တောင်ကိုရီးယားက ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် ၃၀ကို အမြဲတမ်းနေထိုင်ခွင့်ပေးမည်

တောင်ကိုရီးယားက ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် ၃၀ကို အမြဲတမ်းနေထိုင်ခွင့်ပေးမည်

တောင်ကိုရီးယားအစိုးရက ကုလအေဂျင်စီ၏ အစီအစဉ်နှင့်အညီ လက်ရှိထိုင်းနိုင်ငံတွင်ရှိနေသည့် မြန်မာဒုက္ခသည် ၃၀ကို လက်ခံပြီး အမြဲတမ်းနေထိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီက စက်တင်ဘာ ၂၁ရက်နေ့တွင် အာဏာပိုင်များကို ကိုးကားဖော်ပြခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ပြန်လည်နေရာချထားရေးအစီအစဉ်အရ ခိုလှုံခွင့်ပေးထားသည့်နိုင်ငံတစ်နိုင်ငံရှိ ယာယီစခန်းများတွင် နေထိုင်နေသည့် ဒုက္ခသည်များကို ၎င်းတို့အားလက်ခံရန် သဘောတူသည့် နောက်တစ်နိုင်ငံသို့ လွှဲပြောင်းပေးရန်ဖြစ်သည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်ရှိ တက်ပြည်နယ်တွင် သတ်မှတ်ချက်များနှင့် ကိုက်ညီသော မြန်မာဒုက္ခသည်များကို တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနက စိစစ်လျှက်ရှိပြီး ၎င်းတို့ကို ဒီဇင်ဘာလတွင် တောင်ကိုရီးယားသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ပြန်လည်နေရာချထားရေးအစီအစဉ်ကို ခံစားခွင့်ရသည့် ဒုက္ခသည်များကို F-2 ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမည်ဖြစ်ပြီး၊ ကိုရီးယားဘာသာစကားကို သင်ကြားခွင့်လည်း ရရှိမည်ဖြစ်ကာ ပထမ၆လမှ ၁၂လအထိ လုပ်ငန်းခွင်ပညာရေးလည်း သင်ကြားခွင့်ရရှိမည်ဖြစ်သည်ဟု ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly