့် ၎င်းတို့၏ ခြောက်လကြာ ချစ်သူသက်တမ်းကို အဆုံးသတ်ကာ မကြာသေးမီက လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာများက စက်တင်ဘာ ၂၂ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ လီနှင့် အသက် ၂၀ နှစ်အရွယ်ရှိ ဆူဇီတို့ကို လန်ဒန်တွင် အတူ တွေ့ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး တွဲနေကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

၎င်းတို့နှစ်ဦးသည် လက်ရှိအချိန်တွင် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးများနှင့် အလုပ်ရှုပ်နေပြီး လီသည် Bounty Hunters ဇာတ်ကားကို တရုတ်မင်းသမီး ယောင်မီနှင့်အတူ ရိုက်ကူးနေကာ ဆူဇီသည် Dorihwaga ဇာတ်ကားကို ရိုက်ကူးနေသည်။ Dorihwaga ဇာတ်ကားကို ယခုနှစ်ကုန်တွင် ပွဲဦးထွက် ပြသရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly