မဲစာရင်းမှားတာ “ကျနော်တို့ အသုံးမကျလို့မဟုတ် Computer System မကောင်းတာ” လို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်ပြော

မဲစာရင်းမှားတာ “ကျနော်တို့ အသုံးမကျလို့မဟုတ် Computer System မကောင်းတာ” လို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်ပြော

ရန်ကုန်၊ စက်တင်ဘာ ၁၉။            ။ မဲပေးခွင့် ရှိကြသူတွေအနေနဲ့ မဲစာရင်းကို ကြည့်ရှုဖို့ သီတင်းပတ် ၂ ပတ် အချိန်ရပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ရပါတယ်။ ဒါပေမယ့် ဝေဖန်ခံရမှုတွေ များလာပါတယ် ရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒနယ် အကုန်လုံး မဟုတ်ဘဲ အချို့နေရာတွေမှာ မဲစာရင်းတွေကို ပြည်သူကို ချပြတဲ့ ကာလကို အကန့်အသတ်မရှိ ရက်တိုး တာတွေလုပ်ခဲ့ပါတယ်

ပြီးခဲ့သည့် လပိုင်းကစခဲ့တဲ့ နေရာအနှံ့ ရေကြီးမှုတွေကလည်း ရေဘေးသင့်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုက ရွေးကောက်ပွဲ ဆပ်ကော်မရှင်အဖွဲ့တွေကို ခေါင်းခဲစေခဲ့ပြီး နေရာတချို့မှာ ကော်မရှင် ရုံးတွေတောင် ရေမြုပ်တဲ့အတွက် ပြန်လည်ပြင်ဆင်ရေး စာရွက်စာတမ်းများ လက်ခံရေး စတဲ့ ပြဿနာတွေ ကြုံခဲ့ရပါတယ်။

အကြောင်းကြောင်း တွေကိုထောက်ပြီး ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကောင်မရှင်က ဦးစီးကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်နိုင်ပါ့မလား ဆိုတဲ့ ဝေဖန်သုံးသပ် မေးခွန်းထုတ်မှုတွေက ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ပိုပြီး ကျယ်ကျယ် လောင်လောင် ပေါ်ထွက် လာနေပါတယ်။

အမှားအယွင်း တစိုးတစိမှ မပါသော မဲဆန္ဒရှင်စာရင်းကို စုစည်းရသော လုပ်ငန်းစဉ်သည် အိမ်ထောင်စုမှတ်ပုံတင် စာရင်းများ တိကျမှုပေါ် တကယ်ပဲ မူတည်နေပြီး၊ ဒေသခံ အုပ်ချုပ်ရေး ရုံးတွေမှာရှိတဲ့ ယင်းအချက်အလက် စာအုပ်တွေက အချက်အလက်များ နောက်ဆုံးရမဟုတ်ခြင်း၊ ပျောက်နေခြင်း၊ မှားနေခြင်း စတာတွေရှိနေလို့ မဲပေးကြမယ့် ပြည်သူတွေ ပြီးခဲ့တဲ့ လတွေအတွင်းက တွေခဲ့ရပြီး ဖြစ်ပါတယ် ဧရာဝတီတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ကတော့ မဲစာရင်း အမှားတွေဖြစ်တာ ကွန်ပျူတာ Software) ကြောင့်လို့ ဆိုပါတယ်။

အမှန်က ကျွန်တော်တို့ အသုံးမကျလို့ မဟုတ်ဘူးဗျ System မကောင်း တာ။ ပထမဆုံးI Pad ကနေ System တစ်ခု ထုတ်ပေးလိုက်တယ်။ အဲဒီ System နဲ့ ကျွန်တော်တို့က ပထမဦးဆုံး မဲစာရင်းတွေ ကြေညာတယ်။ အဲဒီ System က ကောင်းတယ်ဗျ။ ဦးဖြူလို့ ရိုက်လိုက်ရင် ထွက်လာရင်လဲ ဦးဖြူပဲ။ ဦးမဲ ထွက်မလာဘူး။ ရိုက်တဲ့အတိုင်း ပရင့်ထုတ်ရင် ဒီတိုင်း ထွက်တယ်။ ဒါက စစချင်းကျွန်တော်တို့ မဲစာရင်းကြေညာတဲ့ အချိန်ပေါ့။ အဲ့ဒါက ဇူလိုင်အကုန်မှာပြီး သွားတယ်ပေါ့ဗျာ။ ပြီးသွားတဲ့အခါကျတော့ ပုံစံ(၃)နဲ့ လျောက်တယ်။ သေတဲ့လူတွေ၊ ပြောင်းသွားတဲ့ လူတွေ၊ ဘုန်းကြီးဝတ် သွားတဲ့လူတွေ ပယ်ခိုင်းတယ်ပေါ့ဗျာ။ အဲ့အတိုင်းပဲ ကျွန်တော်တို့ ထည့်တာ ပေါ့ဗျာ။

အချက် အလက်တွေမှားနေလို့ရှိရင် (၄)(ဂ)နဲ့ ကျွန်တော်တို့ ပြင်တာပေါ့။ဟော Print ထုတ်တဲ့ အခါကျတော့ တလွဲတွေ ချည်းပဲဗျ။ အဲဒါဆို ဒီဆော့ဝဲ က ကောင်းသလားဗျ။ ကျွန်တော်ပြောမယ်။ တိုင်းရင်းသားတွေ စာရင်းရိုက်ပါ ဆိုပြီး ပေးလိုက်တယ်ပေါ့ဗျာ။ ပရင့်ထုတ်တဲ့အခါကျတော့ တဝက်တပျက် ပဲပါလာတယ်။ အဲဒါ ဘယ်လိုလုပ်သွား ကောင်းမလည်း။ အဲဒါမျိုးတွေ ပြန်ပြန်ပြင်တော့ အခု ဒီ System ကို ပြင်တာ(၁၈)ကြိမ် ရှိပြီတဲ့။ အခုထိပဲ မှားနေတုန်းဆိုတော့ ဘယ်လိုလုပ် သုံးမလည်းဗျ။ ကျွန်တော်တို့က မဲဆန္ဒရှင်တွေရဲ့ ယုံ ကြည်မှုကို ဘယ်လိုလုပ်ယူမလည်း။

 

မဲစာရင်းကိုအိမ်ထောင်စုလိုက်မထုတ်ပဲ အက္ခရာစဉ်အလိုက် ထုတ်တဲ့အတွက် အမှားအယွင်းများကုန်တာလို့ ဦးအောင်မြင့်ကပဲ ဆိုပါတယ်။

အက္ခရာ စဉ်လိုက်ထုတ်တယ်တဲ့ဗျာ။ အခုကျွန်တော့ကို အကြီးအကျယ် စောဒကတက် နေကြတယ်။ ကျွန်တော်လည်း မပြောတတ်တော့ဘူး။ စိတ်လည်း တိုနေပြီ၊ စိတ်လည်း တော်တော်ညစ်နေပြီ။ အဓိပ္ပါယ် မရှိတာဗျာ။ မြန်မာလူမျိုးမှာ ဒီအက္ခရာစဉ်လိုက် ဘယ်တုန်းကမှ မလုပ်ဘူးဗျ။ အိမ်ထောင်စုတစ်စုမှာ အိမ်ထောင် ဦးစီး ဆိုတာရှိတယ်။ နောက်မှာ သူ့ဇနီးရှိတယ်။ နောက်မှာ သူ့သားတွေ သမီးတွေ တန်းစီပြီးရေးထားတာ။ အဲ့အတိုင်းပဲ မဲစာရင်းကပ်ရတာဗျ။ အခု အက္ခရာစဉ်လိုက် ကပ်တယ်တဲ့။

အက္ခရာစဉ်လိုက် ကပ်တော့ ယောက်ျားက ဟိုနေရာမှာ သုံးယောက်၊ မိန်းမက ဟိုနေရာရောက်။ အကုန်လုံး မတူဖြစ်။ နောက်ပြီးတော့ မဲရုံခွဲတဲ့အခါကျရင် မိန်းမက မဲတစ်ရုံဖြစ် ယောက်ျားက မဲရုံတစ်ရုံ ကျိန်းသေပေါက်ဖြစ်ဦးမယ်။ မဲစာရင်းတွေက တောင်ရောက်မြောက်ရောက်။ အဲဒါတွေက ကျွန်တော်တို့ကို ကွန်ပလိမ်းတက်။ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူးဗျာ။

ကျွန်တော်တို့လည်း ပြောတာခံရုံပဲ ရှိတော့တာပဲ။ အခုကျွန်တော်တို့ဆို ပြောတာပေါ့ဗျာ။ ခင်ဗျားတို့ ဘယ်လိုလုပ်တာလည်း။ အသုံးမကျဘူး။ အေး ပြောပေါ့ဗျာ။ ကျွန်တော်တို့လည်း ခံရုံပဲရှိတော့တာပေါ့။ ကျွန်တော်ကတော့ စိတ်ထဲ တော်တော်ခံပြင်းနေတယ်ဗျာ။

 

ဒီလို မှားယွင်းမှုတွေနဲ့ကြုံနေချိန် ကော်မရှင်အဖွဲ့ခွဲအချို့ အတော်ခေါင်းစားနေချိန်မှာ နေပြည်တော် ကောင်စီနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်ထက်ကျော်ကတော့ သူ့နယ်မြေမှာ ပြဿနာ မရှိဘူးလို့ ဆိုပါတယ်။

ဒီမှာတော့ ဘာပြဿနာမှ မရှိပါဘူး။ လိုတဲ့လူတွေထပ်ဖြည့်ပေးတာပဲ။ ကျွန်တော်လည်း လိုက်စစ်ပြီးပါပြီ ကျန်ခဲ့ရင် ပုံစံ(၃)နဲ့  ထပ်ဖြည့်ပြီးရင် အဲမှာပဲ ပြန်ပြင်ပေးတယ်။ မဲ စာရင်းကျန်ခဲ့ရင် ပုံစံ(၃)နဲ့  ထပ်ဖြည့်ပြီးရင် ထပ်ထည့်ပေး တယ်လေ။ ဟိုးအရင်ဟာတွေက သြဂုတ်လ(၃၀)ရက်နေ့က အကုန် ထပ်ဖြည့်ပေးပြီးသွားပြီ။ အခုက ပြီးပြီလေ။ ဒါနောက်ဆုံးပဲ။ ပုံစံ(၃)(က)တွေပဲ ကျန်တော့တယ်။ အခုတိုင်းလည်း ၂၇ ရက် ဆိုပေမယ့် ၂၇ ရက်မကပါ လုပ်ပေးမှာပါ။ အခုတိုင်း ရပ်ကွက်တွေမှာ ကပ်ထားတယ်မလား ကြည့်လို့ရပါတယ် မပါတဲ့ သူတွေ။ မဲစာရင်းမပါရင်လည်း ပါတယ်လေ။ သက်သေခံ လက်မှတ်တွေ ထုတ်ပေးဦးမှာပေါ့ နောက်တစ်ကြိမ်။ ရွေးကောက်ပွဲမတိုင်မှီ တစ်ပတ်အလိုအထိ လုပ်ပေးမှာပေါ့။

 

ပြီးခဲ့တဲ့မတ်လက ပဏာမအဖြစ် မဲဆန္ဒရှင်စာရင်းတွေကို လူထုထံချပြခဲ့စဉ်ကတည်းက အမှားတွေ တက်လာမှာကိုသိထားတယ်လို့ ရွေးကောက်ပွဲကော်မရှင် အရာရှိတွေကဆိုပါတယ် ရွေးကောက်ပွဲ မတိုင်ခင် ဆိုခဲ့ပါ အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တဲ့ အစီအစဉ်တွေ ပြင်ဆင်ထားတယ်လို့ ရွေးကောက်ပွဲကော်မရှင် က ပြောကြပါတယ် မဲစာရင်းတွေ မိသားစုတစ်စုလုံးကမောက်ကမ ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့် မြို့နယ်နေ ဦးမြင့်စိုးကတော့ တချို့ဟာတွေက တမင်ဖန်တီးထားတယ်လို့တောင် ထင်မြင်နေပါပြီ။

ကျနော်တို့ လင်မယား နှစ်ယောက်ပေါ့နော် မှတ်ပုံတင်တွေက (နိုင်) တွေရှိရဲ့သားနဲ့ စာရင်းမှာ သုံးခေါက်ချိုး တွေနဲ့ထွက်နေတယ်။ ဒါပေမယ့် ဆိုးတာက သားသမီးလေးယောက်မှာ တစ်ယောက်မှ မှတ်ပုံတင် နံပါတ်တွေ မပါဘူး။ အကုန်လုံး မှတ်ပုံတင်(နိုင်)တွေ ရှိပြီးသားမပါဘူး။ နောက် တခါ ကျနော့် မွေးနေ့ သားသမီးတွေရဲ့ မွေးနေ့ အကုန်လုံးဟာ သက္ကရာဇ်မှန်တယ် အားလုံး ၂၉ ရက် ၆ လတွေချည်းပဲ။ အကုန်လုံးတူတယ် ခုနှစ်ကလေးပဲ ကွာတာ။

နောက်တစ်ခါ ပိုဆိုးတာက အငယ်ဆုံးသားက နန္ဒအောင်အောင်ပေါ့ အဲဒီ နန္ဒအောင်အောင် ဆိုတဲ့ သားက မနန္ဒာအောင်ဆိုပြီး အပေါ်ဆုံးမှာ သွားပေါ်နေတယ်။ အဲဒီမနန္ဒအောင်က မှတ်ပုံတင်က သားမှတ် ပုံတင်ဖြစ်နေတယ် ကျနော့်သား မှတ်ပုံတင်က သူဆီမှာမပေါ်ဘူး။

အဲဒီမနန္ဒာအောင်ဆိုတဲ့ သူတို့ဖန်တီးထားတဲ့ တစ်ယောက်ဆီမှာသွား ပေါ်နေတယ် အဲဒီမနန္ဒအောင်ရဲ့ အဖေက ကျနော့်နာမည် အမေက ကျနော့်အမျိုးသမီးရဲ့ နာမည်။ ဒါပေမယ့် ဘာလွှဲထားသလဲဆိုရင် ယဉ်မှာက နာမည်အရင်း အစစ်က ယ ညလေးသတ် အဲဒီ မနန္ဒအောင် မှာ ကျတော့ ရ ငသတ် သွားလုပ်ထားတယ်။ အိမ်လိပ်စာက ၅/၁၁၂ မှာတူတယ် ကျနော်တို့က သင်္ဂါဟလမ်း သွားလုပ်ထားတာက မြို့သစ်လမ်းသွားလုပ်ထားတယ်။  အဲဒါက သီးသန့်ကိုဖော်ထားတယ်လို့ အဓိပ္ပါယ်ထွက်တယ် စာရွက်တစ်ရွက်ထဲမှာ ကျနော့်မှာ သက်သေရှိတယ် သက်သေဆိုတာ အဲဒီစာရွက်ကိုဓါတ်ပုံ ရိုက်ထားတဲ့ဟာရှိတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly