အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် အဆင်သင့် ဖြစ်နေစေရမည်ဟု ဖရိုင်းဒရစ် ဆို

အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် အဆင်သင့် ဖြစ်နေစေရမည်ဟု ဖရိုင်းဒရစ် ဆို
မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဖရို်င်းဒရစ်အား လေ့ကျင့်ရေးကွင်း၌ တွေ့ရစဉ်။ ဓာတ်ပုံ- ရွှေဘုတ်

စက်တင်ဘာ ၃၀ ရက်တွင် အာရှ ယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ-၁၉ အသင်း အနေဖြင့် ပြိုင်ပွဲမတိုင်မီ တစ်ပတ်အတွင်း အဆင်သင့် ဖြစ်နေစေရမည်ဟု မြန်မာ ယူ-၁၉ အသင်းနည်း ပြချုပ် ဂတ်ဆီဇီဖရိုင်းဒရစ်က ဆိုသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် လက်ရှိတွင် နည်းပြချုပ်အဖြစ် ဖရိုင်းဒရစ်က တာဝန် ယူ ဆောင်ရွက်ကာ ပဏာမကစားသမား ၂၃ ဦးဖြင့် လေ့ကျင့် ပြင်ဆင်လျက်ရှိကာ ပြီးခဲ့သည့် ထိုင်း ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲ၌ ဂိုးမရှိ သရေကျအောင် ယှဉ်ပြိုင် ကစားနိုင်ခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းနှင့် ပတ်သက်၍ ‘‘ ပြိုင်ပွဲကျင်းပဖို့ တစ်ပတ်လို ပါသေးတယ်။ ကြားရက်မှာ အားနည်းချက်တွေ ကို ပြင်ဆင်ပြီး ပြိုင်ပွဲ ဝင်သွားမှာပါ။ ပြိုင်ပွဲမတိုင်မီတော့ ကျွန်တော်တို့အသင်းက အသင့် ဖြစ်နေမှာပါ။ ထိုင်းအသင်းကို အသာ မရခဲ့တာကလည်း သူတို့က ထိုင်းပရီးမီးယားလိဂ်မှာ ဝင်ကစားနေတဲ့ သူတွေ ပါ။ ကျွန်တော်တို့ ကစားသမားတွေမှာတော့ မြန်မာလိဂ် အတွေ့အကြုံရှိ ကစားသမား တစ်ဦးပဲ ရှိပါ တယ်။ ဒါပေမယ့် အသင်းက ကစားပုံ တိုးတက်လာပါတယ် ’’ ဟု ဂတ်ဖရိုင်းဒရစ် က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဆ) အဖွင့်ပွဲစဉ်အ ဖြစ် လာမည့် စက်တင်ဘာ ၃၀ ရက်တွင် သုဝဏ္ဏကွင်း၌ ဘရူနိုင်း ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည် ဖြစ်သည်။

သို့သော် မြန်မာ ယူ-၁၉ အသင်းသည် ၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက် အောင်ပွဲခံခဲ့သည့်အတွက် အာရှဘောလုံးအဖွဲ့ချုပ်မှ ဒဏ်ငွေနှင့် အိမ်ကွင်း တစ်ပွဲ ကွင်းပိတ်ပြစ်ဒဏ် ခံထားရသဖြင့် ဘရူနိုင်း ယူ-၁၉ အသင်းနှင့် ပွဲကို ပရိသတ်မပါဘဲ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly