ဒီယေကိုကော်စတာ အနီကတ်ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ခြင်းကို အက်ဖ်အေစစ်ဆေးသင့်ဟု ဝင်းဂါးပြော

ဒီယေကိုကော်စတာ အနီကတ်ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ခြင်းကို အက်ဖ်အေစစ်ဆေးသင့်ဟု ဝင်းဂါးပြော

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာ အနီကတ်ပြစ်ဒဏ်မှ မည်သို့မည်ပုံလွတ်မြောက်ခဲ့ခြင်းကို အက်ဖ်အေက စစ်ဆေးသင့်ဟု အာဆင်နယ်နည်းပြဝင်းဂါး ပြောသည်။
သို့သော်လည်း ချယ်လ်ဆီးနည်းပြမော်ရင်ဟိုကမူ နှစ်ယောက်ထွက်ရပြီး ၂-၀ ဖြင့်ရှုံးသဖြင့် အာစင်ဝင်းဂါးငြီးငြူနေခြင်းသာဖြစ်သည်ဟု စွပ်စွဲ ပြောဆိုလိုက်သည်။

အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်သည် ကော်စတာနှင့်အချင်းများခဲ့သောကြောင့် ပထမပိုင်းအပြီးတွင်ထုတ်ခံခဲ့ရသည်။ "သူဟာ နောက်တစ်ပတ်တွေမှာလည်း ဒါမျိုးထပ်လုပ်ဦးမှာပါ" ဟု ပြောဆိုခဲ့သည့် ဝင်းဂါးက အက်ဖ်အေကစစ်ဆေးသင့်သလားဆိုသည့် မေးခွန်းကိုလည်း "အနည်းဆုံးတော့သူတို့လုပ်သင့်တယ်။ ကော်စတာက သူလိုချင်တာလုပ်နိုင်နေပြီး သူ့ကိုတုန့်ပြန်သူတိုင်းက ထုတ်ခံနေရတယ်။ ကိုစီရယ်နီရဲ့ မျက်နှာကိုလည်း ရိုက်ခဲ့သေးတယ်။

ဂါဘရီရယ်ကိုထုတ်တဲ့ ကွင်းလယ်ဒိုင်မိုက်ဒိန်းရဲ့ဆုံးဖြတ်ချက်ကို နားလည်ပါတယ်။ သူဝင်မပါသင့်တာကို ဝင်ပါမလို့ အပြစ်ရှိတယ်။ ဒါပေမဲ့ ကော်စတာကရောဘာလို့ကွင်းထဲမှာဆက်ရှိနေသေးတာလဲ။ စိတ်ဆိုးအောင်ဆွတိုင်းမှာ ကော်စတာအမြဲပါ တယ်။ မိုက်ဒိန်းရဲ့နုံအမှုကို သူအသုံးချခဲ့တာ။ ဒိုင်ရဲ့စွမ်းအားအပေါ် အဲဒီလိုမလုပ်ရဘူး။ ဒိုင်ဖြစ်သူ မှန်ကန်တဲ့ဆုံးဖြတ်ချဖို့ မျှော်လင့်ထားရမှာပါ"ဟု ပြောသည်။

ဒီယေဂိုကော်စတာမှာ ပွဲ၏အကောင်းဆုံးကစားသမားဖြစ်သင့်သည်ဟုပြောသည့် မော်ရင်ဟိုက "ခင်ဗျားတို့အနေနဲ့ ဂါဘရီရယ်ဟာ ကစားသ မားကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ သူ့အမှားဖြစ်ကြောင်း ကိုသာပြောသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီယေဂိုကော်စတာအကြောင်း ပြောချင်တယ်ဆိုရင်တော့ သူကစားရမယ့်အတိုင်းကစားတယ်။ ပြီးတော့အဲဒါကြောင့် ကွင်းလုံးပြည့်နေတယ်။

ပြီးတော့ ပွဲကို ပရိသတ်သန်း ပေါင်းများစွာအတွက် ရုပ်သံကလွှင့်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲက ဒီလိုကစားမှရမယ်"ဟု ဖြည့်စွက်ပြောဆိုသည်။ ဆက်လက်၍ ကော်စတာ၏ ရုပ်ပိုင်းဆိုင်ရာ ချဉ်းကပ်မှုပုံစံနှင့် စိတ်ဓါတ်ပြင်းပြစွာပါဝင်နေမှုပုံစံမှာ ရပ်ဘီကမ္ဘာ့ဖလားကစားနေသည့်ပုံစံနှင့် တူ သည်ဟုလည်း ဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly