မဲစာရင်းအမှားအယွင်းတွေဟာ မဲညစ်တာပဲလို့ အဓိပ္ပါယ်ဖွင့်လိုက်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း

မဲစာရင်းအမှားအယွင်းတွေဟာ မဲညစ်တာပဲလို့ အဓိပ္ပါယ်ဖွင့်လိုက်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း

အမှားအယွင်း မြောက်များစွာ ဖြစ်နေသည့် မဲစာရင်းများသည် မဲညစ်ခြင်းဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။ ဘာ့အတွက်ကြောင့် မဲညစ်တယ်လို့ သူယူ ဆပါသလဲ၊ မဲညစ်တယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲဟာ တရားမ ျှတပါ့မလား။ လူ့ဘောင်သစ် ပါတီ ကကော ဘာတွေ ပြင်ဆင်နေပြီလဲ၊ ဘာတွေ လုပ်နေသလဲ၊ ဘာတွေ လုပ်နိုင်မလဲ စတာများကို မဇ္ဈိမက မေးမြန်းထားခြင်း ဖြစ်သည်။

ဦးအောင်မိုးဇော်ရေ ရွေးကောက်ပွဲကလည်း တော်တော်လေးတော့ စည်စည်ကားကားတော့ ဖြစ်လာပြီးပေ့ါ။ မဲဆွယ်စည်းရုံးရေးတွေ စနေပြီး ဆိုတဲ့အခါကျတော့ ဦးအောင်မိုးဇော်တို့ ပါတီအနေနဲ့ မဲဆန္ဒနယ် ဘယ်နှစ်နေရာလောက်မှာ ဝင်ပြိုင်မလဲ။ ဘာတွေ လုပ်နေပြီလဲ။

ကျွန်တော်တို့က ၂၁ နေရာပါ။ ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော်၊ နောက်တိုင်း ဒေသကြီးနှင့် ပြည်နယ်လွတ်တော်ထဲမှာ အားလုံး ၂၁ နေရာ ပါဝင်မှာ ဖြစ်ပါတယ်။

၂၁ နေရာဆိုတော့ ကျွန်တော် တို့ ပြန်ပြီးတော့ ခွဲတမ်းချကြည့်ရင် ဘယ်နေရာက အများဆုံးဖြစ် မလဲ။

တိုင်းဒေသကြီးတွေက အများဆုံးဖြစ်မယ် ထင်ပါတယ်။ အမျိုးသားလွတ်တော် က လေးနေရာ၊ နောက် ပြည်သူ့လွတ်တော်က ခုနှစ်နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွတ်တော်တွေက ၁၀ နေရာ။

၁၀ နေရာဆိုတဲ့ အခါကျတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာကျတော့ ပိုပြီးတော့ ဒါ အားစိုက်ပြီးတော့ ပြိုင်တယ်လို့ဘဲ ပြောရမှပေ့ါနော်။ ဆိုတဲ့အခါကျတော့ ဒါအားသာချက်ဘာရှိလဲ ထင်လို့ ဝင်ပြိုင်တာလဲ။

အခြေခံကတော့ ကျွန်တော်တို့ ပါတီကဝင်ပြိုင်တဲ့ ရဲဘော် တော်တော်အဖွဲ့များက လယ်သမား ကိစ္စ တစ်ခြားဆိုင် ဒေသဆိုင်ရာတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်တဲ့ တက်ကြွလှုပ်ရှား သူတွေ ဖြစ်တယ်။ ဆိုတဲ့အခါကျရင် အဲဒီလိုနေရာမျိုးတွေမှာ အဲဒီဒေသတွေကို အခြေခံပြီးတော့ ဝင်ပြိုင်ပြီး တော့ ပိုပြီးတော့ အားသာချက်ရှိတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

ကျွန်တော်နည်းနည်း ပွင့်ပွင့်လင်းလင်း မေးရမယ်ဆိုရင် တစ်ချို့ပါတီတွေမှာတော့ အခက်အခဲ ရှိတယ်။ ဘာအခက်အခဲ ရှိလဲဆိုရင် ဘဏ္ဍာရေး အခက်အခဲရှိတယ်။ တစ်ချို့ ပါတီတွေကျတော့လည်း အခုဆိုလို့ရှိရင် ရှမ်းပြည်နယ်မှာဆိုလို့ရှိရင် တိုက်ပွဲတွေ ဖြစ်နေတယ် ဝင်ပြိုင်လို့မရဘူး ဆိုတော့ ပါတီ တစ်ချို့မှာ ဒီအခက်အခဲတွေရှိတယ် ကိုအောင်မိုးဇော်တို့  ပါတီအနေနဲ့ကော ဒီရွေးကောက်ပွဲ မဲဆွယ်တဲ့ နေရာမှာ ဘယ်လို အခက်အခဲတွေ ရှိနေလဲခင်ဗျ။

ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတော့ ရှိပါတယ်။ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ အခက်အ ခဲ ကြီးကြီးမားမား ရှိပေမဲ့လို့ ဒီကျွန်တော်တို့ ရဲဘော်တွေ ကျွန်တော်တို့ ယှဉ်ပြိုင်တဲ့ ဒေသတွေမှာ မဲဆွယ်စည်းရုံးရေးတွေ စနေပါပြီ။ ဥပမာ မြင်းခြံ၊ နောက်ဒီ တံတားဦး၊ ယင်းမာပင်၊ ဆားလင်းကြီး၊ နောက်ပြီး ဖားအံ ဒီဒေသတွေမှာ ကျွန်တော်တို့ မဲဆွယ်စည်းရုံရေးကို ကျယ်ကျယ်ပြန့်ပြန့် စလုပ်နေ ပါပြီ။
ဒီလိုမျိုး လုပ်တဲ့နေရာမှာ ပါတီကြီး နှစ်ပါတီပေ့ါလေ။ ပါတီကြီးနှစ်ပါတီလို့ ပြောရလို့ရှိရင် NLD နဲ့ ကြံ့ခိုင်ရေးပေ့ါ။

ဒီလိုမျိုး ဒီပါတီကြီး နှစ်ပါတီနဲ့ ကျွန်တော်တို့ ယှဉ်ပြီးတော့ ပြိုင်ရတဲ့နေရာမှာကော ဘယ်လိုမျိုး အခက်အခဲတွေ ရှိလဲ။ ဒါမှမဟုတ် လူထုရဲ့ တုန့်ပြန်မှုကကော ဘယ်လိုရှိလဲခင်ဗျ။

ကျွန်တော်တို့ ယှဉ်ပြိုင်မယ့် နေရာတွေ ရွေးကတည်းက ကျွန်တော်တို့က အများကြီး ပြိုင်တာ လဲ မဟုတ်ဘူး။ တကယ်တမ်း ပြောမယ်ဆိုရင် နေရာ နည်းနည်းလေးရယ်။ အားလုံးပေါင်း နှစ်ထောင် ကျော် ရှိတဲ့နေရာမှာ ၂၀၊ ၂၁ ဆိုတာ နည်းနည်းလေး။ ကျွန်တော်တို့ နေရာဒေသကို သေသေချာချာ ရွေးချယ်ပြီးမှ ပြိုင်တာ ဖြစ်ပါတယ်။
တစ်တစ်ချက်က ဒေသခံပြည်သူနဲ့ ကျွန်တော်ပါတီရဲ့ ရင်နှီးမှု ကျွန်တော်တို့ ရဲဘော်တွေရဲ့ ရင်းနှီးမှု နောက်တစ်ခုက ဒေသမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ လိုလားမှု၊ နောက်တစ်ခုက ဒီပြိုင် ဘက်ဖြစ်လာတဲ့ ပါတီကြီးတွေရဲ့ အနေအထား၊ ဒါတွေကို ကျွန်တော်တို့ သေသေချာချာ တွက်ချက်ပြီး တော့မှာ ကျွန်တော်တို့ ဝင်ပြိုင်ရမယ့်နေရာကို ရွေးတာဖြစ်တယ်။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ အခုမ ဲဆွယ်စည်းရုံးရေး လုပ်နေတဲ့ နေရာတွေမှာတော့ အခုအချိန်အထိတော့ ကျွန်တော် တော်တော် အားရပါတယ်။

ဆိုကြပါဆို့ ရာနှုန်းပြည့်နည်းပါး။ ဦးအောင်မိုးဇော်တို့ ပါတီကနေပြီးတော့ ဒါလွတ်တောာ်ထဲ ရောက်သွားမယ်ဆိုရင် ဘာဆက်လုပ်မလဲ မပြီးဆုံးသေးတဲ့ ပြုပြင်ပြောင်းလဲရေး ဘဲဖြစ်ဖြစ်၊ တစ်စုံတစ်ခု ပေ့ါလေ နိုင်ငံအတွက် ဘာများ လုပ်ပေးနိုင်မလဲ။

ကျွန်တော်တို့ အဓိက ရည်ရွယ်တာကတော့ဗျာ၊ အခုန ထောင်ကျော်ရှိတဲ့နေရာမှာ ၂၁ နေရာ ဆို နည်းနည်းလေးပဲ၊ ကျွန်တော်တို့ အများကြီးလုပ်နိုင်မှာ မဟုတ်ဘူး။ သို့သော်လည်း ကျွန်တော်တို့ အဓိက လုပ်ချင်တာက တကယ်တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ လူထု တွေ့ကြုံခံစားနေရတဲ့ ကိစ္စတွေ ကိုယ်စားပြုပြီးတော့ ပြောချင်တယ်၊ ဆိုချင်တယ်။ အထူးသဖြင့်တော့ လူထုရဲ့အသံကို လွှတ်တော်ထဲ မှာရောက်အောင် ကျွန်တော်တို့ကို သေသေချာချာ ကိုယ်စားပြုပြီး ဆွေးနွေး တင်ပြချင်တယ်။

ဒီရွယ်ချက်က ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်တယ်။ နောက်တစ်ခုက ပြုပြင်ပြောင်း လဲရေးကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့နဲ့ သဘောဆန္ဒတူတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေပဲ ဖြစ်ဖြစ် ၊နိုင်ငံရေးပါတီတွေဘဲ ဖြစ်ဖြစ်၊ ဒီပါတီတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ ယနေ့တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ကို ရှေ့ဆက်သွားအောင်လို့ ကျွန်တော် ကြိုးစားသွားမယ်လို့ ရည်ရွယ် ပါတယ်။

အများများ ပြောပြောနေတဲ့ ကိစ္စပေါ့လေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တော့ ဘာများ လုပ်နိုင်မလဲ ခင်ဗျ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ပါတီအနေနဲ့ ယုံကြည်တာက လွှတ်တော်အတွင်း တစ်ခုထည်းနဲ့ လုပ်လို့မရဘူးလေ။ လွှတ်တော်အတွင်း မှာလည်း ကျွန်တော်တို့ လိုအပ်တယ်။ တစ်ပြိုင်နက်ထဲမှာဘဲ လွှတ်တော်ပြင်ပ လှုပ်ရှားမှုတွေလဲ လိုအပ်တယ်။ လူထုရဲ့ တောင်းဆိုမှုတွေ လိုအပ်တယ်။ နောက် အခုဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး Process ပေါ့နော်။ တွေ့ဆုံ ဆွေးနွေးရေးဖြစ်စဉ်၊ ဒါတွေလည်း လိုအပ်တယ်။ အဲဒါတွေအကုန်လုံး ဆက်စပ်ပြီးတော့ မှ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေး၊ ဒါမှမဟုတ် အသစ်ရေးဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ ဆောင်ရွက် ရမှာ ဖြစ်တယ်။

ကျွန်တော်နည်းနည်း နောက်ပြန်သွားရရင် ဒါလူ့ဘောင်သစ်က ၉၀ ရွေးကောက်ပွဲကနေ စပြီး တော့ ပေါ်လာတယ် ဆိုကြပါစို့။ ပေါ်လာတယ် အဲမှာရွေးကောက်ပွဲ ပြတ်သွားတယ် ပြတ်သွားပြီးတော့ ဒါ ၂၀၁၀ ကျတော့ ဒါရွေးကောက်ပွဲ ပြန်ပေါ်လာတယ်ပေ့ါ။ ဒီအချိန်မှာ လူ့ဘောင်သစ်က ဝင်မပြိုင်ဘူး ၂၀၁၅ မှာ ဝင်ပြိုင်တယ်။ ဆိုတဲ့အခါ ကျတော့ ၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ ဘာတွေများ ကွာခြားချက် ရှိတယ်လို့ မြင်တယ်ခင်ဗျ။

လူ့ဘောင်သစ်ကို ဖွဲ့တဲ့ပါတီအနေနဲ့ ကြုံဖူးတာကတော့ ၉၀ ရွေးကောက်ပွဲမှာ ကြုံဖူးတယ်။ ၂၀၁၀ ကို ကျွန်တော်တို့ မကြုံဖူးဘူး၊ ၂၀၁၅ ကို ကျွန်တော်တို့ လက်တွေ့ ပြရတော့မှာ ပေ့ါနော်။ ဒီနှစ် ခု နှိုင်းယှဉ်မယ် ဆိုလို့ရှိရင်တော့ အခု ၂၀၁၅ ရွေးကောက်ပွဲက တစ်စုံတစ်ရာ ပွင့်လင်းတဲ့ အခြေအနေ အောက်မှာ လုပ်ရတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲက ပွင့်လင်းတဲ့ အချိန်မှာ လုပ်တာမဟုတ်ဘူး။ ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲက တိုင်းပြည်ထဲမှာရှိတဲ့ မဲဆန္ဒနယ် အားလုံးအတွက် ဝင်ရောက် ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်။

အခုရွေးကောက်ပွဲက လေးပုံသုံးပုံအတွက်ကို ဝင်ရောက် ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲ ဖြစ် တယ်။ ဆိုတော့ မဲညစ်မလား၊ မဲလိမ်မလား၊ စသည်ဖြင့် တစ်ခုခု အဏာအလွဲ သုံးစားလုပ်ပြီးတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တစ်ခုခုဖြစ်အောင် လုပ်မလား၊ စသည်ဖြင့်ပေါ့နော် ပြောဆို ဆွေးနွေး နေတာတွေ ရှိတယ်။ ဆိုတော့ ဒီ ၁၉၉၀ တုန်းက အဲလို လုပ်နိုင်ခြေ ပိုများတယ်။ အခုကတော့ အဲလို လုပ်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ မြင်သာထင်သာ ရှိတယ်။ လူတွေချက်ချင်း သိနိုင်တယ်ပေ့ါနော်။ အဲလိုကွာခြားမှုလေးတွေ တော့ရှိတယ်။

 

 

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားတာရှိတယ်။ ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒီရလဒ်ကို အလေးထားဖို့ပေ့ါလေ။ ဒီ ၉၀ ရွေးကောက်ပွဲတုန်းက အသိအမှတ်မပြုဘူး၊ ဒီ ၂၀၁၅ ကတော့ ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။ အာဏာရပါတီကိုဘဲ သေသေချာချာ လွှဲပေးတော့မယ်လို့ ဦးအောင်မိုးဇော် ယူဆတယ်ပေ့ါ။

ကျွန်တော်အဲလို မယူဆရဲဘူး၊ ကျွန်တော် မျှော်တော့ မျှော်လင့်တယ် အဲလိုဟိုဟာပေ့ါ။ အေးအေး ချမ်းချမ်း၊ ချောချောမွေ့မွေ့နဲ့ အာဏာလွှဲပေးဖို့ မျှော်လင့်တယ်။ သို့သော် ဒီကိစ္စက တတ်အပ် ပြောလို့မရဘူး။

 

ကျွန်တော်တို့ အခုကြုံနေရတာပေါ့လေ၊ ကြုံနေတာ ဘာတွေကြုံနေရလဲ ဆိုတဲ့အခါ မဲစာရင်းဟာ ၃၀% လောက်ပဲမှန်မယ်။ ဒါမဟုတ် မဲစာရင်းတွေသွားကြည့်တဲ့ အခါ မှတ်ပုံတင်မပါဘူး။ မှတ်ပုံတင် နံပါတ်မပါဘူး နာမည်တွေလွဲနေတယ်၊ ဥပမာ လူတစ်ယောက် ဆိုလို့ရှိရင် အမျိုးသမီးနှစ်ယောက်ပါနေတယ်။  ပြဿနာပေါင်းစုံတွေဖြစ်နေတယ်။ ဆိုတဲ့အခါ အဲတော့ တစ်ချို့လူတွေယူဆချက်ပေ့ါလေ ဒါဟာ မဲလိမ်နိုင်တယ် ဒါမှမဟုတ် မဲညစ်နိုင်တယ် ဆိုတဲ့ဟာမျိုး ၂၀၁၀ တုန်းကတော့ ကြိုတင်မဲပေ့ါ။ ဒီ ၂၀၁၅ ရောက်တဲ့အခါကျတော့ ဒီမဲစာရင်း မှားယွင်းမှုတွေကနေ တစ်ဆင့် မဲလိမ်တာတွေ မဲညစ်တာတွေ ဖြစ်လာနိုင်တယ်လို့ ဒီယူဆချက်တွေ ပြန်ပြန်ထွက်ပေါ်နေတယ်ပေါ့လေ။ ဆိုတော့ ဦးအောင်မိုးဇောင်အနေနဲ့ကော ဒီအပေါ်မှာ ဘယ်လို မြင်သလဲ။

ကျွန်တော်အဲလိုပဲယူဆတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်မနေ့က မဲစာရင်းသွားကြည့် တယ်။ ကျွန်တော့် မှတ်ပုံတင် နံပါတ်မှားနေတယ်။ ကျွန်တော်နဲ့အတူနေတဲ့ ကျွန်တော် ညီမလေး နှစ်ယောက်ဆိုရင် ကျွန်တော်သူ့ အဖေနာမည်တွေ မှားနေတယ်။ အဲတော့ မနေ့က ကျွန်တော်အဲဒါ ပြင်ဖို့သွားတဲ့အခါကျတော့ မီးတွေပျက်နေလို့ဆိုလားပဲ။ ပိတ်ထားတယ်တဲ့ ရုံးအလုပ်အလုပ်ဘူးပေ့ါ။ ဒီနေ့မနက် ၉ နာရီကနေ ည ၇ အတွင်းပြန်လာပါလို့ ပြောတယ်။ ပြန်လာတဲ့အခါကျတော့ သူကဘာလဲ အိမ်ထောင်စုစာရင်းတို့ ယူခဲ့ပါလို့ မှာလိုက်တယ်။ ဆိုတော့ ဒါကျွန်တော်တို့နော် ကျွန်တော်တို့ ဆိုတာ ဘာပဲပြောပြော ဒီကိစ္စနဲ့ ပတ်သက်လို့ တက်ကြွတယ်၊ သေသေချာချာဆောင်ရွက်ချင်တယ်။ အဲအတွက်ကျွန်တော်တို့ သွားပြီးစုံစမ်းတယ်။ ဆုံစမ်းတဲ့အခါမှာ ဒီလိုဖြစ်တယ်။

ဒီတစ်နေ့ထပ်လာ ဆိုလည်း ကျွန်တော်ထပ် သွားရဦးမယ်။ သွားပြီးတော့ လိုအပ်တဲ့အချက်အလက်တွေ ယူရဦးမယ်။ ပြဿနာက သာမန်ပြည်သူတွေအတွက် ပြဿနာရှိတယ်။ အခြေခံပြည်သူတွေအတွက် ပြဿနာ ရှိတယ်။ သူကနေ့တိုင်း သူ့အလုပ်နဲ့သူ ရုန်းကန်နေတာ၊ သူစားဝတ်နေရေး ရုန်းကန်နေရတာ။ ရန်ကုန်မှာဆို ပိုဆိုးတယ်၊ ဧည့်စာရင်းနဲ့ နေတဲ့လူတွေအများကြီးပဲ။ နယ်တွေက လာကြတာ။ နောက်အခု သွားကြည့်တယ်၊ သူရုံပိတ်ထာလို့ဘဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ဖြစ်၊ နောက်နေ့မှလာခဲ့ဆိုရင် နောက်နေ့ပြန်သွားဖို့ဆိုတာ ခက်တယ်။

နောက်တစ်ခုက တစ်ခါသွားပြန်တယ် တစ်ခါ အိမ်ထောင်စုစာရင်းယူခဲ့ဆိုလို့ရှိရင်လဲ အိမ်ထောင်စု စာရင်းတွေက နယ်ပြန်မှာရင်မှာရမယ်။ ဆိုတော့ အခြေအနေတွေက အဲလိုဖြစ်တယ်။ ဆိုတဲ့အခါကျတော့ အဲလိုနေ့တိုင်းမှာဖြစ်နေရင်း ဒီမဲစာရင်းက ပြည့်ပြည့်စုံစုံမှန်ကန်မှုဆိုတာ ဘယ်လို့မှမဖြစ်နိုင်ဘူး။ မဲစာရင်းပြည့်ပြည့်စုံစုံ မမှန်ကန်ဘူး ဆိုရင် ကျိမ်းသေတယ်ဒါ ညစ်ကို ညစ်တဲ့ ကိစ္စဖြစ်တယ်။

ဒီကိစ္စက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွေမှာ တာဝန်တွေရှိတယ်။ သူသေသေချာချာ လုပ်ပေးရမဲ့ တာဝန်တွေရှိတယ်။ နိုင်ငံသားတိုင်း အထူးသဖြင့် နိုင်ငံသားစိစစ်ရေးကိုင်ထားတဲ့ နိုင်ငံသားတိုင်း မဲပေးလို့ရအောင် သူလုပ်ကို လုပ်ပေးတဲ့ တာဝန်ဖြစ်တယ်။ အဲလိုရှိနေရဲ့သားနဲ့ မဲပေးလို့မရဘူး၊ ဆိုရင်တော့ တော်တော်ကို အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်တို့က ပြောချင်တယ်။

 

မဲစာရင်းမှားယွင်းမှုတွေဟာ မဲလိမ်နိုင်တဲ့ယူဆချက်အပေါ်မှာ ဘယ်လိုမျိုး လိမ်နိုင်တဲ့ နည်းလမ်းကိုကော ဦးအောင်မိုးဇော် ဘယ်လိုမြင်လဲဗျ။

ဒါရှင်းရှင်းလေးပဲ ခင်ဗျားမဲရုံသွား မဲပေးလေ။ ခင်ဗျားနာမည်နဲ့ ခင်ဗျားအချက်အလက်နဲ့ ဒီမှတ်ပုံတင်နဲ့ မကိုက်ရင် ခင်ဗျားမဲမပေးရဘူး၊ အဲဒါဆိုလို့ရှိရင် လူတစ်ယောက်မဲက သူတို့ဆုံးတာပေ့ါ။ ဆိုတော့ ဥပမာ မဲပေးတဲ့လူက ၁၀ ယောက်ရှိတယ်ဆိုကြပါစို့၊ သုံယောက်လေးယောက်လောက်က အချက်အလက် မမှန်ဘူးဆိုရင် ပြဿနာရှိတာပေ့ါ။ တစ်ချို့နေရာတွေမှာ တစ်ယောက်နှစ်ယောက် မမှန်တာ ပြဿနာရှိတယ်။မဲတစ်မဲကလည်း အများကြီးတာသွားတယ်လေ။

သာမန်ပြည်သူအများစုက ကျိမ်းသေတယ်ဗျာ။ ဒီအတိုက်ခံ နိုင်ငံရေး အင်အားစုတွေကိုဘဲ အထူးသဖြင့် ကျွန်တော်တို့ ရန်ကုန်လိုရောမျိုးတွေ၊ မြို့ကြီးတွေမှာဆိုလို့ရှိရင် အထူးသဖြင့် တကယ့်ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ သူဦးဆောင်တဲ့ ပါတီမျိုးကိုပဲ၊ မဲပေးလိုတဲ့သူပိုများတယ်။ အဲဒီလိုလူမျိုးတွေမှာက အခုန မဲပေးတဲ့စာရင်းတဲ့ပတ်သက်တဲ့ မဲပေးလို့မရဘူးဆိုရင် ဒီကိစ္စက ညစ်တာပဲ။

နောက်ဒီကိစ္စနဲ့ပတ်သက်လို့ လူထုကို အပြစ်ပုံချတာ အဓိပ္ပါယ်မရှိဘူး၊ ဆိုတော့ အခုနပြောသလိုပဲ ရန်ကုန်မှာလဲ လေးငါးခြောက်လ ရှိတဲ့လူထုက အများစုက မနက်မိုးလင်းမိုးချုပ် အလုပ်သွားနေရတယ်၊ အလုပ်လုပ်နေရတာ၊ မဲစာရင်းသွားကြည့်လို့အချိန်ဆိုတာ သူတို့မှာ ပြဿနာရှိတယ်။ သွားကြည့်ပြီး နောက်တစ်နေ့ပြန်လာရဦးမယ်၊ ပြန်ပြင်ရမယ်ဆိုရင် ပိုဆိုးတယ်။ တော်ရုံတန်ရုံလူက သွားဖို့ဆိုတာ တော်တော်ခက်တယ်။ ဆိုတော့ ကျွန်တော်ပြောချင်တာ ဒီမဲစာရင်းတွေ မမှန်မကန်ဖြစ်နေတဲ့ ကိစ္စက သံသယဖြစ်စရာကိုရှိတယ်။

 

မှားမှားယွင်းယွင်းတွေတော့ ဖြစ်နေပြီးပေ့ါလေ။ အဓိက တာဝန်ရှိတဲ့လူက ဘယ်သူဖြစ်မလဲ၊ အဲဒီလူတွေအနေနဲ့ကော ဘာလုပ်သင့်လဲ၊ နိုင်ငံရေးပါတီအနေနဲ့ ကောဘယ်လိုလုပ်သင့်သလဲ။

ကျွန်တော့်အနေနဲ့ ကျွန်တော်ယူဆတာကတော့ ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေဖြစ် တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတာ ခိုင်မာတယ်။ ကျွန်တော်တို့ လက်ထဲမှာလဲ နိုင်ငံသားစိစစ်ရေးကဒ်ရှိတယ် ဆိုလို့ရှိရင် ကျွန်တော်တို့ မဲကိုပေးကိုပေးရမယ်။ မဲပေးနိုင်တဲ့ အခွင့်အရေး ရကိုရရမယ်။ အဲဒါမဟုတ်ဘဲနဲ့ ဟိုဟာ ဒီဟာ၊ အကုန်လျှောက်ပြီးတော့ ကပ်ရင် တော်တော်ပြဿနာရှိတယ်။

 

ဒါမဲညစ်နိုင်တယ်လို့ ယူဆစရာရှိတဲ့အကြောင်းအရာတစ်ချက်ပေ့ါ။ နောက် မဲဆွယ်စည်းရုံးတဲ့အခါမှာ ဘယ်လိုမျိုး နည်းလမ်းတွေကိုကော ထပ်တွေ့ရသေးလဲ၊ မဲလိမ်နိုင်ခြေရှိတဲ့နည်းလမ်း၊ မဲခိုးနိုင်ခြေရှိတဲ့နည်းလမ်း၊ ဒါမှမဟုတ် မသမာတဲ့နည်းလမ်းပေ့ါ။

ဟိုတစ်နေ့က ကျွန်တော်တို့ ကိုယ်စားလှယ်တစ်ယောက်ပေ့ါနော် ကျွန်တော်တို့ကိုယ်စားလှယ် တစ်ယောက်က ကရင်ပြည်နယ်မှာ မဲဆွယ်တယ်။ လှိုင်းဘွဲ့မှာ အဲဒီမြို့နယ်က ရဲမှူးနဲ့ ဒီ SB ရဲ့လူတွေက ခွင့်ပြုချက်မရှိလို့ လာပြီးတော့ တားတယ်။ အတင်းတားတယ် ရှင်းပြလို့လဲမရ။ အဲလိုအခြေအနေမျိုးဖြစ်တယ်။ ရှင်းပြလို့လဲမရဘူး နောက်ဆုံးဒီ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားမှ လာရှင်း ပြတော့မှ ပြန်ပြီးတောင်းပန်တယ်။

ဆိုတော့ ဒီကိစ္စက အခုနလိုအဏာပိုင်တွေက နှောက်ယှက်တဲ့ သဘောဖြစ်တယ်။ ဒါကျွန်တော်တို့ ကိုယ်စားလှယ်နော် နိုင်ငံရေးပါတီရဲ့ ပြည်ထောင်စုကိုယ်စားလှယ်တွေတရားဝင်မဲဆွယ်ပွဲ လုပ်တဲ့ကိစ္စကို ဒေသဆိုင်ရာ ရဲအရာရှိတွေနဲ့ ဒေသဆိုင်ရာ ဒီထောက်လှမ်းရေးတွေက လာပြီးတားတာ ဆီးတာလုပ်တယ်။ ဆိုတော့ သာမန်ပြည်သူတွေဆိုလို့ရှိရင် ပြဿနာရှိတယ် ကျွန်တော်တို့ လူမျိုးတွေက ရုံးကနားလောက်သွားချင်တဲ့ လူမျိုးမဟုတ်ဘူး။ ရုံးကနား ဆိုရင်တောင်မှ ဟိုဝေးဝေးကနေ နေချင်တဲ့လူမျိုးတွေ၊ အဲလိုပုဂ္ဂိုလ်မျိုးတွေက အဲဒါမျိုးတွေ ပြောတယ် ဆိုတယ်၊ တားတယ်စီးတယ်ဆိုရင် သာမန်ပြည်သူတွေက ဘယ်လိုမြင်သွားမလဲ။ သူတို့လန့်သွားနိုင် တယ် ကြောက်သွားနိုင်တယ်။ သူတို့မပတ်သက်ချင်ဘူး၊ အေးအေးဆေးဆေးနေချင်တဲ့ သဘော ဖြစ်ရင်ဖြစ်မယ်။

ဒါကျွန်တော် ကြုံရတဲ့အဖြစ်အဲဒါ။ ကျွန်တော်တို့ အနေတော့ ကန့်ကွက် ထားပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်ကိုယ်တိုင် ဒီကိစ္စနဲ့ပတ်သက်လို့ ကန့်ကွက်ထားတယ်။ သူတို့ကလည်း ပြန်တောင်းပန်ပါတယ်။ ဒါက ပြန်တောင်းပန်တယ်၊ စကားပြောတယ်ဆိုတာ ရုံးထဲမှာ ဖြစ်တယ် လူသိထင်ကြားဖြစ်တာမဲဆွယ်တဲ့အချိန်မှာ လာတားတာ ဆီးတာဖြစ်တာ ဆိုတော့နော်။ အဲဒီကိုယ်စားလှယ်တွေ မဲဆွယ်တဲ့ ကိစ္စကိုတောင်မှ လာတားတာဆီးတယ်ဆိုတော့ တစ်စုံတစ်ရာ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေက တစ်စုံတစ်ရာ အကန့်အသတ် အနှောက် အယှက်လုပ်တဲ့ သဘောဖြစ်တယ်။ ကိုမျိုးသန့်

 

ဒါရွေးကောက်ပွဲလွတ်လပ်ပြီး တရားမျှတမှုကို အနှောက်အယှက်ဖြစ်စေတဲ့ အချက်နှစ်ချက်ပေ့ါ။မှန်းကြည့်ရရင် ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်လို့ ပြောနိုင်မလား။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်လို့ အာမခံဖို့ခက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်အခုန ပြောသလိုပဲ  အခုရွေးကောက်ပွဲကလွှတ်တော်ထဲမှာရှိတဲ့ အမှတ်နေရာတွေ အားလုံးရဲ့ လေးပုံသုံးလို့လဲ တွက်ပေးရမယ်။ အဲဒီအတည်းက မျှတတော့ဘူး။ အိုကေ အဲဒီ လေးပုံသုံးပုံ ဆိုတဲ့ ပြိုင်တဲ့နေရာမှာလဲပဲ ကျွန်တော်အဓိက ပြောချင်တာကတော့ ပိုပြီးပွင့်လင်းတဲ့ ပိုပြီးမြင်တာ ထင်သာ ရှိတဲ့ နိုင်ငံရေး အခြေနေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတော့ ဖြစ်လိမ့်မယ်။ ဘယ်လောက်ထိ လွတ်လပ်မယ် မလွတ်လပ်ဘူးဆိုတာက အခုနလို အနှောက်အယှက်မျိုးတွေ တွေ့နေရတယ်။ အခုနလို့ မဲစစ်ကိစ္စမျိုးတွေလို တွေ့နေရတယ်။

ဆိုတဲ့အခါကျတော့ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်ဘားမှ အာမခံနိုင်ဘူး။ ကျွန်တော့်မှာ အာမခံနိုင်တဲ့ အနေအထားမရှိဘူး။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးဖို့အတွက် အာမခံရမှာလား၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်ကရှင်က အာမခံရမှာ ဖြစ်တယ်။ လက်ရှိအစိုးရက အာမခံရမှာ ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှအာမခံလို့မရဘူး၊ ကျွန်တော်တို့ ပြောလို့ရတာကတော့ ၉၀ တုန်းကဆို မီဒီယာတွေမရှိဘူး၊ အခုမီဒီယာတွေ ရှိသား၊ ၉၀ တုန်းက ဆိုလို့လေ့လာစောင့်ကြည့်တဲ့ လူတွေခွင့်မပြုဘူး၊ အခုခွင့်ပြုလာတယ်။ ဆိုတဲ့အခါကျတော့ ပိုပြီးတော့ ထင်သာမြင်သာ ရှိတဲ့ အခြေအနေ၊ ပိုပြီးပွင့်လင်းတဲ့အခြေအနေအောက်မှာ ဒီရွေးကောက်ပွဲက ကျင်းပတာဖြစ်တယ်။ ကဲ ဒါဆိုရင်တော့ လွတ်လပ်လားလို့မေးရင် ဒါဆိုရင်တော့ မျှတလားလို့ အာမခံလားလို့မေးရင် ကျွန်တော် ဘယ်ဖြေနိုင်မလဲ။

ကျွန်တော်နည်းနည်းလေးပြန်ကောက်ရအောင်၊ ဆိုတဲ့အခါကျတော့ ဦးအောင်မိုးဇောင်တို့ လွတ်တော်ထဲရောက်သွားပြီး၊ ပြည်သူလူထုကို ဘာတွေများ ကတိကဝတ်ပေးပြီးတော့ ပြည်သူလူထုအတွက် ဘာများပေးနိုင်မလဲ။

ကျွန်တော်တို့ ပါတီအနေနဲ့ ကျွန်တော်တို့ ပေးနိုင်တာကတော့ ကျွန်တော်တို့ ဝင်ပြိုင်တဲ့ ဒေသတွေက ပြည်သူလူထုခံစားနေရတဲ့ ဒုက္ခအခက်အခဲ သူတို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဒီလွတ်တော်ထဲမှာ ထိထိရောက်ရောက်ဖြစ်အောင် ကျွန်တော်တို့ ဆွေးနွေးပေးမယ်။ တင်ပြပေးမယ်။ ဒါတွေကို မဖြစ်ဖြစ်အောင် ပြောဆိုမယ်။ ဒါကိုဘဲ ကျွန်တော်အာမခံတယ်။ ဆိုတာက ကျွန်တော်တို့ လူထုရဲ့ အသံကို လွတ်တော်ထဲမှာ ညံဖို့ပေ့ါနော် ဒီလူထုရဲ့အသံလွတ်တော်ထဲကို ရောက်ဖို့ ထိထိရောက်ရောက် ရောက်ဖို့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်မယ်။ ကျွန်တော် ဒီကတိကလွှဲလို့ ကျွန်တော်ဘာမှ မပေးနိုင်ဘူး။

 

ဦးအောင်မိုးဇော်တို့ ကိုယ်စားလှယ်တွေ လွတ်တော်ထဲ ရောက်သွားပြီးဆိုရင် လွှတ်တော် အခင်းအကျင်းက ဘာများ ဖြစ်လာနိုင်မလဲ။

ကျွန်တော့် အထင်ကတော့ အခုလာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုတွေ များများစားစားနိုင်လိမ့်မယ်၊ ဒီမိုကရေစီအင်အားစုတွေ များများစားစားနိုင်မယ်ဆိုရင် ဒီအင်အားစုတွေ နဲ့ပူးပေါင်းပြီးတော့ ဒီလိုကိစ္စမျိုးတွေ လုပ်မယ်ဆိုရင် အရင်ကနဲ့စာရင် ပိုပြီးတော့ ထိရောက်လိမ့်မယ်လို့ ကျွန်တော်ယုံတယ်။

         

နောက်ဆုံးမေးခွန်းတစ်ခုပါဘဲ၊ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဒီပြည်သူလူထုတွေနဲ့လဲ တွေ့နေပြီး၊ ရွေးကောက်ပွဲဝင်ဖို့လဲပြင်နေပြီပေ့ါလေး၊ ၂၁ နေရာဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဒီ ကိုယ့်ပါတီဝင်ကိုယ်စားလှယ်တွေကို မဲပေးမယ့် မဲဆန္ဒရှင်တွေကို ဘာများ ပြောချင်လဲ ခင်ဗျာ။

ကျွန်တော်အဓိက မေတ္တရပ်ခံချင်တာပေ့ါနော် လူထုရဲ့အသံတွေ လွှတ်တော်ထဲမှာ ညံဖို့ လွှတ်တော်ထဲမှာ လျှံထွက်နိုင်ဖို့ကို ကျွန်တော်တို့ လူ့ဘောင်အတွင်းဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြပါဆို့လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုတယ်။ နိုးဆော်လိုတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly