အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ သမ္မတဖိတ်ခေါ်ထားတဲ့ ၁၆ဖွဲ့က ဘယ်သူတွေလဲ

အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ သမ္မတဖိတ်ခေါ်ထားတဲ့ ၁၆ဖွဲ့က ဘယ်သူတွေလဲ

ရန်ကုန် စက်တင်ဘာ ၂၀။ ။ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် သမ္မတဦးသိန်းစိန်က ၂၀၁၁ခုနှစ် သြဂုတ် ၁၈ရက်တွင် ဖိတ်ခေါ်ခဲ့သည့် အဖွဲ့ ၁၆ဖွဲ့ မှာ

၁။ကရင်အမျိုးသားအစည်းအရုံး။ KNU

၂။ ကရင်အမျိုးသားအစည်းအရုံး/ ကရင်လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)။ KNU/KNLA(PC)

၃။ ကရင့်အကျိုးပြုဒီမိုကရေစီတပ်မတော်။ DKBA

၄။ ကချင်လွတ်မြောက်ရေးအဖွဲ့။ KIO

၅။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ။ KNPP

၆။ ချင်းအမျိုးသားတပ်ဦး။ CNF

၇။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး။ ABSDF

၈။ မွန်ပြည်သစ်ပါတီ။ NMSP

၉။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့။ PNLO

၁၀။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ။ RCSS/SSA

၁၁။ ရှမ်းပြည်တိုးတက်ရေးပါတီ။ SSPP/SSA

၁၂။အမျိုသားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်မတော်(မိုင်းလား)။ NDAA-ESS

၁၃။"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ။ UWSA

၁၄။ ရခိုင်လွတ်မြောက်ရေးပါတီ။ ALP

၁၅။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ။ NSCN-K

၁၆။ တအင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်။ TNLA

တို့ဖြစ်သည်။ ယင်း ၁၆ဖွဲ့အနက် TNLAအဖွဲ့ကလွဲပြီး ကျန် ၁၅ဖွဲ့သည် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရန် ပြင်ဆင်နေသည်။ သို့သော် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)သည် TNLA၊ AA နှင့် ကိုးကန့်အဖွဲ့တို့ အပါအဝင် အဖွဲ့အားလုံးပါဝင်မှသာ လက်မှတ်ထိုးမည်ဟ ဆိုထားသည်။

အစိုးရလက်မှတ်ထိုးရန် ပြင်ဆင်နေသည့် ၁၅ဖွဲ့မှ KIOမှလွဲပြီး အခြား ၁၄ဖွဲ့သည် ပြည်နယ်အဆင့် အပစ်ရပ်ရေး သဘောတူထားပြီးသည့် အဖွဲ့များဖြစ်သည်။ KIO သည် ၁၉၉၄တွင် တပ်မတော်အစိုးရနှင့် အပစ်ရပ်သဘော တူညီခဲ့သည်။ ယင်း၁၇နှစ်ကြာ အပစ်ရပ်ရေးသဘောတူညီချက်သည် ၂၀၁၁ခုနှစ် ဇွန်လတွင် ကျိုးပျက်ခဲ့သည်။ သို့သော်ယင်းနောက်ပိုင်းဖြစ်ပေါ်သော KIO နှင့်အစိုးရ တိုက်ပွဲများ အတွက် အပစ်အခတ်လျော့ချရေး စာချုပ်များကို သဘောတူထားသဖြင့် လက်မှတ်ရေးထိုးရေးအဖွဲ့များအတွင်း KIO ကပါရှိနေခြင်းဖြစ်သည်။

TNLA ကမူ ငြိမ်းချမ်းရေးဆွေးနွေးရန် စတင်သည့်အချိန်ကပင် ၎င်းးတို့တောင်းဆိုသည့် အချက်များကို နှစ်ဖက်အကြား သဘောတူညီမှုမယူနိုင်သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ကျန်ရှိခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်မင်းက ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly