အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ယာရီမီနာ၊ အန်ဒရေဂိုးမက်စ်နဲ့ ဘားနက်တို့ကို ခေါ်ယူနိုင်ခဲ့တဲ့ အဲဗာတန်အသင်း

အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ယာရီမီနာ၊ အန်ဒရေဂိုးမက်စ်နဲ့ ဘားနက်တို့ကို ခေါ်ယူနိုင်ခဲ့တဲ့ အဲဗာတန်အသင်း
(ဓာတ်ပုံ - Everton)

အဲဗာတန်အသင်းဟာ ဘာစီလိုနာအသင်းမှ အသက် ၂၃ နှစ်အရွယ် ကိုလံဘီယာနောက်ခံလူ ယာရီမီနာကို ပေါင် ၂၇.၁၉ သန်းဖြင့် ခေါ်ယူခဲ့သလို ၎င်း၏ အသင်းဖော် အန်ဒရေဂိုးမက်စ်ကိုလည်း တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့ပါတယ်။

ဒါ့အပြင် အဲဗာတန်အသင်းဟာ ရှက်တာဒိုးနက်အသင်းမှ ဘရာဇီးတောင်ပံကစားသမား ဘားနက်ကို ခေါ်ယူခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အကောင်းဆုံးလှုပ်ရှားမှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရှက်တာဒိုးနက်အသင်းမှ ဘားနက်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့အတွက် ပြောင်းရွှေ့ကြေး အလွတ်ဖြင့် အဲဗာတန်က ရရှိခဲ့တာပါ။

ဘာစီလိုနာအသင်းက မီနာကို ပြန်လည်ခေါ်ယူနိုင်တဲ့ အချက်အလက်ဖြင့် ရောင်းချခဲ့ပြီး အသက် ၂၅ နှစ် ဂိုးမက်စ်ကို ပေါင် ၂ သန်းဖြင့် အငှားချခဲ့တာဖြစ်ပါတယ်။

“အဲဗာတန်အသင်းက တစ်ခုခုအတွက် တိုက်ပွဲဝင်လိုတာက အရေးကြီးပါတယ်။ ဒါက ကျနော့်အတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ရပ်ဖြစ်ပါတယ်။”လို့ မီနာက ဆိုပါတယ်။

အဲဗာတန်အသင်းဟာ ယခုအပြောင်းအရွှေ့ကာလမှာ စုစုပေါင်း ကစားသမား ၆ ဦးထိ ခေါ်ယူခဲ့ပြီး ဘာစီလိုနာ ကစားသမား ၃ ဦးပါဝင်ခဲ့ပါတယ်။

Ref; BBC

       

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly