မမှန်တာ မပြောဘူးလို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လူမှုကွန်ရက်ကနေပြော

မမှန်တာ မပြောဘူးလို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လူမှုကွန်ရက်ကနေပြော

ရန်ကုန်၊ စက်တင်ဘာ ၂၃ ။ ။ မမှန်တာ မပြောဘူးဟုဆိုကာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၎င်း အသုံးပြုသည်ဟု ယူဆရသည့် လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၂၃ ရက် ညနေ ၄ နာရီခန့်က ရေးသားသည်။

"ကျွန်တော့်မူကတော့ မဟုတ်တာ မလုပ်ဘူး၊ မဟုတ်ရင် မခံတတ်ဘူး။ ငယ်ငယ်ကတည်းက မခံတာ၊ ကြောက်လည်း မကြောက်တတ်ဘူး။ မမှန်တာလည်း ကျွန်တော် မပြောဘူး။ မှန်တဲ့သူဘက်က ကျွန်တော် ရပ်တည်မယ် ဒါ ကျွန်တော့်မူပဲ" ဟု ၎င်းက ရေးသားထားခြင်းဖြစ်သည်။

၎င်းက လူမှုကွန်ရက်စာမျက်နှာကို စက်တင်ဘာ ၉ ရက်တွင် စတင်အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ဒုတိယမြောက် လူမှုကွန်ရက် အသုံးပြုသည့် လွှတ်တော်ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကမူ လူမှုကွန်ရက်ကို ၂၀၁၅ခုနှစ် နှစ်စပိုင်းကပင် စတင် အသုံးပြုကာ ၎င်း၏ မဲဆွယ်စည်းရုံးလှုပ်ရှားမှု၊ လွှတ်တော်တွင်းလှုပ်ရှားမှုများကို ယင်းလူမှုကွန်ရက်မှတစ်ဆင့် ပြောဆို ရေးသားလျက်ရှိသည်။

"ကျွန်တော်တို့လည်း သတင်းတွေမှာ တွေ့နေတယ်။ သူ ဖေ့ဘွတ်က သိရတယ်တို့ ဘာတို့ တွေ့နေရတယ်။ ကျွန်တော်တို့ အခုမတွေ့ရတော့ အသေအချာတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ သုံးတာ ဖြစ်နိုင်ပါတယ်" ဟု ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင် ဦးတင်ဇော်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly