မက္ကဆီကိုတွင် ဒေါသူပုန်ထနေသည့်လူအုပ်က အမျိုးသားနှစ်ဦးကို ကားခိုးရန်ကြိုးစားမှုဖြင့် မီးရှို့သတ်

မက္ကဆီကိုတွင် ဒေါသူပုန်ထနေသည့်လူအုပ်က အမျိုးသားနှစ်ဦးကို ကားခိုးရန်ကြိုးစားမှုဖြင့် မီးရှို့သတ်

တက်တလာ ဂူတီရာရက်ဇ်၊ စက်တင်ဘာ-၂၂ ။        ။ မက္ကဆီကိုတောင်ပိုင်း ချီအာပက်စ်ပြည်နယ်အတွင်းမှ ဒေါသူပုန်ထနေသည့် ရွာသားများက ကားတစ်စင်းကို ခိုးယူရန်ကြိုးစားခဲ့သည်ဟု ၎င်းတို့က စွပ်စွဲထားသူ အမျိုးသားနှစ်ဦးကို စိတ်ထင်တိုင်း ရိုက်နှက်ပြီးနောက် မီးရှို့သတ်ဖြတ်ပစ်ခဲ့ကြသည်ဟု ဆိုသည်။

နာမည်ကို ကိုးကားခွင့်မပေးသည့် အရပ်ဖက်ကာကွယ်ရေး အရာရှိတစ်ယောက်၏ ပြောကြားချက်အရ အမျိုးသားနှစ်ယောက်ကို ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် လူတစ်စုက စက်တင်ဘာ၂၁ရက်နေ့က ဆန်ဂျူအန် ချာမျူလာမြို့ကလေးတွင် ဖမ်းမိသွားခဲ့သည်ဟု ဆိုသည်။

ကနဦးတွင် လူအုပ်က အမျိုးသားနှစ်ဦးကို နယ်မြေရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် လူအုပ်က နယ်မြေအကျဉ်းထောင်ထဲမှ အမျိုးသားနှစ်ဦးကို ဆွဲထုတ်ကာ လမ်းတလျှောက် တွန်းထိုးခေါ်ဆောင်သွားပြီး သစ်သားကုလားထိုင်များပေါ်တွင် ထိုင်စေကာ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ လူအုပ်ခေါင်းဆောင်ကို ရဲက ဖမ်းဆီးခဲ့သည်။

၂၀၁၃ခုနှစ်ကလည်း ထိုနယ်မြေတွင်ပင် အမျိုးသားနှစ်ယောက်ကို အမျိုးသမီးတစ်ယောက်အား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် မီးရှို့သတ်ဖြတ်ခဲ့ဖူးသည်ဟု ဆိုသည်။ ဆန်ဂျူအန် ချာမျူလာမှာ ဒေသခံအင်ဒီးယန်းများ၏ တင်းကျပ်သော အုပ်ချုပ်ရေးစနစ်ကြောင့် လူသိများသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly