လက်ရှိအေစီမီလန်အသင်းမှာ အသင်းသစ်တစ်သင်းဟု နည်းပြ မီဟိုင်လိုဗစ်ပြော

လက်ရှိအေစီမီလန်အသင်းမှာ အသင်းသစ်တစ်သင်းဟု နည်းပြ မီဟိုင်လိုဗစ်ပြော

ပါလာမိုအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိပြီးနောက်တွင် အေစီမီလန်နည်းပြ မီဟိုင်လိုဗစ်က လက်ရှိအေစီမီလန်အသင်းသည် အသင်းသစ်တစ်သင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အေစီမီလန်အသင်းသည် စီးရီးအေပွဲစဉ် လေးပွဲ ကစားပြီးချိန်တွင် ဖီအိုရင်တီးနားနှင့် အင်တာမီလန်တို့ကို ရှုံးနိမ့်ထားပြီး အမ်ပိုလီနှင့် ပါလာမိုအသင်းတို့ကို အနိုင်ရရှိထားသည်။

မီလန်အသင်းနည်းပြ မီဟိုင်လိုဗစ်သည် ၎င်း၏အသင်းအနေဖြင့် တိုးတက်ရန်လိုအပ်နေသေးသည်ကို လက်ခံသော်လည်း ဒုတိယမြောက် စီးရီးအေနိုင်ပွဲ ရရှိခဲ့သည့်အတွက် ကျေနပ်လျက်ရှိသည်။

'အသင်းအနေနဲ့ ဂိုးတွေ ပေးနေရတယ်ဆိုရင် တစ်ခုခုတော့ မှားယွင်းနေပါပြီ။ ကျွန်တော်တို့အသင်းအနေနဲ့ တိုးတက်ဖို့ လိုအပ်နေသေးပြီး ဒီထက်အရှိန်မြှင့်ကြိုးစားဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော့်အသင်းက တိုက်စစ်ကိုပဲ အမြဲ ဦးစားပေးကစားမှာပါ။

ပါလာမိုနဲ့ ပွဲရလဒ်ကို ကျေနပ်ပါတယ်။ အရင်ပွဲတွေတုန်းကနဲ့ မတူတဲ့ မီလန်အသင်းကို အခုပွဲမှာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဥက္ကဋ္ဌဘာလူစကိုနီလည်း ပျော်ရွှင်နေပါတယ်' ဟု မီဟိုင်လိုဗစ်က ပြောသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly