ချန်ပီယံဆုကို မန်ယူအသင်း စိန်ခေါ်နိုင်စွမ်းရှိဟု နည်းပြဗန်ဟားလ်ပြော

ချန်ပီယံဆုကို မန်ယူအသင်း စိန်ခေါ်နိုင်စွမ်းရှိဟု နည်းပြဗန်ဟားလ်ပြော

စက်တင်ဘာ ၂၁၊ မန်ချက်စတာ ။                        ။ ဆောက်သမ်တန်ကို မန်ယူအသင်းအနိုင်ရလိုက်ခြင်းက အသင်းအနေဖြင့် ချန်ပီယံဆုကိုစိန်ခေါ်နိုင်စွမ်းရှိကြောင်း ပြသလိုက်ခြင်းဟု နည်းပြ ဗန်ဟားလ်ကပြောသည်။

နယ်သာလန်လူမျိုးဗန်ဟားလ်၏ မန်ယူအသင်းသည် ဆောက်သမ်တန်ကိုအသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူး မာရှယ်၏သွင်းဂိုးနှစ်ဂိုးအပါ အဝင် ၃-၂ ဂိုးဖြင့် အဝေးကွင်းတွင်အနိုင်ရခဲ့သည်။

နိုင်ပွဲရခဲ့သော မန်ယူအသင်းသည် စနေနေ့က ဝက်စ်ဟမ်းကို ၂-၁ ဂိုးဖြင့်ရှုံးသည့်မန်စီးတီးအသင်းနှင့် နှစ်မှတ်အကွာ အမှတ်ပေးဇယား ဒုတိယ နေရာသို့တက်လှမ်းနိုင်ခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုကိုစိန်ခေါ်နိုင်စွမ်းရှိတယ်ဆိုတာ ပြသလိုက်တာပါ။ အသင်းတစ်သင်းရဲ့အကူးအပြောင်းကာလမှ ဆုဖလားရဖို့ မျှော်လင့်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ ကွာဟမှုချက်ကိုလျှော့ချနိုင်ပြီးနောက် ကျွန်တော်တို့နီးစပ်လာပါပြီ"ဟု ဗန်ဟားလ်ကပြောသည်။

နွေရာသီအတွင်းမိုနာကိုမှ ပေါင် ၃၆ သန်းဖြင့်ပြောင်းလာပြီးနောက် ဂိုးပေါက်တည့်အောင်ကန်နိုင်သည့်သုံးကြိမ်တွင် သုံးဂိုးရခဲ့သည့် မာရှယ်၏ လှုပ်ခတ်နိုင်မှုအတိုင်းအတာကိုလည်း ဗန်ဟားလ်က ချီးကျူးခဲ့သည်။

"သူအကောင်းဆုံးလုပ်ခဲ့တာ။ သုံးပွဲဆက်ကစားပြီး သုံးဂိုးသွင်းခဲ့တာပါ။ အသက် ၁၉ နှစ်အရွယ်မှာ တည်ငြိမ်တဲ့ခြေစွမ်းကို မျှော်လင့်လို့မရပါ ဘူး။ သူတို့အရွယ်မှာစိတ်လှုပ်ရှားမှုအရမ်းများလို့သူ့ဆီက သိပ်မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ပြဿနာတော့မရှိပါဘူး။ ကျွန်တော်တို့ကစားချင်တဲ့ ပုံစံထဲသူအံဝင်လာတာကလည်း အရေးကြီးပါတယ်။ ဘယ်ကစားသမားမှမလုပ်နိုင်ပေမယ့် သူလုပ်ချင်စိတ်ရှိတာကိုပြခဲ့တယ်။ ဂိုးတွေသွင်းခဲ့ တယ်။ တိုက်စစ်မှူးတစ်ယောက်ဂိုးတွေသွင်းဖို့က အရေးကြီးဆုံးပါပဲ။ သူ့မှာအမြင့်ဆုံးအရည်အသွေးရှိရုံမက တိုးလည်းတိုးတက်လာမယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ဗန်ဟားလ်က ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly