ကမ္ဘောဒီးယားအသင်း လေ့ကျင့်ခန်းအစီအစဉ်ကို စတင်ဦးဆောင်လိုက်တဲ့ ဟွန်ဒါ

ကမ္ဘောဒီးယားအသင်း လေ့ကျင့်ခန်းအစီအစဉ်ကို စတင်ဦးဆောင်လိုက်တဲ့ ဟွန်ဒါ
(ဓာတ်ပုံ - အီးပီအေ)

မကြာသေးခင်က ကမ္ဘောဒီးယားအမျိုးသားလက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဂျပန်တိုက်စစ်မှူး ကိုင်စူးကီး ဟွန်ဒါဟာ အိုလံပစ်အမျိုးသားအားကစားကွင်းမှာ အင်္ဂါနေ့က လေ့ကျင့်ရေးအစီအစဉ်အတွက် အသင်းကို ဦးဆောင်ကြီးကြပ်ခဲ့တယ်လို့ သိရပါတယ်။

မဲလ်ဘုန်းဗစ်တိုးရီးယားကစားသမား ဟွန်ဒါဟာ မကြာသေးခင်က နိုင်ငံလက်ရွေးစင်ကစားသမားမှ အနားယူကြောင်း ကြေညာခဲ့သူပါ။

ကမ္ဘောဒီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ စဝ်ဆိုခါက ဟွန်ဒါကို နည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်က ကြေညာခဲ့ပြီး သူဟာ ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် AFF ချန်ပီယံရှစ်ပြိုင်ပွဲအတွက် နိုင်ငံလက်ရွေးစင်အသင်းကို တည်ဆောက်ယူပေးဖို့ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်အသင်းကို သွင်းဂိုးတွေနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ထိ ပို့ဆောင်ခဲ့တဲ့ ဟွန်ဒါဟာ အေ-လိဂ်ချန်ပီယံ မဲလ်ဘုန်းဗစ်တိုးရီးယားအသင်းနဲ့ ၂၀၁၈-၁၉ ရာသီအတွက် မကြာသေးခင်က စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

သူဟာ ကလပ်အသင်း ကစားသမားတစ်ဦးအနေနဲ့လည်း ဆက်လက်ရှိနေမှာဖြစ်ပေမယ့် ကမ္ဘော့ဒီးယားနည်းပြတွေကို အပတ်တိုင်း ဗွီဒီယိုခေါ်ဆိုမှုမှတစ်ဆင့် လမ်းညွှန်ပြသသွားမှာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ၃ ကြိမ် (၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈)စလုံးမှာ ဂိုးသွင်းယူတဲ့ ပထမဆုံး ဂျပန်ကစားသမားအဖြစ် မှတ်တမ်းတင်ထားသူ ဟွန်ဒါဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

(EFE-EPA)

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly