နိုင်ငံရပ်ခြားတွင် စစ်တပ် ပါဝင်တိုက်ခိုက်နိုင်သည့် ဥပဒေအား ဂျပန်ပါလီမန် အတည်ပြု

နိုင်ငံရပ်ခြားတွင် စစ်တပ် ပါဝင်တိုက်ခိုက်နိုင်သည့် ဥပဒေအား ဂျပန်ပါလီမန် အတည်ပြု

ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း နှစ်ပေါင်း ၇၀ တွင် ပထမဆုံးအဖြစ် ဂျပန်စစ်တပ်အနေဖြင့် နိုင်ငံရပ်ခြားနယ်မြေတွင် တိုက်ပွဲဝင် တိုက်ခိုက်ခွင့်ရှိမည့် ဥပဒေကို ပါလီမန်က အတည်ပြုမဲပေးသည်။

ဂျပန်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ဥပေဒေကြမ်းမဲပေးရာတွင် အတိုက်အခံများက မဲပေးအတည်ပြုနိုင်ရေး မရှိအောင် အင်အားသုံးကြိုးစားခြင်းကြောင့် ယင်းဥပဒေအတည်ပြုနိုင်ရေး နာရီအတန်ကြာအောင် ကြန့်ကြာခဲ့ရသည်။

ယင်းဥပဒေနှင့် ပတ်သက်ပြီး ဆန့်ကွက်သူများလည်း စုရုံးကာ ဆန္ဒပြကြသည်။

ဖွဲ့စည်းပုံအရ ဂျပန်တပ်များ နိုင်ငံရပ်ခြားတွင် တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားခြင်းဖြစ်ရာ များစွာသော ဂျပန်ပြည်သူများက ယခုလုံခြုံရေးဥပဒေကြမ်းအား မလိုလားဘဲ ကန့်ကွက်လျက်ရှိခြင်းဖြစ် သည်။ ဥပဒေကြမ်းအား အစိုးရကြီးစိုးသည့် အောက်လွှတ်တော်တွင် အတည်ပြုပြီးဖြစ်သည်။

တရုတ်နှင့် တင်းမာမှုများကဲ့သို့သော စစ်ရေးစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် ကာကွယ်ရေးမူဝါဒ အပြောင်းအလဲလုပ်ရန် အလွန်အရေးကြီးနေကြောင်း အစိုးရက ပြောသည်။

ဥပဒေကြမ်းအား ထောက်ခံမဲ ၁၄၈ မဲနှင့် ကန့်ကွက်မဲ ၉၀ ဖြင့် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း အထက်လွှတ်တော်ဥက္ကဌ မာစာကီယာမယဇာကီက ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly