အမေရိကန်ကျောင်းသူ လေးယောက်တွင် တစ်ယောက်မှာ လိင်ပိုင်းအစော်ကားခံနေရဟု စစ်တမ်းတစ်ရပ်ကဆို

အမေရိကန်ကျောင်းသူ လေးယောက်တွင် တစ်ယောက်မှာ လိင်ပိုင်းအစော်ကားခံနေရဟု စစ်တမ်းတစ်ရပ်ကဆို

ဝါရှင်တန်၊ စက်တင်ဘာ-၂၂ ။        ။ စစ်တမ်းတစ်ခုအရ အမေရိကန်ကောလိပ်ကျောင်းသူ လေးယောက်တွင် တစ်ယောက်ကျော်မှာ တက္ကသိုလ်ဝင်းအတွင်းတွင်ပင် လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ဆိုသည်။

စက်တင်ဘာ၂၁ ရက်နေ့က ထုတ်ပြန်သည့် ဤစစ်တမ်းကို အမေရိကန်တက္ကသိုလ်များအသင်းက ကြီးမှူးပြီး ပြီးခဲ့သည့်နွေဦးရာသီက ထိပ်တန်းတက္ကသိုလ် ၂၇ခုမှ ကျောင်းသူပေါင်း ၁၅၀၀၀၀ကျော်ကို ကောက်ယူပြုစုခဲ့ခြင်းပင် ဖြစ်သည်။

''ဒီစစ်တမ်းရဲ့ အဓိကရည်ရွယ်ချက်က တက္ကသိုလ်တွေအနေနဲ့ သူတို့ရဲ့ ကျောင်းသူတွေရဲ့ အတွေ့အကြုံနဲ့ သဘောထားတွေကို ပိုပြီး နားလည်လာစေဖို့ပါ''ဟု အမေရိကန်တက္ကသိုလ်များအသင်း (AAU)၏ ဥက္ကဌ ဟန်းတား ရောလင်းက ပြောကြားခဲ့သည်။

အင်အားသုံးအကြမ်းဖက်မှု၏ အကျိုးဆက်အဖြစ် ဘွဲ့ပညာရေး၏ လိင်ပိုင်းဆိုင်ရာ ထိခတ်မှုကို ၂၆.၁ရာခိုင်နှုန်းသော အမျိုးသမီးများ တွေ့ကြုံခံစားနေရသည်ဟု စစ်တမ်းက ဖော်ပြထားသည်။

ကျောင်းသူမျက်နှာသစ် ၁၆.၉ရာခိုင်နှုန်းကလည်း အလားတူ လိင်ပိုင်းစော်ကားမှုဖြစ်ရပ်များကို သတင်းပို့လာကြပြီး ၎င်းတို့ကို အထိခိုက်အလွယ်ဆုံးများအဖြစ် သတ်မှတ်ထားကာ ကျောင်းသက်ရင့် လာသည်နှင့်အမျှ ရာခိုင်နှုန်းမှာ ၁၁.၁အထိ တစ်နှစ်ထက်တစ်နှစ် ကျဆင်းသွားသည်ဟု ဆိုသည်။

ဆက်သွယ်မေးမြန်းသည့် ကျောင်းသူ ၇၈၀၀၀၀အနက် ၁၉ရာခိုင်နှုန်းသာလျှင် မေးခွန်းများကို တုန့်ပြန်ဖြေကြားခဲ့ရာ ပြန်မဖြေသူများတွင် လိင်စော်ကားမှုဖြစ်ရပ်များကို ပြန်လည်ပြောကြားလိုသည့် စိတ်ဆန္ဒမရှိသည်လည်း ဖြစ်နိုင်သောကြောင့် စစ်တမ်းရလဒ်မှာ ပြောင်းလဲနိုင်ဖွယ်ရှိသေးသည်ဟု သုတေသီများက ပြောကြားခဲ့သည်။  

စစ်တမ်းရလဒ်များကို ဖတ်ကြားရသည်မှာ အလွန်အမင်း စိတ်မချမ်းမြေ့စရာဖြစ်သည်ဟုလည်း ဟားဗတ်တက္ကသိုလ် ဥက္ကဌ ဒရူး ဂစ်လ်ပင် ဖော့စ်က ပြောကြားခဲ့သည်။

ကျောင်းသားတက်ကြွလှုပ်ရှားသူများနှင့် အိုဘားမားအစိုးရက တိုက်တွန်းအားပေးနေသောကြောင့် အမေရိကန်ကောလိပ်နှင့် တက္ကသိုလ်များမှာ လိင်စော်ကားမှုပေါ်လစီကို နှစ်ပေါင်းများစွာ ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေခဲ့သည်။

၂၀၁၄ခုနှစ် ဇန်နဝါရီလက သမ္မတ ဘားရက်အိုဘားမားက အမေရိကန်အမျိုး ၅ယောက်တွင် ၁ယောက်နှုန်းမှာ ကောလိပ်တွင် လေ့လာသင်ကြားနေစဉ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ကြုံတွေ့ခံစားနေကြ ရသည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly