ကင်ညာတွင် လစာတိုးရန် ဆန္ဒပြကျောင်းဆရာ ဆရာမများကို အစိုးရက ကျောင်းများပိတ်ပစ်ကာ တု့ံပြန်

ကင်ညာတွင် လစာတိုးရန် ဆန္ဒပြကျောင်းဆရာ ဆရာမများကို အစိုးရက ကျောင်းများပိတ်ပစ်ကာ တု့ံပြန်

ကင်ညာနိုင်ငံတွင် သီတင်းသုံးပတ်ကြာ ကျောင်းဆရာဆရာမများ သပိတ်မှောက်ခြင်းကို အစိုးရက တုံ့ပြန်သည့်အနေဖြင့် ပြည်သူ့ပိုင်ကျောင်းများကို ပိတ်ပစ်လိုက်သည်။

ကင်ညာတရားရုံးတစ်ရုံးက ကျောင်းဆရာများ၏ လစာကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းတိုးပေးရန် အမိန့်ချမှတ်ခဲ့သော်လည်း အစိုးရက ယင်းအမိန့်ကို စိန်ခေါ်လျက်ရှိခြင်းဖြစ်သည်။

ကျောင်းဆရာဆရာမများ၏ လစာကို ကောင်းကောင်းပေးထားပြီးဖြစ်ကြောင်း၊ လစာတိုးပေးမည်ဆိုပါက အစိုးရ၏ ဘဏ္ဍကို အားနည်းပျက်စီးစေမည်ဖြစ်ကြောင်း သမ္မတကင်ယတ်တာက ပြောသည်။

၁၉၉၇ ခုနှစ် သပိတ်က သဘောတူညီထားခဲ့သည့် လစာနှုန်းကို တစ်စိတ်တစ်ပိုင်းသာ ပေးအပ်ရရှိခြင်းသာဖြစ်ကြောင်း ကျောင်းဆရာများဖက်က ငြင်းဆန်ကြသည်။

သို့သော်လည်း သမ္မတကင်ယတ်တာကမူ ယင်းသို့ ဆရာများဖက်က ပြောဆိုခြင်းကို ငြင်းဆန်ကာ အပြည့်အဝပေးထားသည်ဟု ပြောဆိုသည်။

ကျောင်းဆရာ ဆရာမများဖက်က တရားရုံး၏ ဆုံးဖြတ်ချက်ကို အစိုးရက လိုက်နာသင့်ကြောင်း ပြောကာ ယခုလစမှစတင်ကာ စာသင်ကျောင်းများတွင် စာသင်ကြားခြင်းမရှိကြတော့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly