မက္ကစီကိုတွင် အဓိကရုဏ်းနှိမ်နှင်းရေးရဲနှင့် ဆန္ဒပြကျောင်းသားများ ထိပ်တိုက်ပဋိပက္ခဖြစ်

မက္ကစီကိုတွင် အဓိကရုဏ်းနှိမ်နှင်းရေးရဲနှင့် ဆန္ဒပြကျောင်းသားများ ထိပ်တိုက်ပဋိပက္ခဖြစ်

မက္ကစီကိုနိုင်ငံ ဂူရီရိုပြည်နယ်တွင် ဆန္ဒပြပွဲပြုလုပ်ရန် ဘတ်စ်ကား ၁၂ စီးဖြင့် ချီတက်လာသည့် ကျောင်းသားများနှင့် အဓိကရုဏ်းနှိမ်နှင်းရေးရဲများကြား ထိပ်တိုက်ပဋိပက္ခဖြစ်ပွားသည်။

ချီပန်စန်ဂိုမြို့အနီးတွင် အရံအတားများဖြင့် ပိတ်ဆို့ကာ ရဲများက မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ကျောင်းသားများကို ဖြိုခွင်းသည်။

ယင်းထိပ်တိုက်တွေ့မှုအတွင်း တာဝန်ရှိသူများဖက်က ၁၁ ဦး ဒဏ်ရာရသည်။

ယခုကျောင်းသားများက ပြီးခဲ့သည့်နှစ်အတွင်းက ဆန္ဒပြကြသည့် ဆရာဖြစ်သင်ကောလိပ်မှ ကျောင်းသား ၄၃ ဦး ပျောက်ဆုံးလျက်ရှိနေမှုအား စုံစမ်းစစ်ဆေးနေမှုများ၏ ရလဒ်များကို မကျေနပ်သဖြင့် ဆန္ဒပြရန် စီစဉ်ကြခြင်းဖြစ်သည်။

ပျောက်ဆုံးကျောင်းသားများသည် သတ်ဖြတ်ခံရပြီး ယင်းသတ်ဖြတ်မှုအတွင်း မက္ကစီကိုနိုင်ငံရေးသမားလည်း ပါဝင်နေသည်ကို အာဏာပိုင်များက ဖုံးကွယ်ကာကွယ်ပေးထားသည်ဟု ကျောင်းသားများက စွပ်စွဲသည်။

ကျောင်သားများ ပျောက်ဆုံးမှုသည် စက်တင်ဘာ ၂၆ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းနှစ်ပတ်လည်အဖြစ် ယခုကျောင်းသားများက ဆန္ဒပြပွဲကို စီစဉ်ခြင်းဖြစ်သည်။

ယခုကျောင်းသားအုပ်အား ရဲအင်အား ၂၀၀ ကျော်အနည်းဆုံးဖြင့် ပိတ်ဆို့တားဆီးခဲ့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly