ညနက်နက် လမ်းပြင်တွင်းပေါက်ထဲ ပြုတ်ကျသည့် အိန္ဒိယ ယမကာလုလင် အရှင်လတ်လတ် မြေဖို့ခံရ၍ သေဆုံး

ညနက်နက် လမ်းပြင်တွင်းပေါက်ထဲ ပြုတ်ကျသည့် အိန္ဒိယ ယမကာလုလင် အရှင်လတ်လတ် မြေဖို့ခံရ၍ သေဆုံး

နယူးဒေလီ၊ စက်တင်ဘာ-၂၃ ။            ။ အိန္ဒိယကျေးလတ်မှ ဒေသခံများမှာ တနင်္ဂနွေနေ့က ထိတ်လန့်တုန်လှုပ်ဖွယ်ရာတစ်ခုကို တွေ့ရှိခဲ့ကြသဝည်။ ယင်းမှ  မက်ဒယာပရာဒက်ရှ်ပြည်နယ်မှ ခင်းပြီစ မျက်နှာပြင်ပေါ်သို့ ထိုးထွက်နေသည့် လက်မောင်းတစ်ဖက်ပင်ဖြစ်သည်။

ခန္ဓာကိုယ်တစ်ခုလုံးကို မြေကြီးပေါ်သို့ တူးဖော်ဆွဲထုတ်ပြီးချိန်တွင်မူ ထိုအမျိုးသားမှာ ဒေသခံခြံအလုပ်သမား လာတိုရီ ဘားမန်းဖြစ်ကြောင်း အာဏာပိုင်များက မှတ်မိသွားခဲ့သည်။

ဘားမန်းမှာ သောကြာနေ့ညက မူးယစ်ရီဝေလျှက် ဒယိမ်းဒယိုင်ဖြင့် လမ်းလုံးပြည့်လျှောက်လာစဉ် ကတ်နီရပ်ရှိ ပြင်ဆင်ရန် အစပျိုးထားသော လမ်းပေါက်ထဲသို့ ပြုတ်ကျသွားခြင်းဖြစ်ဖွယ်ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ''ပိန်းပိတ်အောင်မှောင်နေတော့ အပေါက်ကို မမြင်ရဘူးပေါ့''ဟု ကတ်တနီရဲချုပ် ဂူရပ် ရာ့ပွတ်က ပြောကြားခဲ့သည်။

ဖြစ်ပုံမှာ လမ်းကို ညတွင်းချင်း ပြင်ဆင်နေသည့် ဆောက်လုပ်ရေးလုပ်သားများက တွင်းပေါက်ထဲတွင် ယမကာလုလင် ဘားမန်း လဲလျောင်းနေသည်ကို မမြင်မိကြဘဲ အပေါက်ကို ဖို့ပစ်လိုက်ကြသောကြောင့် ဘားမန်းခမျာ အရှင်လတ်လတ် မြေမြှုပ်ခံရ၍ ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့ခြင်းပင် ဖြစ်သည်။

နောက်ရက် နံနက်တွင်မှ ဒေသခံများက ဘားမန်းကို အသက်ရှူကျပ်လျှက် သေဆုံးနေသည်ကို တွေ့ကြရခြင်းပင်ဖြစ်သည်။

ရဲတပ်ဖွဲ့ကမူ လမ်းပြင်အလုပ်သမားတစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးကို အပြစ်ရှိသော လူသေစေမှုဖြင့် ဖမ်းဆီးတရားစွဲထားသည်။ ပြည်နယ်အာဏာပိုင်များက ဘားမန်း၏ မိသားစုကို လျော်ကြေး ရူပီး၅၀၀၀၀ (ဒေါ်လာ ၇၆၀)ပေးလိုက်သည်။

နယူးဒေလီနှင့် မွန်ဘိုင်းအပါအဝင် အိန္ဒိယမြို့ကြီးများတွင် မြေအောက်တွင်းပေါက်များနှင့် ပွင့်နေသော ရေဆိုးမြောင်းပေါက်များမှာ ကြုံနေကျ ပြဿနာတစ်ရပ်ပင်ဖြစ်သည်။ အရည်အသွေးနိမ့်ပစ္စည်းများဖြင့် ဖြစ်ကတတ်ဆန်းလုပ်ထားသည့် လမ်းများမှာ နှစ်စဉ် မိုးရာသီရောက်တိုင်း ကွဲအက်ကုန်ကြသည်။

လမ်းမတော်တဆမှုဆိုင်ရာ တရားဝင်အချက်အလက်များအရ ယမန်နှစ်က အိန္ဒိယတစ်လွှားတွင် လမ်းချွတ်ယွင်းမှု၊ လမ်းမီးချို့တဲ့မှု၊ အစိုးရ၏ လျစ်လျူရှုမှုနှင့် လေလွင့်တိရစ္ဆာန်များကြောင့် ဖြစ်ပွားရသည့် လမ်းမတော်တဆမှုများကြောင့် လူပေါင်း ၇၇၀၀ခန့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly