ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ လက်ရှိချန်ပီယံ ရီးယဲလ် vs ရိုးမား၊ လီဗာပူးလ် vs ပီအက်စ်ဂျီတို့ အသီးသီး တွေ့ဆုံ

ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ လက်ရှိချန်ပီယံ ရီးယဲလ် vs ရိုးမား၊ လီဗာပူးလ် vs ပီအက်စ်ဂျီတို့ အသီးသီး တွေ့ဆုံ

၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ပြိုင် အုပ်စုအဆင့်မဲခွဲပွဲကို မိုနာကိုမှာ ကြာသပတေးနေ့ ညပိုင်းက ပြုလုပ်ခဲ့ရာ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်က ရိုးမား၊ CSKA မော်စကို၊ ဗစ်တိုးရီးယား ပလာဇန်တို့ပါဝင်တဲ့ အုပ်စု (G)ထဲ ကျရောက်ခဲ့ပေမယ့် ပရီးမီးယားလိဂ်အသင်းများထဲမှာတော့ မန်စီးတီးအသင်းကလွှဲပြီး ကျန်အသင်းများ အုပ်စုကျပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ လီဗာပူးလ်က အုပ်စု (C)အတွင်းမှာ ပီအက်စ်ဂျီ၊ နာပိုလီနဲ့ Red Star ဘဲဂရတ်သင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးဟာ ထိပ်သီးအသင်းများကို ရှောင်လွှဲနိုင်ခဲ့ပြီး ရှက်တာဒိုးနက်၊ လိုင်ယွန်၊ ဟော်ဖန်ဟင်မ်အသင်းတို့နဲ့သာ အုပ်စု (F)မှာ တွေ့ဆုံခဲ့ပါတယ်။

အုပ်စု (A) မှာ အက်သလက်တီကို၊ ဒေါ့မွန်၊ မိုနာကိုနဲ့ ကလပ်ဘရုတို့ ပါဝင်ပြီး တခြားအုပ်စုများမှာလည်း စိတ်ဝင်စားစရာ ပွဲစဉ်များကို တွေ့မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်အုပ်စုအသင့်ကို ပြည်တွင်းလိဂ်ပြိုင်ပွဲအသီးသီးကနေ တိုက်ရိုက်တက်ရောက်လာခဲ့တဲ့ အသင်း ၂၆ သင်းအထိ ရှိခဲ့ပြီး Play-off အဆင့်ကနေ ၆ သင်း ထပ်မံ တက်ရောက်လာခဲ့ပြီး အုပ်စုအဆင့်မှာ စုစုပေါင်း အသင်း ၃၂ ပါဝင်ကစားကြမှာဖြစ်ပါတယ်။

အဆိုပါအုပ်စုမဲခွဲမှုကိုတော့ ဘရာဇီးကွင်းလယ်လူဟောင်း ကာကာနဲ့ ဥရုဂွေးတိုက်စစ်မှူးဟောင်း ဖော်လန်တို့က ဦးစီးကျင်းပဆောင်ရွက်ခဲ့ပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များကို စက်တင်ဘာ ၁၈ ရက်နေ့မှာ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ် အုပ်စုမဲခွဲမှုရလဒ် အပြည့်အစုံ -

အုပ်စု (A)
အက်သလက်တီကို (စပိန်)၊ ဒေါ့မွန် (ဂျာမနီ)၊ မိုနာကို (ပြင်သစ်)၊ ကလပ်ဘရု (ဘယ်လ်ဂျီယံ)

အုပ်စု (B)
ဘာစီလိုနာ (စပိန်)၊ စပါး (အင်္ဂလန်)၊ PSV (နယ်သာလန်)၊ အင်တာမီလန် (အီတလီ)

အုပ်စု (C)
ပီအက်စ်ဂျီ (ပြင်သစ်)၊ နာပိုလီ (အီတလီ)၊ လီဗာပူးလ် (အင်္ဂလန်)၊ Red Star ဘဲဂရိတ် (ဆာဘီးယား)

အုပ်စု (D)
လိုကိုမိုးတစ် မော်စကို (ရုရှား)၊ ပေါ်တို (ပေါ်တူဂီ)၊ ရှော်ကေး (ဂျာမနီ)၊ ဂါလာတာစရေး (တူရကီ)

အုပ်စု (E)
ဘိုင်ယန်မြူးနစ် (ဂျာမနီ)၊ ဘင်ဖီကာ (ပေါ်တူဂီ)၊ အေဂျက် (နယ်သာလန်)၊ AEK အေသင် (ဂရိ)

အုပ်စု (F)
မန်စီးတီး (အင်္ဂလန်)၊ ရှက်တာဒိုးနက် (ယူကရိန်း)၊ လိုင်ယွန် (ပြင်သစ်)၊ ဟော်ဖန်ဟင်မ် (ဂျာမနီ)

အုပ်စု (G)
ရီးယဲလ် (စပိန်)၊ ရိုးမား (အီတလီ)၊ CSKA မော်စကို (ရုရှား)၊ ဗစ်တိုးရီးယား ပလာဇန် (ချက်)

အုပ်စု (H)
ဂျူဗင်တပ်စ် (အီတလီ)၊ မန်ယူ (အင်္ဂလန်)၊ ဗလင်စီယာ (စပိန်)၊ BSC ယမ်းဘွိုင်း (ဆွစ်ဇလန်)

Ref; EFE-EPA

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly