ကုလ လုံခြံုရေးကောင်စီတွင် ယာယီအဖွဲ့နိုင်ငံဖြစ်ရန် ထိုင်း ကြိုးစားမည်

ကုလ လုံခြံုရေးကောင်စီတွင် ယာယီအဖွဲ့နိုင်ငံဖြစ်ရန် ထိုင်း ကြိုးစားမည်

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းတို့ လာမည့်သီတင်းပတ်တွင် နယူးယောက်သို့ ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်ချိန်တွင် ထိုင်းနိုင်ငံအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ယာယီအဖွဲ့ဝင်ဖြစ်ရေးအတွက် အကြိတ်အနယ် လျှောက်ထားမည်ဖြစ်သည်။

ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် ယင်းနေရာအတွက် အခွင့်အလမ်းကို အရအမိလှမ်း ယူမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆစ်ဝါနာမီသီက ပြောသည်။

ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံက ခေါင်းဆောင်များက ကုလသမဂ္ဂ နှစ် ၇၀ နှစ်ပတ်လည် အခမ်းအနားနှင့် ၂၀၁၅ ဖွံ့ဖြိုးမှုညီလာခံသို့ တက်ရောက်ကြမည်ဖြစ်ရာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထိုင်းနိုင်ငံ၏ ယာယီလုံခြုံရေးအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုအတွက် ကောင်းမွန်သည့် အခွင့်အရေး တစ်ရပ်ပင်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့က နိုင်ငံခြားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးရအောင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက နည်းလမ်းရှာကြိုးစားလျက်ရှိကြောင်းလည်း ဝါနာမီသီက ပြောသည်။

"ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဖွံ့ဖြိုးရေးတို့နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ အမြင်၊ မူဝါဒ၊ အတွေးအခေါ်တွေကို ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံများက အဓိက ခေါင်းဆောင်တွေ သိရှိသွားအောင် ကျွန်တော်တို့ ဦးတည်ထားပါတယ်။"ဟု ဝါနာမီသီက ပြောခဲ့သည်။

ထိုင်းနိုင်ငံက ၂၀၁၇ နှင့် ၂၀၁၈ အတွက် လုံခြုံရေးကောင်စီတွင် ယာယီအဖွဲ့ဝင်ဖြစ်လာရန်အတွက် လျှောက်ထားပြီးဖြစ်သည်။ ယင်းနေရာအတွက် မဲပေးရွေးချယ်မှုကို လာမည့်နှစ်လယ်တွင် ပြုလုပ် မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly