Miss Internet Tourism Universe ရရှိခဲ့သည့် အလှမယ် နန်ဆိုင်းအိမ် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၂၄ရက် ပြန်ရောက်မည်

Miss Internet Tourism Universe ရရှိခဲ့သည့် အလှမယ် နန်ဆိုင်းအိမ် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၂၄ရက် ပြန်ရောက်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၃။ ။ Lebanon နိုင်ငံတွင် ကျင်းပခဲ့သည့် Miss Tourism Universe 2015 ပြိုင်ပွဲတွင် Miss Internet Tourism Universe(people choice award) ဆု ရရှိခဲ့သည့် အလှမယ် နန်ဆိုင်းအိမ်သည် စက်တင်ဘာ ၂၄ရက်တွက် နံနက် ၆နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

Miss Tourism Universe 2015 ပြိုင်ပွဲ ကို စက်တင်ဘာလ (၄)ရက် မှ (၂၀)ရက် အထိ ပြုလုပ်ခဲ့ပြီး နောက်ဆုံး ပြိုင်ပွဲ ကို စက်တင်ဘာလ(၂၀)ရက်တွင် ပြုလုပ်ခဲ့ကာ အလှမယ် နန်ဆိုင်းအိမ်မှ People's Choice ဆုကို ရရှိ ခဲ့ခြင်း ဖြစ်သည်။

ထိုပြိုင်ပွဲသည် Lebanon နိုင်ငံတွင် ဒုတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ အလှမယ် နန်ဆိုင်းအိမ်မှ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ကိုယ်စားပြုကာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

Miss Tourism Universe 2015 Winner အဖြစ် Romania နိုင်ငံမှ အလှမယ်က ရရှိခဲ့ပြီး 1st runner up ကို Sweden၊ 2nd runner up ကို Sri Linka ၊ 3rd runner up ကို Switzerland ၊ 4th runner up ကို Russia ၊ 5th runner up ကို Thailand တို့မှ အသီးသီး ရရှိခဲ့ကြသည်။

"နန်ဆိုင်းကို ချစ်ခင်ပြီး နန်ဆိုင်းကို နေ့ရက်တိုင်း ခွန်အားတွေ ဖြစ်စေတဲ့ နန်ဆိုင်းကို ချစ်ခင်ပြီး voteပေးတဲ့ နန်ဆိုင်း ကလည်းပဲ အရမ်းချစ်ရတဲ့သူငယ်ချင်း ပရိသတ်တွေက ပေးတဲ့ Miss Internet tourism universe (people choice award)ကို ရရှိ ခဲ့ပါတယ်" ဟု အလှမယ် နန်ဆိုင်းအင်က ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

ပြိုင်ပွဲ အတွက် နိုင်ငံကိုယ်စားပြု ဝတ်စုံ အတွက် ဒီဇိုင်နာ မပုံ့ (My Favourite Collection)၊ ညနေခင်း ဝတ်စုံ အတွက် ဒီဇိုင်နာ ကိုသျှီလာတို့က ပံ့ပိုးပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly