အာဆီယံရှီယွမ်း ချန်ပီယံရှစ် ပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်း ရွှေ ၁၊ ငွေ ၂၊ ကြေး ၂ ရရှိ

အာဆီယံရှီယွမ်း ချန်ပီယံရှစ် ပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်း ရွှေ ၁၊ ငွေ ၂၊ ကြေး ၂ ရရှိ

ကမ္ဘာ့ရှီယွမ်း အဖွဲ့ချုပ်၊ အာရှရှီယွမ်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ရှီယွမ်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် အာရှရှီယွမ် ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ကမ္ဘာ့ရှီယွမ်း ချန်ပီယံရှစ် ပြိုင်ပွဲတို့အား ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသား အားကစားရုံ ၁ တွင် ကျင်းပလျက်ရှိရာ အာရှရှီယွမ်းပြိုင်ပွဲ၌ မြန်မာအမျိုးသမီး အသင်း က  ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၂ ခု တို့ အသီးသီး ရရှိခဲ့သည်။

အဆိုပါ ဆုတံဆိပ်များကို အမျိုးသမီး ၅၀ ကီလို ပွဲစဉ်တွင် မတင်တင်ဝင်းက ရွှေတံဆိပ်ဆု၊ အမျိုးသမီး ၆၀ ကီလိုနှင့် ၇၀ ကီလိုတွင် မအိဖြူအောင်နှင့် မသင်းမြတ်အေးက ငွေတံဆိပ် ၂ ဆုနှင့် အမျိုးသမီး ၅၀ ကီလိုနှင့် ၆၀ ကီလိုတွင် မနော်ပေါလာအဲနှင့် မနန်းချယ်ရီခမ်းတို့က ကြေးတံဆိပ် ၂ ဆု တို့ ဆွတ်ခူး ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါရှီ ယွမ်းပြိုင်ပွဲများကို စက်တင်ဘာ ၁၉ ရက်မှ စတင်ကာ စက်တင်ဘာ ၂၃ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားရုံ ၁ တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၃၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသည်။

ကမ္ဘာ့ရှီယွမ်း ဖိတ်ခေါ်ပြိုင်ပွဲကို ယခုနှစ်တွင် ပဉ္စမအကြိမ် မြောက် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး အာရှရှီယွမ်း ဖိတ်ခေါ်ပြိုင်ပွဲကိုမူ ပထမဦးဆုံးအကြိမ် စတင်ကျင်းပ ခြင်းအဖြစ် မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကာ မြန်မာရှီယွမ်း အဖွဲ့ချုပ်မှ ကျား ခုနစ်ဦး၊ မ ခုနစ်ဦး စုစုပေါင်း ကစားသမား ၁၄ ဦးထိ ပါဝင် ယှဉ်ပြိုင်လျက် ရှိသည်။

မြန်မာနိုင်ငံ ရှီယွမ်းအားကစားနည်း အဖွဲ့ချုပ်ကို ၂၀၁၅ ဧပြီလမှ စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ကိုရီးယားလူမျိုး နည်းပြသုံးဦးဖြင့် ကစားသမား ၃၀ ကျော်ကို လေ့ကျင့်ပေးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly