ဘင်လာဒင်ကိုယ်ရံတော်အား အမေရိကန် ပြန်လွှတ်ပေး

ဘင်လာဒင်ကိုယ်ရံတော်အား အမေရိကန် ပြန်လွှတ်ပေး

ဘင်လာဒင်၏ ကိုယ်ရံတော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဆော်ဒီနိုင်ငံသားတစ်ဦးအား ဂွါတာနာမိုအကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန် ပင်တဂွန်က ပြောသည်။

အဗ္ဗဒူရှာလာဘီဆိုသူ အသက် ၃၉ နှစ်ရှိသူကို ဆော်ဒီအာရေဗျသို့ ပြန်လည် လွှဲအပ်လိုက်ခြင်းဖြစ်သည်။

ရှာလာဘီကို ၂၀၀၁ ခုနှစ်အတွင်းက ပါကစ္စတန်တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ကျူဘားရှိ အမေရိကန်အခြေစိုက်အကျဉ်းစခန်းသို့ ပို့ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂွါတာနာမိုအကျဉ်းထောင်တွင် ဖမ်းဆီးခံရခြင်းကြောင့် ရှာလာဘီက ရေရှည်အစာငတ်ခံဆန္ဒပြခဲ့သည်။

၎င်းအား ပြန်လွှတ်ခြင်းဖြင့် အဆိုပါနာမည်ဆိုးဖြင့်ကျော်ကြားသည့် အကျဉ်းထောင်တွင် အကျဉ်းထောင်လွှဲပေးမည်ဟု အတည်ပြုပြီး အကျဉ်းသား ၅၂ ဦးအပါအဝင် ၁၁၄ ဦး အကျဉ်းထောင်တွင် ဆက်လက်ရှိနေမည်ဖြစ်သည်။

မည်သည့်ရာဇဝတ်မှုမျှ ကျုးလွန်စစ်ဆေးခံရခြင်းမရှိသည့် ရှာလာဘီကို ဆော်ဒီအာရေဗျရှိ စစ်သွေးကြွများအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်သို့ ပေးပို့မည်ဖြစ်သည်။

ဂွါတာနာမိုအကျဉ်းထောင်အား ၂၀၁၇ ခုနှစ် သက်တမ်းမကုန်မီ ပိတ်သိမ်းမည်ဟု သမ္မတအိုဘားမားက ဆုံးဖြတ်ချက်ချခဲ့သော်လည်း ကွန်ဂရက်လွှတ်တော်၏ ကန့်ကွက်ခြင်းများ ရှိနေသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly