လိုင်ယွန်နှင့်ပွဲတွင် မာဆေးပရိသတ်များ သောင်းကျန်း၍ ပွဲချိန်မိနစ် ၂၀ ကျော်ရပ်နားခဲ့ရ

လိုင်ယွန်နှင့်ပွဲတွင် မာဆေးပရိသတ်များ သောင်းကျန်း၍ ပွဲချိန်မိနစ် ၂၀ ကျော်ရပ်နားခဲ့ရ

စက်တင်ဘာ ၂၁၊ မာဆေး ။          ။ လိုင်ယွန်အသင်းနှင့်ကစားခဲ့သော ပြင်သစ်လိဂ်-၁ ပွဲတွင် မာဆေးပရိသတ်များသည် ကွင်းထဲသို့ ပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ ကစားသမား ဟောင်း ဗယ်ဗူနာ၏ပုံတူကို ချိတ်ဆွဲခြင်းများပြုလုပ်ခဲ့၍ ပွဲချိန် ၂၃ မိနစ်ခန့်ရပ်နားခဲ့ရသည်။

လန်ကာဇက်တီ၏ ပထမပိုင်းပင်နယ်တီသွင်းဂိုးဖြင့်လိုင်ယွန်အသင်းက ဦးဆောင်ထားစဉ် ပွဲချိန် ၆၂ မိနစ်အရောက်တွင် ကွင်းလယ်ဒိုင် ရက်ဒီ ဘက်ကွက်သည် ကစားသမားများကို အဝတ်လဲခန်းအတွင်းသို့စေလွှတ်ကာ ပွဲကိုရပ်နားခဲ့ရခြင်းဖြစ်သည်။

ဒုတိယပိုင်းပြန်စပြီးမကြာမီ လိုင်ယွန်အသင်းမှာ မာဆေးကစားသမားဟောင်း ဗယ်ဗူနာ ထောင့်ကန်ဘောကန်ရန်ပြင်ဆင်စဉ် မာဆေးပရိသတ် များကို ၎င်းကိုပစ်မှတ်ထားကာ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ဗယ်ဗူနာသည် မာဆေးမှ ရုရှသို့ပြောင်းသွားပြီးနောက် တစ်နှစ်အကြာတွင် ပြင်သစ်သို့ပြန်လာပြီး လိုင်ယွန်အသင်းအတွက် ကစားပေးနေခြင်း ဖြစ်သည်။

အိမ်ရှင်မာဆေးပရိသတ်များသည် ပွဲမစမီတွင် ဗယ်ဗူနာ၏ပုံတူအရုပ်ကို ကွင်းအတွင်းချိတ်ဆွဲခြင်း၊ ပွဲချိန်တစ်လျှောက်လုံး ဗယ်ဗူနာကို လှောင် ပြောင်အော်ဟစ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

မိနစ်အတန်ကြာရပ်နားခဲ့ရသော်လည်း ပွဲကိုပြန်လည်စတင်ခဲ့ပြီး ခြောက်မိနစ်အကြာတွင် ရက်ကစ်သွင်းယူသည့်ချေပဂိုးဖြင့် တစ်ဂိုးစီသရေ ကျခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly