ဆော်ဒီအာရေဗျ၏ ကျုးကျော်တိုက်ခိုက်ခြင်းအတွက် ယီမင်တွင် လူထုစုဝေးဆန္ဒပြ

ဆော်ဒီအာရေဗျ၏ ကျုးကျော်တိုက်ခိုက်ခြင်းအတွက် ယီမင်တွင် လူထုစုဝေးဆန္ဒပြ

ယီမင်နိုင်ငံတွင် နိုင်ငံသူနိုင်ငံသားများစွာက မြို့တော်ဆာနား လမ်းများပေါ်ထွက်ကာ ဆော်ဒီအာရေဗျနိုင်ငံ၏ နိုင်ငံအား တိုက်ခိုက်ခြင်းအတွက် ရှုတ်ချကာ ချီတက်ဆန္ဒပြကြသည်။

Ansarullah လှုပ်ရှားမှုခေါင်းဆောင် အဘဒယ်မာလက်အယ်လ်ဟူသီ၏ ဦးဆောင်လှုံ့ဆော်မှုဖြင့် ထောင်ပေါင်းများစွာသော ယီမင်ပြည်သူများက ဆာနားမြို့တော်တွင် စက်တင်ဘာ ၂၁ ရက်က ဆန္ဒပြကြခြင်းဖြစ်သည်။

အဆိုပါ လူထုစုဝေးဆန္ဒပြမှုသည် နိုင်ငံ၏ သမ္မတဟောင်း အက်ဘ်ရာဘတ်မန်ဆောဟာဒီ၏ အကျင့်ပျက်ခြစား အစိုးရအား ဆန့်ကျင့်တော်လှန်ခဲ့သည့် ယီမင်တော်လှန်ရေး ပထမနှစ်ပတ်လည်အဖြစ် ကျင်းပခြင်းလည်းဖြစ်ပြီး ယင်းလူထုစုဝေးဆန္ဒပြမှုတွင် ဆော်ဒီ၏ ကျုးကျော်တိုက်ခိုက်ခြင်းအတွက်လည်း ဆန့်ကျင်ကာ အပြင်းအထန်းဝေဖန်ခဲ့ကြသည်။

ယခုနှစ် မတ် ၂၆ ရက်မှစတင်ကာ ဆော်ဒီအာရေဗျနိုင်ငံသည် ကုလသမဂ္ဂ၏ သဘောတူညီမှုမရှိဘဲ ယီမင်နိုင်ငံကို စတင်ကာ ကျုးကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယီမင်တွင် Houthi Ansarullah လှုပ်ရှားမှု အားချည့်သွားစေရန်နှင့် ရေရှည်ခိုင်မာသည့် မဟာမိတ်ဖြစ်သည့် သမ္မတဟာဒီ အာဏာပြန်လည်ရရှိရေးတို့အတွက် ယီမင်နိုင်ငံတွင်းသို့ ကျုးကျော်တိုက်ခိုက်မှုများ ဆင်နွှဲလာခြင်းဖြစ်သည်။

ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ယီမင်နိုင်ငံမှ ပြည်သူပေါင်း ၆၀၉၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူပေါင်းမှာ ၁၃၅၅၂ ဦးရှိခဲ့သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly