ရှုံးထွက်ဗိုလ်လုပွဲ လေးကြိမ်ရှုံးဖူးသည်ဟု ရတနာပုံနည်းပြ ရီနီပြော

ရှုံးထွက်ဗိုလ်လုပွဲ လေးကြိမ်ရှုံးဖူးသည်ဟု ရတနာပုံနည်းပြ ရီနီပြော

ရန်ကုန်၊ စက်တင်ဘာ ၂၀ ။ ။ စက်တင်ဘာ ၂၅ ရက်တွင် ဧရာဝတီအသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဗိုလ်လုပွဲကစားရမည့် ရတနာပုံအသင်းနည်းပြချုပ် ရီနီဒီဆေရီက ကစားသမားဘဝနှင့် နည်းပြဘဝတွင် ရှုံးထွက်ဖလားဗိုလ်လုပွဲ ငါးကြိမ်ကစားဖူးပြီး လေးကြိမ်ရှုံးခဲ့ဖူးသည်ဟု ပြောသည်။

ရတနာပုံအသင်းသည် ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ပြီး အမှတ်ပေးချန်ပီယံ သုံးကြိမ်ဖြစ်ဖူးသော်လည်း ရှုံးထွက်ချန်ပီယံမဖြစ်ဖူးသေးပေ။

“ရှုံးထွက်ဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ဖို့ကအဓိကရည်မှန်းချက်ပါ။ ဒါပေမယ့် ဘယ်လိုဖြစ်လာမလဲဆိုတာတော့ မပြောနိုင်ပါဘူး။ ကျွန်တော် ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ရှုံးထွက်ဗိုလ်လုပွဲ ငါးကြိမ်ကစားဖူးပြီး လေးကြိမ်ရှုံးဖူးပါတယ်။”ဟု ရီနီဒီဆေရီကပြောသည်။

ရတနာပုံနှင့် ဗိုလ်ချုပ်ဒိုင်းရှုံးထွက်ဗိုလ်လုပွဲကစားရမည့် ဧရာဝတီအသင်းမှာ ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ သုံးကြိမ်တက်ရောက်ဖူးပြီး နှစ်ကြိမ်ဗိုလ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly