ဆီရီးယား မိဘမဲ့ ကလေးကို မွေးစားရန် စဉ်းစားနေတယ်လို့ သတင်းထွက်နေတဲ့ ဂျိုလီ်တို့ ဇနီးမောင်နှံ

ဆီရီးယား မိဘမဲ့ ကလေးကို မွေးစားရန် စဉ်းစားနေတယ်လို့ သတင်းထွက်နေတဲ့ ဂျိုလီ်တို့ ဇနီးမောင်နှံ

ကမ္ဘာကျော်မင်းသမီး အိန်ဂျလီနာဂျိုလီနှင့် ဘရက်ဒ်ပစ်တို့သည် ဆီးရီယား မိဘမဲ့ ကလေးတစ်ဦးကို မွေးစားရန် စဉ်းစာလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပြီး လက်ရှိအချိန်တွင် ဂျိုလီနှင့် ဘရက်ပစ်ဒ်တို့တွင် သားသမီးခြောက်ဦး ရှိသည်။

ဂျိုလီသည် ကုလသမဂ္ဂ သံတမန်တစ်ဦးဖြစ်ပြီး မကြာသေးမီက ဆီးရီးယားညီအစ်ကို သုံးဦးနှင့် သွားရောက် တွေ့ဆုံကာ ၎င်းတို့ ညီအစ်ကိုသုံးဦးကို အကူအညီပေးရန် ဆန္ဒရှိနေသည်။

“ ဂျိုလီဟာ တစ်ယောက်တည်း သွားပြီး ဆီးရီးယား မိဘမဲ့ကလေး ညီအစ်ကို သုံးဦးကို သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက Radar အွန်လိုင်းကို ပြောကြားသည်။

ညီအစ်ကို သုံးဦးအနက် အလတ်ကောင်လေးသည် အင်္ဂလိပ်စကားကို အနည်းငယ် ပြောတတ် ကြောင်းနှင့် ၎င်းတို့၏ နေအိမ်သည် ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရပြီး ဖခင်ကို ဆီးရီယား စစ်သားများက ဖယ်ရှားသွား ကာမိခင်ဖြစ်သူသည် ဗုံးပေါက်ကွဲမှုတွင် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ဂျိုလီသည် ညီအစ်ကို သုံးယောက်စလုံးကို မွေးစားလိုသော်လည်း ၎င်း အမေရိကန် ပြည်ထောင်စုသို့ ပြန်ရောက်၍ ခင်ပွန်းဖြစ်သူ ဘရက်ဒ်ပစ်ကို ယင်းကိစ္စရပ် ပြောသည့်အခါ  ဘရက်ပစ်ဒ်က မဖြစ်နိုင်ကြောင်း ပြောသည်ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။

“ကလေး သုံးယောက်စလုံးကို ခေါ်ယူမွေးစားမယ်ဆိုရင် ကလေး ခြောက်ယောက်ကနေ ကိုးဦး ဖြစ်လာမှာ ဖြစ်တယ်။ ကလေးကိုးဦးကို ကြည့်ဖို့ဆိုတာ မလွယ်ကူဘူး။ သူတို့ရဲ့ ကလေးတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဘရက်ဒ်ပစ်က စဉ်းစားရမယ်လို့ ပြောခဲ့တယ်” ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။

ဂျိုလီတို့ ဇနီးမောင်နံှသည် ညီအစ်ကို သုံးယောက်အနက် ကလေးတစ်ဦးကိုသာ ခေါ်ယူမွေး စားရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ဆီးရီးယား မိဘမဲ့ ကလေးတစ်ဦးကို ခေါ်ယူမွေးစားရန်မှာ အချိန်အများကြီး ယူရကြောင်းနှင့် ကလေးကို အမေရိကန်ပြည်ထောင်စုသို့ မခေါ်မီ လေးလမှ ငါးလထက်မနည်း အချိန်ယူရကြောင်း သတင်းရင်းမြစ်က ပြောကြားသည်။

ယခုနှစ် နွေရာသီက ဂျိုလီသည် အသက် ကိုးနှစ်အရွယ် သမီးဖြစ်သူ ရှီလို့ရှ်ကို ခေါ်ဆောင်ကာ တူရကီနိုင်ငံအတွင်းရှိ ဆီးရီးယားနှင့် အီရတ်ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ပြီး ယင်းနောက် လက်ဘနွန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ဂျိုလီသည် အသက် ၁၄ နှစ်အရွယ် သားဖြစ်သူ မက်ဒ်ဒေါ့ဇ် နှင့် အတူ မြန်မာနိုင်ငံအတွင်းရှိ ဒုက္ခသည် စခန်းတစ်ခုသို့ သွားရောက်ခဲ့သည်။

ဂျိုလီသည် သားသမီးများကို အန္တရာယ်များသော နိုင်ငံများသို့ ခေါ်ဆောင်သွားသည်ကို ဘရက်ဒ်ပစ်က စိတ်ပူမိကြောင်း ပြောကြားသည်ဟု National Enquirer က သြဂုတ်လတွင် သတင်း ထုတ်ပြန်ခဲ့သည်။ ဘရက်ဒ်ပစ်တို့ ဇနီးမောင်နှံတွင် အသက် ၁၄ နှစ်အရွယ် မက်ဒ်ဒေါ့ဇ်၊ အသက် ၁၀ နှစ်အရွယ် ဇာဟာ ၊ အသက်ကိုးနှစ်အရွယ် ရှီလို့ရှ် ၊ အသက် ခြောက်နှစ်အရွယ် နော့စ်နှင့် ဗစ်ဗီယန် သားသမီး ခြောက်ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly