အမှားများနေတဲ့ မဲစာရင်းတွေက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ထိခိုက်စေမလား

အမှားများနေတဲ့ မဲစာရင်းတွေက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ထိခိုက်စေမလား

မဲစားရင်း အမှားအယွင်းတွေနဲ့ ရွေးကောက်ပွဲ သတင်းတွေကတော့ ဆူဆူညံညံ ဖြစ်လာပါပြီ၊ ဒီရွေးကောက်ပွဲ အခြေအနေတွေကို လေ့လာနေတဲ့သူတွေလည်း လေ့လာနေကြပါပြီ။ ဒီတော့ မဲစာရင်း အမှားအယွင်းတွေနဲ့ ဒီရွေးကောက်ပွဲ အောင်မြင်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ အမှားမှား အယွင်းယွင်းတွေနဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက်အထိ လွတ်လပ်ပြီး တရားမျှတပါတယ်လို့ ပြောနိုင်မလဲ။ လွန်ခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနဲ့ လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ဘာတွေများ ကွာခြားပါသလဲ။ ယုံကြည်ရသော ရွေးကောက်ပွဲ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်နဲ့ အသေးစိတ် မေးမြန်းထားပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ စနေပြီ၊ နောက် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူတွေကလည်း လေ့လာ စောင့်ကြည့် နေကြပြီဆိုတော့ လေ့လာသူတွေအနေနဲ့ ခု ကြုံတွေ့နေရတဲ့ အဓိက အခက်အခဲက ဘာလဲ။

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အဓိက စိန်ခေါ်မှုကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချိန်ဇယား၊ ရွေးကောက်ပွဲနှင့် ပတ်သက်တဲ့ အချိန်ဇယားတွေ အချိန်နဲ့ တစ်ပြေးညီ မရတာပေါ့လေ။ အဲဒါက ကျွန်တော်တို့အတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ပါပဲ။

ကျွန်တော်တို့ ရွေးကောက်ပွဲ စောင့်ကြည့်တယ်ဆိုတာက စောင့်ကြည့်တဲ့ သူတွေကို သင်တန်းပေးရမယ် သင်တန်းပေးတဲ့ အခါမှာလဲ ချိန်ရတာပေါ့လေ သင်တန်းနဲ့ စောင့်ကြည့်ရမယ်ရက်နဲ့ ဘယ်လောက်ဝေးသလဲ နီးသလဲ ဝေးသွားမယ်ဆိုရင် သင်တန်းနှင့် ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေဟာ အရည်သွေးတွေ ကျဆင်းသွားမှာ စိုးတဲ့အတွက်ကြောင့် တတ်နိုင်သမျှ နီးအောင် အဲလိုပြင်ဆင်ဖို့ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ဆီကနေ တိကျတဲ့ အချိန်ဇယားတွေ လိုတယ်။

ဘယ်နေ့မှာဘာလုပ်မယ်။ မဲစာရင်းတွေကိုဘယ်နေ့မှာကပ်မယ် ဘယ်နေ့မှာ ကြေငြာမယ် ဆိုတာမျိုးပေါ့ ပြီးခဲ့တဲ့လတွေထိ မသိရဘူး ရွေးကောက်ပွဲနေ့ကလွဲပြီး ကျန်တာတွေမသိရဘူး မသိရတော့ ကျွန်တော်တို့က ရွေးကောက်ပွဲနေ့ကတော့ နိုဝင်ဘာလ(၈) ရက်နေ့ရှိမယ် အကြမ်းဖျင်းကတော့ ရွေးကောက်ပွဲ မတိုင်ခင် နှစ်လ မဲဆွယ်စည်းရုံးရေးဆင်းမယ်။

အဲလို ယေဘုယျဆန်တဲ့ အချိန်ဇယားတွေနဲ့ဘဲ ကြည့်တဲ့အခါ ကျွန်တော်တို့အတွက် ပြင်ဆင်ရတာခက်မယ် လူရှာရတာခက်တယ် ကျွန်တော်တို့က လုပ်အားပေးတွေနဲ့ အလုပ်လုပ်ရတာကို လုပ်အားပေးတွေ စုဆောင်းတယ် လုပ်အားပေးဆိုတာကလည်း အချိန်ပြည့် မဟုတ်တော့ သူတို့အားတဲ့ရက်မှ မအားတဲ့ရက် ရှိတာ့ပေါ့ အဲဒါကတော့ ပထမ ရင်ဆိုင်ခဲ့ရတဲ့ အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။

 

ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ဘယ်ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်ခွင့်ရပြီ ဘယ်ကိုယ်စား လှယ်လောင်းတွေကိုတော့ ခွင့်ပြုပြီ ဘယ်ကိုယ်စားလှယ်လောင်းတွေကိုတော့ ခွင့်မပြုဘူး အဲဒါကိုလည်း ကျွန်တော်ထင်တယ် အဲဒါကိုလည်း မသိရသေးဘူး။

ကျွန်တော်တို့က ဖြစ်စဉ်ကိုလေ့လာချင်တယ် ဒါမှလဲ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဒီဖြစ်စဉ်ရဲ့ အားနည်းချက်ကဘာလဲ အားသာချက်တွေက ဘာလဲ ကျွန်တော်သိရမယ်။ အဲလိုသိရမှလည်း ကျွန်တော်တို့က ကော်မရှင်နဲ့ကော်မရှင်ခွဲတွေရဲ့ အချက်လက်တွေလိုတယ် ပထမတစ်ချက်က အဓိကပေါ့လေ ရွေးကောက်ပွဲ နည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ စောင့်ကြည့်တယ်ဆိုတဲ့သူတွေကို ခွင့်ပြုတယ်ဆိုတဲ့ ဥပဒေပိုင်းဆိုင်ရာ သဘောတရားအရ ကျွန်တော်တို့ကို ခွင့်ပြုတယ် ဒါကကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ ကြိုဆိုရမယ့် အချက်ပါပဲ။

ဒါပေမယ့်လည်းး တစ်ဆက်တည်းမှာ ဘာလိုအပ်သလဲဆိုတော့ ကျွန်တော်တို့အတွက် လိုအပ်တာ ပွင့်လင်းမြင်သာမှုပဲ ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ကျွန်တော်တို့ကို သတင်းအချက်လက်တွေ မပေးဘူး။ ဘယ်နေရာမှာ ဘာလုပ်မယ်ဆိုတဲ့  သတင်းအချက်လက်တွေ ဘယ်နေ့မှာ ဘာလုပ်မယ်ဆိုတဲ့ သတင်း အချက်ပိုင်းဆိုင်ရာမှာပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ ထိထိရောက်ေရောက် လေ့လာပြီး ထိထိရောက်ရောက် သုံးသပ်နိုင်ဖို့ အရမ်းခက်ပါတယ်။

ပြည်သူလူထု အတွက်ကော စောင့်ကြည့်လေ့လာတဲ့ သူတွေအတွက်ကော ကော်မရှင်အတွက် ဒီအရာဟာ နိုင်ငံရေးပါတီ အတွက်ကော ဘယ်သူတွက်မှ အဆင်မပြေဘူးဆိုတဲ့ အခါကျတော့ အဲဒီပွင့်လင်းမြင်သာမှု လေးကတော့ ကျွန်တော်တို့အတွက် ခုချိန်ထိ ခက်ခဲ ဖြစ်နေတုန်းပါပဲ။

 

ဆိုတော့ ဒီနိုဝင်ဘာ ရွေးကောက်ပွဲဟာ လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်လား ဘယ်အချက်တွေကို ကိုင်ဆွဲပြီး ပြောနိုင်မလဲ။

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လား မဖြစ်ဘူးလားဆိုတာ သုံးသပ်ဖို့ဆိုတာကတော့ ပိုပြီးတော့ ကျယ်ပြန့်မယ်ထင်ပါတယ် ဥပဒေ မှုဘောင်တွေရှိမယ်။ ဥပဒေမှုဘောင်လို့ ပြောတဲ့အခါ ကျွန်တော်တို့ ဥပဒေတွေရဲ့ အခြေခံဖြစ်တဲ့ အခြေခံဥပဒေတွေ ကနေစပြီးပြောဖို့လိုမယ်။ သူတို့ မဲဆွယ်စည်းရုံးတာလဲ စည်းရုံးတာပေါ့ ပြည်သူလူထုကိုပါ သူတို့က ဒီမိုကရေစီ စံနှုန်းတွေပါ သင်ပေးမယ်ဆိုရင် ရွေးကောက်ပွဲဟာ ပိုပြီးတော့ အဓိပ္ပာယ်ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ပြောချင်ပါတယ်

 

ရွေးကောက်ပွဲ ကော်မရှင်ကနေ ထုတ်ပြန်ထားတဲ့ မတရားသင်းတွေနဲ့ ဆက်နွယ်တဲ့ နိုင်ငံရေးပါတီတွေ အချိတ်ဆက် မလုပ်ရဘူး။ မတရားသင်းတွေ ဆက်နွယ်နေတဲ့ လှူဒါန်းငွေတွေ အကူညီကို မယူရဘူးဆိုတဲ့ အခါကျတော့  ဒီအချက်လက်တွေကို ကိုစိုင်းတို့ ရွေးကောက်ပွဲ အခြေနေကို လေ့လာစောင့်ကြည့်တဲ့ သူတွေ အနေနဲ့ ဒါတွေကို ဘယ်လိုစီစစ်မလဲ။

ကျွန်တော်တို့ကတော့ အဓိကအာရုံစိုက်တာ ရွေးကောက်ပွဲ အကြိုကာလ လေးမှာ ရှိတဲ့ မဲစာရင်း ကပ်တာရယ် မဲဆွယ် စည်းရုံးရေးကာလရယ် ရွေးကောက်ပွဲနေ့ရယ်ပါပဲ။ ဒါပေမယ့်လည်း ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးကို သုံးသပ်ဖို့ ဆိုတာကတော့ ကျွန်တော်တို့ ဥပဒေမှုဘောင်တွေကို စိစစ်မှုလုပ်သွားမယ်။ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ အစီရင်ခံစာမှာပေါ့ အစီရင်ခံစာ အပြည့်စုံကို ဘာထည့်သွင်းမလဲ ဆိုရင် နိုင်ငံရေးအခြေနေက ဘယ်လိုဟာမျိုးရှိတယ် ဆိုတဲ့အခါ ရွေးကောက်ပွဲ အကြိုကာလမှာရှိတဲ့ နိုင်ငံရေး အခြေနေကို ပြောမယ် မီဒီယာတွေဆိုရင်  မီဒီယာမှာရှိတဲ့ အဖြစ်ပျက်တွေ အခြားလေ့လာသုံးသပ်ချက်တွေ ထည့်မယ်။

တစ်ဆက်တည်းမှာပဲ ဘာရှိမလဲဆိုရင် ဥပဒေမူဘောင် သုံးသပ်ချက်ရှိမယ်။ ဥပဒေမူဘောင်ဟာ ရွေးကောက်ပွဲ တစ်ခုကို ပိုလွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုဟာ ဒီမိုကရေစီနည်းကျဖြစ်လာဖို့ ဘာတွေလိုအပ်တယ်။ ဘယ် အချက်တွေကတော့ အတားအဆီးဖြစ်လာနိုင်တယ် ဘယ်အချက်တွေကတော့ အသုံးကျတယ် ဘယ်အချက် တွေကတော့ ပြုပြင်ပြောင်းလဲဖို့ လိုတယ်ဆိုတာကို ထည့်သွင်းသုံးသပ်သွားမယ်။

 

ခုန ပြောသွားတဲ့ အထဲမှာ မဲစာရင်းကပ်တာ ဆိုတာပါတယ်။ မဲစားရင်းကပ်တဲ့ အထဲမှာကျွန်တော်တို့ လေ့လာမိသလောက်က နာမည်တွေမှားတယ် မွေးနေ့သက္ကရာဇ်တွေမှားတယ်  ပြီးတော့ သေဆုံးပြီးတဲ့သူတွေ ပါဝင်နေတယ်ပေါ့လေ။ အဲဒီတော့ ဒီဟာတွေဟာ အမှားအယွင်း တော်တော်များတယ်လို့တွေ့ ရတယ် အဲဒီအခါတော့ ဒီအရာတွေဟာ ဘာကြောင့်ဖြစ်လာတယ် ဘယ်သူမှာတာဝန်ရှိတယ် ဒါတွေကိုဘယ်လို လုပ်သင့်လဲ  ဒီရွေးကောက်ပွဲကို အခြေခံပြီး နောက်လာမယ့် ရွေးကောက်ပွဲ ကိုဘယ်လိုပြင်ဆင်သင့်တယ်လို့ မြင်သလဲ။

ကျွန်တော်တို့လဲ အဲဒီဟာကို ဒီ ၁၄ ရက်နေ့ မဲစာရင်းစပြီးတော့ကပ်မယ် စတင်ဘာ၂၇ ရက်နေ့ထိ ၁၄ရက် ကပ်မယ်။ အဲမှာလဲ မြို့နယ် ၁၁၀ ကျွန်တော်တို့ စောင့်ကြည့်လေ့လာတဲ့ သူတွေ အယောက် ၁၁၀ က အဲဒီမြို့နယ်တွေမှာ သူတို့ရဲ့ ဖြစ်စဉ်ဘယ်လောက်ကောင်းလဲ ဖြစ်စဉ်ဟာ ဘယ်လောက် ပြည်သူလူထုအတွက် အဆင်ပြေသလဲ မပြေသလဲဆိုတာ သုံးသပ်မယ်။

အဓိက အချက်ကတော့ အမှားအယွင်များတယ်ဆိုတဲ့ ဟာမျိုးကို ကျွန်တော်တို့ ဆိုရှယ်မီဒီယာတွေမှာလဲ တွေ့ရတယ်။ နောက်ပြီးတော့ မီဒီယာတွေမှာလဲ အဲဒါမျိုးပြောထား တွေ့ရတယ်။ ဒါပေမယ့် မတွေ့ရ တာကတော့ မဲဆန္ဒရှင် ပထမအရှေ့ပြေး ရွေးကောက်ပွဲ ကော်မရှင်ရဲ့ရှေ့ ကနဦးသူတို့ ကပ်သွားတဲ့ မဲစာရင်းပေါ့လေ ကနဦး မဲစာရင်းကပ်တယ်လို့ပဲ ပြောရမှာလားမသိဘူး။

အဲမှာလဲ သူတို့ မြို့နယ်ပေါင်း ၃၃၀ မှာကပ်သွားတယ် အဲမှာ မဲဆန္ဒရှင်ပေါင်း ၃၃ သန်းရှိမယ်လို့ ခန့်မှန်းတယ် အဲမှာ ဘယ်လောက်ထိ မှားယွင်းလဲဆိုတာ  တိတိကျကျ ကျွန်တော်တို့ မသိရဘူး အဲဒါလဲ ကျွန်တော်တို့ အတွက် ပြဿနာ။ ဒါပေမယ့် သေချာတာတစ်ခုတော့ရှိတယ် ကျွန်တော်တို့ ပြန်စဉ်းစားရမှာကတော့ ရွေးကောက်ပွဲ ကော်မရှင်ရယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနရယ် ဒီသုံးခု မဲစာရင်း မှားယွင်းတာကတော့ ကျွန်တော်တို့ မဲစာရင်း အိမ်ထောင်စုဇယားမှာ ကိုယ်တိုင်က မှားတာလား မှတ်ပုံတင်တွေကမှားတာလား ခုနက ဌာနသုံးခုဘာရှိတဲ့ အချက်လက်တွေက မှားတာလားဆိုတာ ကျွန်တော်တို့အတွက် မေးခွန်းအကြီးကြီးပါပဲ။

ကျွန်တော်ထင်တယ် မဲစာရင်းမှားတာ တစ်ခုတည်း မဟုတ်ဘဲ အဲဌာန သုံခုမှာရှိတဲ့ ဆက်ဆံရေး ကြားမှာရှိတဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းတဲ့အတွက်ကြောင့် ဒီထက်ပိုမှားတယ်လို့လဲ ကျွန်တော်မြင်ပါတယ်။ အဲတစ်ချက် နောက်တစ်ချက်က ကျွန်တော်တို့ ဒီမဲစာရင်းကို မှန်ကန်ဖို့ဟာ ပြည်သူလူထု မဲဆန္ဒရှင်ကိုယ်တိုင်မှာ တာဝန်ရှိတဲ့ သဘောမျိုး ဖြစ်တယ်။ မဲဆန္ဒရှင်ကိုယ်တိုင်က မဲစာရင်း သွားမစစ်ဘူး သွားမကြည့်ဘူးဆိုရင် မဲစာရင်းက မှန်ကန်တဲ့ မဲစာရင်း ဖြစ်မလာနိုင်ပါဘူး။

ဒီစနစ်ကလည်း ဒီ၁၄ ရက်ပြီးရင်တော့ ကျွန်တော်ထင်တယ်တယ် ဒါဟာ သဘောတရားအားဖြင့်လဲ နည်းနည်းလေး ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်လို့ ယူဆတယ်။ ဒါပေမယ့်လည်း ဘယ်လိုပြုပြင်ပြောင်းလဲမှု လုပ်ရမယ်ဆိုတာကတော့ ဒီ ၁၄ ရက်ကြာရင်တော့ ဒီထက်ပိုပြီး တိတိကျကျ ပြောနိုင်မယ်။

 

ပြန်ကောက်ရမယ်ဆိုရင် ခုနကပြောတဲ့ မဲစာရင်းတွေမှားနေတယ် ဒီမဲဟာရင်းတွေ မှားယွင်းမှုကရော လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဘယ်လို ထိုခိုက်စေမလဲ။

အဲမေးခွန်းကလဲ ကော်မရှင်နဲ့တွေ့တဲ့ခါ အရပ်ဘက် အဖွဲ့စည်းတွေ တော်တော်များများကလဲ မေးကြတယ် နိုင်ငံရေးပါတီကလဲ မေးမယ့်သဘောပါပဲ။ ဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်က ဖြေလျော့မှု တစ်ရပ်လုပ်တယ် မဲစားရင်းနဲ့ ပတ်သက်ပြီးတော့ ဒါကလဲ လက်တွေ့မှာ တကယ်အလုပ်ဖြစ်သလား မဖြစ်သလားဆိုတာတော့ ကျွန်တော်တို့လည်း သေချာစောင့်ကြည်ဖို့ လိုပါတယ်။

သူက ဘယ်လို ဖြေလျော့မှုမျိုးလဲ  ဆိုတာကတော့ ပထမဆုံး မဲဆန္ဒရှင် အတွက် မဲပေးနိုင်ဖို့ လိုအပ်ချက်တစ်ခု ရှိပါတယ်။ အဲဒါ မဲစာရင်းမှာနာမည်ပါ နေဖို့ပဲ နာမည်မှားမှား ဘယ်အချက်လက်တွေမှားမှား ကျွန်တော်ဟာ ကျွန်တော်အစစ် ဖြစ်တယ်ဆိုတာကို ကျွန်တော့် ပတ်ဝန်းကျင်ကလူတွေက သက်သေပြနိုင်ရင် ကျွန်တော်မဲထည့်လို့ ရတယ်ပေါ့ဗျာ။

အဲသဘောမျိုး မှတ်ပုံတင်ပြဖို့လဲ မလိုဘူး မဲဆန္ဒရှင် သက်သေခံကပ်ပြား ထုတ်ပေးမယ်လို့ လဲပြောတယ်။ တစ်နိုင်ငံလုံးကို သူတို့ထုတ်ပေးမယ် ဒီမဲဆန္ဒရှင် သက်သေခံ ကပ်ပြား ပျောက်သွားရင်ကောလို့ မေးတဲ့ အခါမှာ ကော်မရှင်ဥက္ကဌက သက်သေခံ လက်မှတ်ပျောက်သွားရင်လဲ ကိစ္စမရှိပါဘူးပေါ့။ အနိမ့်ဆုံးအဆင့် ခင်ဗျားနာမည်ဟာ မဲစာရင်းမှာပါနေမယ် ခင်ဗျားဟာ ဒီနယ်ကဖြစ်တယ် အစစ်ဖြစ်တယ်ဆိုတာကို ဘေးနားက ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက သက်သေပြနိုင်ရင် ထည့်လို့ရတယ်ဆိုတဲ့ သဘော။

ဆိုတော့ ရုတ်တစ်ရက် သဘောထားအားဖြင့်တော့ ပိုပြီးပျော့ပျောင်းတဲ့ မူဝါဒ သဘောမျိုးတွေရတယ် ဒါပေမယ့် ဖြစ်နိုင်ခြေက အများကြီးပို ဖြစ်သွားတယ် ဖြစ်သွားတဲ့ အခါကျတော့  ကျွန်တော်တို့ စိတ်ပူတာက ပြည်ထောင်စု အဆင့်ရွေးကောက်ပွဲ ကော်မရှင်မှာရှိတဲ့ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ကော်မရှင်ဥက္ကဌ ကြားထဲမှာရှိတဲ့ သဘော တူညီမှု ကျွန်တော်တို့ အောက်ခြေမှာမှာ တကယ်တမ်း ဆက်ဆံရမှာက ကော်မရှင်ခွဲတွေ မဲရုံဝန်ထမ်းတွေ သူတို့ကရော အဲလိုဆင်ခြင်မှုမျိုး လုပ်နိုင်လား။ သူတို့ကရော ဘယ်လိုရှင်းလင်းတဲ့ သတင်းအချက်လက်တွေကို ညွှန်ကြားချက်တွေ ပေးထားလဲ အဲဒါက မဲဆန္ဒရှင်တွေနဲ့ မဲရုံမှုးတွေနဲ့ ပါတီတွေနဲ့ ကြားထဲမှာ ဒါကို ရှင်ရှင်းလင်းလင်း မလုပ်နိုင်ဘူး တိကျတဲ့ညွှန်ကြားချက်မပေးနိုင်ဘူးဆိုရင် ဒါဟာအငြင်းပွားစရာ အများကြီး ဖြစ်နိုင်တယ်။

 

 ၂၀၁၀ တုန်းကတော့ အထွေထွေထွေ ရွေးကောက်ပွဲ ၂၀၁၂ တုန်းက ကြားဖြတ်ရွေးကောက်ပွဲ နှစ်ပေါင်း ၂၀ ကျော် ၃၀ လောက်ကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲ တွေနဲ့ ဝေးနေတာပေါ့လေ။ ဆိုတဲ့အခါကျတော့ ၂၀၁၀ /၂၀၁၂ ရွေးကောက်ပွဲတွေထက်စာရင် ခု ၂၀၁၅ ကတော့ ကိုစိုင်းပြောတယ် လွတ်လွတ်လပ်လပ် ပိုပြီး လွတ်လပ်လာတယ်လို့ ပြောတယ် ဆိုတဲ့အခါကျတော့ ပိုပြီးတော့ လွတ်လပ်လာတယ်လို့ ပြောလို့ ရတတဲ့အချက်တွေက ဘာတွေများဖြစ်မလဲ ဘယ်လိုအချက်မျိုးတွေလဲ။

ပထမတစ်ချက်က ၂၀၁၀ တုန်းကဆိုရင်  ကော်မရှင်က ကော်မရှင်နဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေ ကို ဘယ်သူမှ ဆွေးနွေးတာမျိုး မရှိဘူး။ ဒါက ပထမတစ်ချက် ခု ၂၀၁၅ မှာကျတော့ အရပ်ဘက် လူ့အဖွဲ့စည်းတွေနဲ့ ပုံမှန်တွေ့ဆုံပွဲတွေ လုပ်တယ်။ နိုင်ငံရေးပါတီတွေနဲ့ ပုံမှန်တွေ့ဆုံပွဲတွေ လုပ်တယ်။ ကျွန်တော်တို့ အရပ်ဘက် လူ့အဖွဲ့စည်းတွေရယ် နိုင်ငံရေးပါတီတွေရယ် အကြံပြုချက်ကို ပြင်ချင်လဲ ပြင်မယ် ပြင်ချင်မှလဲ ပြင်မယ်။ သေချာတာကတော့ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ နိုင်ငံသားတွေနဲ့ နိုင်ငံရေး ပါတီတွေ ပါဝင်လို့ရလာတယ်။

အဲတစ်ချက်တော့ ၂၀၁၂ ယှဉ်ကြည့်ရင်တောင် ပိုပြီး ပွင့်လင်းတယ်လို့ ထင်ရတယ်။ နောက်တစ်ချက်က သူတို့ကိုယ်တိုင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျွမ်းကျင်မှုမရှိဘူး နိုင်ငံတကာ အကူညီကို လိုအပ်တယ်။ နိုင်ငံတကာ အဖွဲ့စည်းတွေကို ဖိတ်ပြီးတော့ သူတို့ကိုယ်တိုင် နိုင်ငံတကာ အဖွဲ့စည်းတွေနဲ့ အတူထိုင်ပြီးတော့မှ သူတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပိုင်း ဆိုင်ရာကို အရည်သွေးပိုင်းဆိုင်ရာ မြင့်တင်ဖို့ ကြိုးစားမယ်။

သူတို့ အပြင်ထွက်တယ် ဆိုတာမျိုး နောက်တစ်ချက်က မီဒီယာတွေ ပိုပြီးအားကောင်းလာတယ် အဲဒါကတော့ ၂၀၁၀ မှာရော ၂၀၁၂ မှာပါ ယှဉ်ကြည့်မယ်ဆိုရင် ဒါက ရှင်းရှင်းလင်းလင်းရှိမယ်။ နောက်တစ်ချက်က ဘာရှိမလဲဆိုရင် ရွေးကောက်ပွဲ စောင့်ကြည့်တဲ့ သူတွေ အရင်တုန်းက ရွေးကောက်ပွဲ စောင့်ကြည့်တဲ့ သူတွေဆိုရင် ၂၀၁၀ မှာရော၂၀၁၂ မှာရော တရားဝင်မရှိဘူး ခုဆိုရင် သူတို့က နည်းဥပဒေထုတ်ပြီးမှ ရွေးကောက်ပွဲ စောင့်ကြည့်တဲ့ သူတွေ တရားဝင်စောင့်ကြည့်လို့ရတယ် ၂၀၁၀ နဲ့ယှဉ်ကြည့်မယ်ဆိုရင် ဒီ ၂၀၁၅ က ပိုပြီးပွင့်လင်းလာတယ်လို့ ကောက်ချက်ဆွဲလို့ရပါတယ်။

 

ဆိုတဲ့အခါကျတော့ ကော်မရှင်ကလဲ ဒါဟာကျွန်တော်ထင်ပါတယ် သွေးတိုးစမ်းတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် စမ်းသပ်နေတဲ့ သဘောမျိုးဖြစ်နေတယ်။ ကျွန်တော်တို့ မဲဆန္ဒရှင်တွေကလဲ ရွေးကောက်ပွဲနဲ့ ဝေးနေတဲ့ အခါကျတော့ သိပ်ပြီး နားလည်စွမ်းအားနည်း နေတယ်ပေါ့။ နည်းနည်းမှားယွင်းနေတယ် ရှုပ်ထွေးတယ် ဒီအချက်တွေဟာ အဓိကအားဖြင့် ဘယ်သူမှာတာဝန်ရှိလဲ ဒါတွေကို ဘယ်လို လုပ်သင့်လဲ ဒီရွေးကောက်ပွဲကြီး အောင်မြင်ဖို့ ပေါ့လေ။

ရှင်းပါတယ် ရွေးကောက်ပွဲကို တာဝန်ယူပြီးတော့ ကျင်းပတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ တာဝန်အရှိဆုံးပဲ။ ကျွန်တော်တို့ ဥပဒေမူဘောင်တွေ နောက်ပြီးတော့ လုပ်ထုံးလုပ်နည်းတွေ သူကိုယ်တိုင် တာဝန်အရှိဆုံးလို့ ပြောတဲ့နေရာမှာ သူကပဲ ဦးဆောင်ဖြေရှင်းရမှာ ဥပဒေမူဘောင်တွေ လုပ်ထုံးလုပ်နည်းတွေက သူ့ဆီက လာတာကိုး။ သူပြောမှလဲ တရားဝင်ဖြစ်မှာ သဘောက အရပ်ဘက် လူ့အဖွဲ့စည်းတွေက ပြောနေလို့လဲ တရားဝင်မဖြစ်ဘူး။

သူကိုယ်တိုင်ကိုက အရေးကြီးတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင် တာဝန်အရှိဆုံးနဲ့ ပြောပိုင်ခွင့် အရှိဆုံးက ရွေးကောက်ပွဲ ကော်မရှင်ပါပဲ။ တစ်ချိန်တည်းမှာပဲ နိုင်ငံရေးပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေ သူတို့ ဒီစည်းမျဉ်း စည်းကမ်းတွေဟာ သူတို့ ကစားရမယ့် ကစားပွဲတွက် စည်းမျဉ်းစည်းကမ်းတွေ လုပ်ထုံး လုပ်နည်းတွေ ဆိုတော့ နိုင်ငံရေးပါတီဘက်လည်း ဒီလုပ်ထုံးလုပ်နည်းတွေ စည်းမျဉ်းစည်းကမ်းတွေကို အသေချာလေ့လာပြီးပေါ့။ ဒါတွေကတော့ လက်တွေ့မကျဘူး ဒါတွေကတော့ လက်တွေ့ကျတယ် ဒါတွေကတော့ ပြင်ပေးပါ။

ဒီအရာတွေကတော့ ရွေးရောက်ပွဲ ရွေးခါနီးမှ နိုင်ငံသားတွေကို စည်းရုံးတဲ့အခါမှာ ပြောဆိုတဲ့နေရာမှာ ပိုပြီး ရှုပ်ထွေးစေတယ် ဒီအချက်တွေကတော့ ရှင်းလင်းဖို့လိုတယ်ဆိုတာ ကျွန်တော်တို့ ပြောဖို့လိုတယ် ကျွန်တော်ထင်တယ် လုပ်ပိုင်ခွင့်အရှိဆုံးနဲ့ တာဝန်အရှိဆုံးနေရာမှာ ရွေးကောက်ပွဲ ကော်မရှင်ဖြစ်သလိုပဲ နောက်တစ်ခု အစိုးရဖြစ်လာမယ့် နိုင်ငံရေးပါတီတွေ ဒီနှစ်ခုက တာဝန်အရှိဆုံးပါပဲ။

 

ကျွန်တော်တို့ပြောခဲ့သလိုပဲ ရွေးကောက်ပွဲကလည်း ဝေးနေတာ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ် ဆိုတဲ့အခါမှာ ဒီ၂၀၁၅ ရွေးကောက်ပွဲကရော လွှတ်လပ်ပြီးမျှတမယ် ဒါမှမဟုတ်ရင် ဘယ်အတိုင်းတာထိ အောင်မြင်မယ်လို့ ထင်လဲ။

အရေးကြီးဆုံး အချက်တစ်ချက်ကကျတော့ မဲပေးမယ့် မဲဆန္ဒရှင်တွေဟာ မဲလာပေးတဲ့သူ များများလာပေးတယ် ဆိုရင် သေချာတယ် ပထမတစ်ချက်ရွေးကောက်ပွဲဟာ ပြည်သူလူထု စိတ်ဝင်းစားမှုရှိတယ်ဆိုတာကို ပြောလို့ရမယ်။ စစ်တမ်းကောက်ရတာရှိတယ် စစ်တမ်းကောက်ရတဲ့ မဲပေးမယ့်ရာခိုင်နှုန်းကများတယ် သဘောမျိုးပြနေတယ်။ ဒါပေမယ့််လဲ ရွေးကောက်ပွဲနေ့မှာ တကယ်လာပေးမလား မပေးဘူးလားဆိုတာ ကျွန်တော်တို့စောင့်ကြည့်ရမယ်။

တကယ်လို့ မဲပေးသူတဲ့သူနည်းတယ်ဆိုတဲ့ သဘောက ဘာကိုပြောချင်လဲဆိုရင်။ ဒီဖြစ်စဉ်ကို မယုံကြည်ဘူး ဆိုတဲ့ သဘော ဒီရွေးကောက်ပွဲကို မယုံကြည်ဘူးဆိုတဲ့ သဘော ဒါဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ မဲပေးတဲ့သူ နည်းတယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ အများကြီး မေးခွန်းထုတ်စရာရှိတာပေါ့။ နောက်တစ်ချက်က မယုံကြည်တာလဲ ဖြစ်ကောင်းဖြစ်မယ်။ ကြောက်တာလဲ ဖြစ်ကောင်းဖြစ်မယ် မဲသွားပေးတဲ့အခါမှာ ပြန်ပြီးတော့မှ တစ်ခုခု ဖြစ်သွားမှာစိုးတာမျိုး။

ဆိုတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ ဒီရွေးကောက်ပွဲ မှာ မဲဆန္ဒရှင် ဘယ်လောက် မဲလာပေးလဲ မပေးသလဲ ဆိုတာ ပထမတစ်ချက် အရေးကြီးတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ရွေးကောက်ပွဲ နေ့မှာရှိတဲ့ အခြေနေပေါ့ ရွေးကောက်ပွဲနေ့မှာ ပြည်သူလူထုက သူတို့ရဲ့ ဆန္ဒကို လုံလုံခြုံခြုံနဲ့ သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်တဲ့ အခါမှာ သူတို့မဲပေးချင်တဲ့သူကို ပေးတဲ့အခါမှာ သူတို့စိတ်ထဲမှာ လုံခြုံတယ်လို့ ခံစားရတယ်။

ရှေ့မှာမဲဆွယ်စည်းရုံးရေးတွေ ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့ပေါ့။ ကျွန်တော်တို့ မဲဝယ်တာပဲ လုပ်လုပ် အဲနေ့မှာတော့ ငါတို့ပေးတဲ့မဲဟာ ဘယ်သူမှမသိဘူး ငါတို့ပဲ သိတယ်။ ဒါကြောင့် ငါလုံလုံခြုံခြုံနဲ့ ငါပေးချင်တဲ့ ကိုယ်စားလှယ်ကို ပေးမယ်ဆိုတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးနိုင်မယ်။ သူတို့လည်း လာပေးမယ်ဆိုရင်တော့ ကျွန်တော်ထင်တယ် ဒီရွေးကောက်ပွဲဟာ သန့်ရှင်းတရားမျှတ တယ်ဆိုတာထက်စာရင် ထွက်လာတဲ့ ရလဒ်က ယုံကြည်ရတဲ့ ရလဒ် လက်ခံနိုင်တဲ့ ရလဒ်ဖြစ်နိုင်တယ်လို့ အဲပေါ်မှာပဲ မူတည်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly