အောင်မြင်တဲ့ အားကစားသမားဖြစ်ဖို့ အောင်သူ ဘယ်လိုတွေ ကြိုးစားခဲ့သလဲ

19 September 2015
အောင်မြင်တဲ့ အားကစားသမားဖြစ်ဖို့ အောင်သူ ဘယ်လိုတွေ ကြိုးစားခဲ့သလဲ

ဒီတစ်ပါတ် Meet the successful အစီအစဉ်မှာ ကျွန်တော်တွေ့ဆုံသွားမဲ့သူကတော့ မြန်မာ ယူ19 အသင်းမှာကစားရင်း ပရိတ်သတ်တွေကြားမှာ နာမည် ကြော်ကြားလာတဲ့ မြန်မာ့လက်ရွေးစင် ကစားသမား အောင်သူပဲဖြစ်ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ ဘောလုံးရာဇဝင်မှာ ပထမဦးဆုံး ရရှိတဲ့ဆုဖြစ်တဲ့ အာစီယံ အကောင်းဆုံး ကစားသမား သက်ငယ်ဆုကိုလည်း ရရှိထားသူဖြစ်ပါတယ်။ အခုလိုမျိုးအောင်မြင်သူတစ်ယောက်မဖြစ်လာခင် အောင်သူရဲ့ ဘဝအတွေ့အကြုံတွေကို သက်ရှိနိုင်ဖို့ အောင်မြင်သူနဲ့အတူ တစ်နေ့တာ နေထိုင်ရင်း စကားပြောကြည့်ပါမယ်။

 

အောင်သူရဲ့ ငယ်ဘဝကို ပြောပြပေးပါဦး။

ကျွန်တော်က ငယ်ငယ်တုန်းကတော့ မိတ္တီလာ ပင်တလဲရွာမှာ မွေးတာ နောက်ကျတော့ မကြာဘူး ကျွန်တော် ငယ်ငယ်လေးနဲ့ သူငယ်တန်းတောင် မတက်ရဘူးပေ့ါ။ အဖေက ရဲဆိုတော့ ဒီပျဉ်းမနားကို တာဝန်ကျတယ်။ ကျွန်တော် ပျဉ်းမနားကို ရောက်တယ်။ ပျဉ်းမနားရောက်တော့ ကျွန်တော် သူငယ်တန်းကို မတက်ရသေးဘူး။ မတက်ရသေးဘဲနဲ့ နောက်ကျတော့ ပျဉ်းမနားမှာပဲ သူငယ်တန်း တက်ပြီးတော့ ပျဉ်းမနား အလက (၁) ကျောင်းမှာပဲ တက်တယ်။

ငယ်ငယ်လေးတည်းက ဒီဘောလုံးဝါသနာကို ပါတာလား ဘယ်အချိန်လောက်ကတည်းက စပြီးကန်ဖြစ်တာလဲ။

ဘောလုံးကို ဝါသနာ ပါတာကတော့ နှစ်တန်း နှစ်လောက်ကတည်းက အဲဒီတုန်းကတော့ ဘောလုံးကို ကန်ချင်တာဘဲ သိတာလေ။ သိပ်ပြီးတော့ ဒီလိုကြီးတော့ မဟုတ်သေးဘူးပေ့ါ။ အဲလိုကလေးတွေနဲ့အပျော်ကန်တယ်။ သူငယ်ချင်းအချင်းချင်းတွေနဲ့ကန်တယ်။

နောက်ပိုင်းတွေကျတော့ သုံးတန်း လေးတန်း တွေကျတော့ ကျွန်တော်တို့ ကွင်းလေးရှိတယ်လေ ကျွန်တော်တို့ ပျဉ်းမနားက ကွင်းလေးထဲမှာ ဒီရပ်ကွက်အလိုက်တွေပေ့ါ။ အသင်းတွေ အများကြီးရှိတယ်လေ အဲ့လိုရပ်ကွက်တွေက လာလာကန်တယ်။ အဲ့ဒီမှာကန်ဖြစ်တယ်။

 

ပျဉ်းမနားမြို့ လောကမရစိန်ဘုရားကြီးအောက်က ကွင်းပြင်လေးဟာ အောင်သူ ငယ်စဉ်က ဘောလုံးကန် လေ့ကျင့်ခဲ့တဲ့ နေရာလေး တစ်ခုဖြစ်ပါတယ်။ ဒီကွင်းလေးမှာ ညနေခင်း ရောက်ပြီဆိုတာနဲ့ အောင်သူအပါအဝင် နီးစပ်ရာ ရဲဝန်ထမ်း အိမ်ယာက ကလေးတွေအားလုံး ဘောလုံး ကန်လေ့ရှိပါတယ်။ မြေပြင်ပေါ်မှာ တစ်စွန်းတစ်စ ပေါ်နေတဲ့ ကျောက်စလစ်ခဲ တွေကြားမှာ ခြေဗလာနဲ့ပဲ ဝါးလုံးကို တိုင်ထောင်ပြီးတော့ အနာခံကာ ဟိုကန်ဒီကန် ကန်ခဲ့ကြရတယ်လို့ ပြောပါတယ်။

ကိုယ်က အရင်တုန်းကတော့ ဘောလုံး ကန်ချင်တာဘဲ သိတာကိုး ကိုယ့်ရဲ့ ဒဏ်ရာရမှာတွေ ဘာတွေလဲ မသိဘူး အဲ့လို ကိုယ့်အသင်း ရှုံးနေရင်တော့ မရတော့ဘူး။ သူငယ်ချင်းတွေနဲ့ ကန်တယ်။ အဲလို ပိုက်ဆံကြေးတွေနဲ့ ချိန်းပြီးတော့ ကန်ကြတယ်။ ဒဏ်ရာရလဲရ ဘေးနားက အရွက်တွေကို ချွေ ချွေပြီးတော့ အနာသိပ်၊ သိပ်ပြီးတော့ ထပ်ကန်အဲ့လိုမျိုး။

 

နယ်မှာကျတော့ လေနည်းပြတွေဘာတွေ သပ်သပ်မှတ်မမှတ်မရှိတော့ အဲ့လို့ ထူးချွန်လာအောင် အခြေခံကို ဘယ်သူက လေ့ကျင့်ပေးခဲ့လဲ။

ကျွန်တော်က ငယ်ငယ်တုန်းကတော့ ကွင်းလေးမှပဲ ကန်တာပေါ့။ ကန်ပြီးတော့ ကျွန်တော် နည်းနည်း အရွယ်ရောက်လာတော့ ငါးတန်း၊ ခြောက်တန်း လောက်ကျတော့၊ ဒီနေပြည်တော် ဘောလုံးကွင်းမှာ နွေရာသီ သင်တန်းတွေဘာတွေ ရှိတယ်တဲ့။ နွေရာသီကျရင် သင်တယ်ဆိုတော့ အဲ့ဒါနဲ့ ကျွန်တော် နွေရာသီကျရင် သွားသွားပြီးတော့ Training သွားဆင်းတယ်။

 

အာင်သူမှာ ညီအစ်ကိုသုံးယောက်ရှိပါတယ်။ သူ့ရဲ့အစ်ကိုအကြီးဆုံးက ဆောက်လုပ်ရေး ဝန်းကြီးဌာနမှာ လက်ရွေးစင်တစ်ယောက်လို့ ပြောပြပါတယ်။ ညီအစ်ကိုသုံးယောက်စလုံး ဘောလုံးကန် ကောင်းကြတာကြောင့် ရပ်ကွက်ထဲမှာ သူတို့ကို လူသိများကြပါတယ်။

ဒီနယ်မှာကျတော့ ကျွန်တော်တို့ သုံးယောက်ကို ကြောက်တယ်။ ညီအစ်ကိုသုံးယောက်ပါရင် မကန်တော့ဘူး၊ အဲလိုမျိုးဗျာ။ အစတုန်းက ပိုက်ဆံကြေးအများကြီးတွေ တစ်သောင်းနှစ်သောင်းကြေး ကန်တယ်။ ညီအစ်ကိုသုံးယောက်ထွက်လာပြီးဆိုရင် မရတော့ဘူး။ ငါးထောင်ကြေးတို့ ဘာတို့ အဲလိုကြေးတို့ ဖြစ်ကုန်တယ်။

 

ငယ်စဉ်ကတည်းက ဘောလုံးကန်ဖို့အတွက် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချခဲ့တဲ့ အမှတ်တရကိုလည်း အခုလိုမျိုး ပြောပြခဲ့ပါတယ်။

ရှစ်တန်းအရွယ် တုန်းကတော့သိဘူး ခုနှစ်တန်းလား မသိဘူး သေသေချာချာတော့ မသိတော့ဘူး အဖေကြီးက အိပ်နေတော့ အဖေကြီးသား အရင်တုန်းကတော့ အကယ်ဒမီ ကျောင်းမရှိဘူလေ။ မရှိတော့ အဖေကြီးသား အားကစား သိပ္ပံသွားတော့မယ် အဲ့လိုမျိုး အဖေက ငါ့သားရယ် နေပါဦး တစ်နှစ် နေပါဦး။ မရဘူး သားသွားတော့မယ်ဆိုပြီး အဲ့လိုပြော။ ငယ်ငယ် ကတည်းက ကိုယ်က ရူးတာကို ရူးတာကြတော့ အဲ့လိုကြီးတော့ မရှိဘူး။ ဘယ်လောက်ပဲ အိမ်က အဆင်ပြေပြေ မပြေပြေပေါ့။ ကိုယ့်ဘာသာကိုယ်ပဲ ကျိတ်မှိတ်ပြီးနေတာ။

         

မြန်မာနိုင်ငံမှာ ဘောလုံး အကယ်ဒမီကျောင်း စတင်ပေါ်ပေါက်လာတဲ့ အချိန်မှာတော့ နိုင်ငံ တစ်ဝှမ်းလုံးမှာရှိတဲ့ လူငယ် ဘောလုံး မျိုးဆက်သစ်တွေကို ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ အောင်သူ တစ်ယောက်လည်း ရွေးချယ်ခံခဲ့ရပါတယ်။

ကျွန်တော် ၂၀၀၇ - ၂၀၀၈ က အဲ့လောက်မှာက ကျွန်တော်တို့ အကယ်ဒမီ ရွေးတာပေါ့။ တစ်နိုင်ငံလုံး ရွေးတာ။ တစ်နိုင်ငံလုံး ရွေးပြီးတော့မှ အကယ်ဒမီမှာ ကျွန်တော် အရွေးခံရတယ်။ အရွေးခံ ရပြီးတော့ ကျွန်တော် ဒီရန်ကုန်ကို ရောက်လာတယ်။ ရန်ကုန် ရောက်လာပြီးတော့ ရန်ကုန်မှာ ဒီတစ်နိုင်ငံလုံး ရန်ကုန်မှာ စုတယ်ပေါ့။

ဒီရွေးထားတဲ့ တစ်နိုင်ငံလုံး။ စုပြီးတော့ ဒီမှာ အဲဒီတုန်းကတော့ အများကြီးပေါ့ ဒီသုဝဏ္ဏ အဆောင်တွေ အပြည့်ပဲ။ အဲ့မှာ တစ်နိုင်ငံလုံး အကောင်းတွေ အကုန်စု စုပြီးတော့ အဲ့မှာရွေးတယ်။ ရွေးပြီးတော့ အယောက် ၃၀၊ ၁၅ နှစ်အောက် အယောက် ၃၀၊ ၁၃ နှစ်အောက် အယောက် ၃၀၊ ၁၁ နှစ်အောက် ၃၀၊ အဲ့မှာ ကျွန်တော်ကတော့ ၁၅ နှစ်အောက်၊ အယောက် ၃၀ ထဲမှာပါတာပေ့ါ။ ကျွန်တော် ၂၀၀၉ ကျတော့ မန္တလေးကို ကျွန်တော်ရောက်တယ်။

 

အဲဒီနောက်ပိုင်းမှာတော့ ၂၀၁၁ ခုနှစ်ရောက်တဲ့အခါ ယူ ၁၆ AFF ချန်ပီယန်ရှစ် ပွဲစဉ်မှာ အောင်သူရယ်လို့ စတင်မြင်တွေ့ခဲ့ရပါတယ်။ ယူ ၁၉ မြန်မာနှင့် ကာတာ ပွဲစဉ်အရောက်မှာတော့ အောင်သူရဲ့ လှပတဲ့ သွင်းဂိုးများကြောင့် မြန်မာပရိသတ်တွေ သူ့ကို စတင်သိရှိလာကြပါတယ်။

လူတော်တော်များများက မသိဘူး၊ အခုတင် ကျွန်တော် အဲလို နေတာလဲ အေးတယ်။ ပြီးတော့ လူကလည်း ကုတ်ချောင်းကုတ်ချောင်းနဲ့ ဆိုတော့ သိပ်ပြီးတော့ လူက သိပ်မသိဘူးပေါ့။ အခုတင် ကျွန်တော်က အဲ့လို ခေါင်းငုံ့ပြီးသွားရင် ဘယ်သူမှ မသိဘူး။ မသိတဲ့သူက များတယ်။ ပြီးကျတော့မှ အဲလို ခေါင်းတွေ ဘာတွေမော့တော့မှ အဲ့အောင်သူကြီး အဲလိုတွေသိတယ်။ ဒီအတိုင်းဆို မသိဘူး။

 

ဒီကျောင်းတွေမှာကော Training ပေးတဲ့ အခါကျတော့ သူငယ်ချင်းတွေနဲ့ အမှတ်တရ အဖြစ်အပျက်တွေ ရှိခဲ့သေးလာ။

ဘောလုံး ကန်ပြီးတော့မှရှိတယ်။ ကျွန်တာ်တို့ ၁၆ ရွေးတော့ကျတော့ Training က အဲလောက်ကြီးမှ မလုပ်ရတာ။ မလုပ်ရတော့ကြောင့် မကားနိုင်ဘူး၊ ကိုယ်က ကိုယ့်အသင်းကလည်း ရှုံးနေတယ် ကျတော့ စိတ်ကလည်းတိုနေပြီး အဲ့ဒါ သူငယ်ချင်းတွေကို အဲလို ကွင်းထဲမှာတွေပြောတာပေ့ါ။

ဟေ့ကောင်လို့ ဘောလုံးရရင် ငါ့ဆီပဲပေးတော့လို့ ငါ့ဘာငါ လုပ်ချင်တာလုပ်မယ်ကွားလို့ မင်းတို့ ငါ့စီပဲပေးတော့လို့ လူတွေကလည်း အကုန်လုံးကလည်း ကုန်နေပြီးလေ ကုန်နေတော့ ကျတော့ ကိုယ်က စိတ်ထဲကလည်း တိုနေပြီ။ ပထမကစားတာက မှေးပြီးတော့မှ ကစားတာ နည်းပြက ရှေ့တန်းတက်တဲ့။ ရှေ့တန်းတက်ဆိုလို့ ရှေ့တန်းတက် ကစားတာ ကစားရင်း ကစားရင်းနဲ့ ကျွန်တော် ဂိုးတွေဘာတွေ ရှုးသွားသေးတယ်။ ကျွန်တော်တို့ အသင်းက ၂-၁ နဲ့ နိုင်သွားတယ်။ အဲ့ဒါလေးတွေပဲ ရှိတယ်။

ဘဝမှာဝါသနာပါတဲ့ လမ်းကြောင်းကို လျှောက်လှမ်းရပေမဲ့လည်း ဘောလုံးအကယ်ဒမီ တက်နေစဉ်မှာ သူရဲ့မိသားစုက သူ့ကို ငွေကြေး ထောက်ပံ့ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလိုမျိုး အခက်အခဲတွေကို ကျိတ်မှိတ်ပြီးတော့ ရင်ဆိုင်ခဲ့တာကြောင့် ပြောပြပါတယ်။

စိတ်ဓာတ်ကျတဲ့အချိန်ကတော့ ကိုယ့်အိမ်ကလည်း အဆင်မပြေဘူး ဆိုတော့။ ဒါက အကယ်ဒမီ ကျောင်းကနေစပြီးတော့ ဒီ ယူ ၁၉ ရောက်တဲ့ အထိပေါ့။ ကိုယ့်အိမ်ကလည်းအဆင် မပြေဘူး။ ပြီးတော့ အစ်ကိုကလည်း ကျောင်းနေတယ် ကျတော့ ဘယ်လိုမှ မတတ်နိုင်ဘူးလေ။ ကိုယ်ဘာသာကိုယ်ပဲ ဒီအတိုင်းဘဲ အိမ်ကလည်း ပိုက်ဆံတွေဘာတွေ ပြန်မတောင်းတော့ဘူး။ ကျွန်တော် ဒီယူ ၁၉ ကိုစရောက်မှ အဲ့လို မုန့်ဖိုးသဘောမျိုးဘဲ ရတယ်လေ။ ၃၀၀၀၀ ပဲရတယ်။ ကိုယ့်ဘာသာကို အဲ့ဒါလေးနဲ့ဘဲ ကျိတ်မှိတ်ပြီးနေတာ။

 

အကယ်ဒမီ တက်ခဲ့တုန်းက သူငယ်ချင်းတွေလဲ ရှိမှာဘဲ။ အခု ယူ ၁၆ ရောက်တဲ့အခါမှာ အခု ဒီအချိန်အထိ ပေ့ါနော်။ ဘယ်လို သူငယ်ချင်းတွေ ပါလာခဲ့လဲ ဒါမှမဟုတ် တစ်ယောက်တည်းလား။

သူငယ်ချင်းတွေက ကျွန်တော်တို့ ယူ ၁၆ ကနေ ၁၉ ပြောင်းတော့ကြတော့ ကျွန်တော်တို့ ၉ ယောက် လောက်ပါတယ်။ အကယ်ဒမီ ကနေပြီးတော့ ၉ ယောက်လောက်။ အဲလို Training ဆင်းရင်း ဆင်းရင်းနဲ့ ပြုတ်သွားတာတွေလဲ ရှိတယ်။ အခုလက်ရှိကတော့ ကျွန်တော်နဲ့ ကျော်မင်းဦးလောက်ပဲ ရှိတော့တယ်။ နှစ်ယောက်ပဲ အကယ်ဒမီကျောင်းက ပါတယ်။ အခုအချိန်အထိပေါ့။

 

သုဝဏ္ဏကစားကွင်းက ဘောလုံး ကစားသမားတွေရဲ့ အိမ်မက်လို့ပြောလို့ရတာပေ့ါ။ အစ်ကို အနေနဲ့ကကော့ ဒီကွင်းကြီးမှာ ပထမဦးဆုံးကစားပြီးတော့ ပရိသတ်နဲ့ပေ့ါ မြန်မာပရိသတ်နဲ့ စတွေ့တဲ့ အချိန်မှာ ယူ ၁၉ ပွဲလားမသိဘူး အစ်ကို အဲဒီတုန်းက ဘယ်လိုခံစားခဲ့ရလဲ။

အဲဒီတုန်းကတော့ ဘရူးနိုင်းကနေ ပြန်လာတော့ ပရိသတ်တွေက အကုန်လုံးကို သိနေပြီးလေ။ နာမည်တွေ ခေါ်ပြီးတော့ အားပေးတယ်။ ပြီးတော့ အများကြီး အားပေးတယ်။ ပြီးတော့ ယူ ၂၀ အသင်းကိုလည်း အများကြီး အားကိုးတာပေါ့။ အားကိုးတဲ့အတွက်ကြောင့် အများကြီး အားပေး ကြတယ်။ အားပေးတဲ့အတွက်လည်း ကျေးဇူးလည်း အများကြီးတင်တာပေါ့။ ကိုယ့်ကို အားပေးတဲ့ ပရိသတ် ရှိတဲ့အတွက်ကြောင့် အများကြီး ကြိုးစားရမယ်ဆိုတဲ့ အတွေးတော့ ဝင်တာပေါ့။ အများကြီး ကစားပေးရမယ့် အတွေးလည်း ဝင်တယ်။ ပြီးတော့ ကိုယ့်နိုင်ငံအတွက်၊ ပြီးတော့ ကိုယ့်ရဲ့ အသင်းအတွက်ပေါ့။

 

ဆိုတော့ ပထမဦးဆုံးပွဲရဲ့ အတွေ့အကြုံကျတော့ အစ်ကို အဲ့မှာ ဒီအထဲမှာ စကစားတာ ရင်မခုန်ဘူးလာ။

အများကြီး ခုန်တာပေ့ါ။ ကွင်းကအဲလို မရိသတ်တွေစပြီး မြင်ကတည်းကိုက ဘယ်လိုလဲဆိုတော့ အများကြီး အဲလိုရင်တွေလဲခုန်တယ်၊ ပြီးတော့ ဒီကစားပြီးတော့ ၁၅ မိနစ်လောက်ကျမှ ကိုယ်က ပုံမှန် ပြန်ဖြစ်သွားတယ်။

 

ငယ်ငယ်တုန်းကပေါ့နော် ကျောင်းမှာ ကစားခဲ့တုန်းက အစ်ကိုအားကျအတုယူခဲ့တဲ့ ဘောလုံးသမားတွေကော ရှိလားအစ်ကို။ နောက်ပြီးတော့ကော အသင်းတွေဆိုရင် ဘယ်အသင်းကို အားပေးလဲ။

 

ရှိပါတယ်၊ အရင်တုန်းကတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကိုးစိုးမြတ်မင်းတို့ ဘာတို့ သူတို့ကိုကျတော့ အရမ်းသဘောကျတယ်။ ငယ်ငယ်တုန်းကတော့ တစ်အိမ်လုံးအားပေးတာတော့ မန်ယူပဲ။ နိုင်ငံခြား ကစားထဲမှာတော့ မက်စီပေါ့။

 

ကလေးဘဝကတည်းက ဘောလုံးကန်တဲ့အချိန် တစ်ချိန်ကျရင်၊ နိုင်ငံမှာ အောင်မြင်တဲ့ ဘောလုံး သမားကောင်း တစ်ယောက်ဖြစ်ရမယ် ဆိုပြီးဆော့ ရည်မှန်းချက်ရှိပြီးတာ့ ကစားခဲ့တာလား။

အရင်တုန်းကတော့ အဲ့လိုမျိုးထားခဲ့ဘူးတယ်ပေ့ါ။ အရင်တုန်းကတော့ လက်ရွေးစင်ကစားသမား တစ်ယောက်ဖြစ်ရမယ်။ ကိုယ်က ရူးတာကို ရူးတော့အဲ့လိုမျိုး၊ ဖြစ်ရမယ်ဆိုတော့ ထားခဲ့ဘူးတယ်ပေ့ါ။ စိတ်ဓာတ် ကျတာတွေ ဘာတွေရှိတယ်ပေါ့။ ဒါပေမဲ့ စိတ်ဓာတ် ကျတဲ့အခါတိုင်း ကျွန်တော့်ကို အားပေးတယ်ပေါ့ ကျွန်တော့် မိဘတွေက။ အစ်ကိုတွေက အားပေးတယ်ပေ့ါ။

 

အဲလိုမျိုးအားပေးတဲ့အခါကျတော့ ကိုယ့်မိဘနဲ့ အကိုယ့်အစ်ကိုတွေ ဘယ်လိုမျိုးပြောပြီးတော့နော် အားပေးလေ့ရှိလဲ ဘယ်လိုဆုံးမလေ့ရှိလဲ။

ဒီဘောလုံးကန်နေတာအဲ့လိုမျိုး ကိုယ်ကအဲလိုမျိုး စိတ်ဓာတ်ကျတဲ့အချိန်တွေမှာပ့ါ သူတို့ကတော့ ကိုယ့်ကို အတတ်နိုင်ဆုံး အားပေးစကားပြောတယ်။ ပြီးတော့ င့ါသား မင်းဘာမှမဖြစ်ဘူး အဲ့လိုပဲ။ ကြိုးစားပေ့ါ ဘာဖြစ်လဲ။ ၁ ကစပြီးတော့ ပြန်ကြိုးစား၊ အဲ့လိုမျိုးအားပေးတယ်ပေ့ါ။

 

ကျွန်တော်တို့တွေဟာ တစ်ခါတစ်လေဘဝမှာ မိမိဝါသနာပါတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့ပေမဲ့လည်း အရှုံးတွေနဲ့ ရင်ဆိုင်ကြရလေ့ရှိပါတယ်။ တစ်ခါတစ်လေမှာ အရှုံးတွေကြောင့် ဘဝကို ၁ က ပြန်စရလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း စိတ်ပျက်အားငယ်မနေဘဲ ဇွဲရှိရှိနဲ့ ကြိုးစားမှသာ အောင်မြင်မှုပန်းတိုင်ကို ရရှိမှာဖြစ်ပါတယ်။

အစ်ကိုဘဝမှာပေ့ါနော် အောင်မြင်မှုကို မရခင် ကြိုးစားနေတဲ့ အချိန်မှာပေ့ါ အရမ်းစိတ်ဓာတ်ကျပြီး ရှုံးနိမ့်ခဲ့ရတဲ့ မှတ်မှတ်ရရအရှုံးတွေကော ရှိခဲ့လား။

ဟုတ်ရှိပါတယ် ရှိတယ်ဆိုတာ ယူ ၁၉ တရုတ်က ပြန်လာပြီးတော့ ကျွန်တော်တို့ကို ကျွန်တော်ရယ် ကျော်မင်းဦးရယ်ကို ဒီဆီးဂိမ်း အိမ်ရှင်အတွက် ကျွန်တော်တို့ဒီမှာ ဆိးဂိမ်းအသင်းမှာ ရွေးခဲ့တယ်။ ရွေးပြီးတော့ ကျွန်တော်တို့ နိုင်ငံခြားတွေ ဘာတွေထွက်လိုက် ထွက်ပြီးတော့မှ အဲ့မှာကျွန်တော် ရွေးခါနီးကျတော့ ကျွန်တော်မပါဘူးဖြစ်သွားတယ်။ အဲ့မှာ တော်တော်လေးတော့ စိတ်မကောင်း ဖြစ်တာပေ့ါ။

ဒါပေမဲ့ ကိုယ်ကတော့ ကြိုးစားပန်းစားနဲ့ ကစားပေးတာပေ့ါ။ ဘာဘဲဖြစ်ဖြစ် ဘယ်ဘောလုံး သမားဘဲဖြစ်ဖြစ်ပေါ့။ လက်ရွေးစင်အသင်းကို ရွေးလိုက်ပြီးဆိုကတည်းကိုက ဘောလုံး ကန်နေတဲ့အချိန်မှာ ဘယ်လိုလဲ သူရဲ့ဒဏ်ရာတွေဘာတွေ သူဘာမှမသိတော့ဘူး။

ဒါကတော့ ဘောလုံးသမားတိုင်းမှာ ကိုယ့်ဘက်ကိုလည်း ပြောတာမဟုတ်ဘူး ဒါဘောလုံးသမားတိုင်း တွေထဲမှာ ဒီမြန်မာနိုင်ငံမှာ ရွေးထားတဲ့ ဘောလုံးသမားတွေ အကုန်လုံး တကယ့်တကယ် ကစားပြီ ဆိုရင်တော့ အဲလို မကစားနိုင်တာဘဲရှိမယ်။ ကျန်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တွေကတော့ အကုန်လုံး အားနဲ့ မာန်နဲ့ဘဲကစားကြတာပေ့ါ။

 

ဒီကစားသမားဘဝမှာပေ့ါနော် ကွင်းထဲမှာကန်နေရင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့အခါမှာ ပရိသတ်ကလည်း တစ်ဖက်က အားပေးနေတယ်။ အဲ့အခါကျတော့ ကိုယ်ကဆက်မကန်နိုင်တော့ဘူးလို့ ထင်တဲ့အခါကျရင် စိတ်ထဲမှာ ဘယ်လိုမျိုး ခံစားရလဲ။ ငါဘာလို့မကန်နိုင်ရတာလဲဆိုပြီးတော့ စိတ်မှာကိုယ့်ကိုကို အားမရဘဲ စိတ်တွေဘာတွေ ဖြစ်လား။

အဲ့လိုမျိုးကတော့ ဖြစ်တာပေ့ါ။ ကျွန်တော့ရဲ့ ခံယူချက်ကတော့ ပွဲတစ်ပွဲကစားပြီးဆိုရင် ကိုယ်ကစားနိုင်တဲ့အထိ ကစားတယ်။ တော်တော်ကြီးကို မရပေါ့။ ဥပမာ ဆိုးဆိုးဝါးဝါးပေ့ါ ကျိုးသွားတာတို့ ဘာတို့ အဲ့လို တကယ့်တကယ် ကစားနိုင်တော့မှဘဲ ထွက်တယ်။ ဒီကိုယ် စကားနိုင်သရွေ့ကတော့ ကစားပေးမယ်။

 

အောင်သူဟာ ၂၀၁၅ ခုနှစ် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင် နယူးစီလန်နိုင်ငံကို ပထမဦးဆုံး မြန်မာဘက်မှ ဂိုးသွင်းနိုင်ပေးခဲ့ပါတယ်။ ဒါအပြင် သူ့ရဲ့ပြင်းထန်လှတဲ့ ကန်ချက်တွေ ကစားပုံနည်းစနစ် တွေကို ဖီးလ်ဘာရဲ့ နည်းစနစ်ပိုင်းစာအုပ်တွေမှာ မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။ အာစီယံမှာ အကောင်းဆုံးကစားသမားဆုပေ့ါနော်။ ဆိုတော့ အဲ့ဒီဆုရခဲ့တဲ့ ပေါ်မှာကော အစ်ကိုအနေနဲ့ ဘယ်လိုပြောချင်လဲ။ ဘယ်လိုကြိုးစားခဲ့လဲ။

ကြိုးစားတာကတော့ ဟိုးငယ်ငယ်ကလေးထဲက ဒီလက်ရွေးစင်လောက်ပေါ့။ ဒီဘောလုံးမှာ လက်ရွေးစင် ကစားသမားဖြစ်အောင် ကိုယ်ကြိုးစားရင်း ကြိုးစားရင်းနဲ့ သူ့အလိုလိုလမ်းတွေကတော့ ပွင့်လာတာပေ့ါ။ ပွင့်လာတဲ့အတွက် အဲ့ဒီအတွက်လည်း အများကြီးလည်း ကျေးဇူးတင်တယ်။ ဒီဆုရတာလဲ မျှော်မှန်းမထားဘူးပေ့ါ။ မျှော်မှန်းမထားဘဲနဲ့ ရတာ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကတော့ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးကစားတာဘဲလေး။ အဲဒီအတွက် သူတို့က အသိအမှတ်ပြုခဲ့တော့လည်း အများကြီး ဝမ်းသာပါတယ်။

 

နယ်ပယ်အသီးသီးတွေမှာလည်း ဘဝမှာကြိုးစားသူတွေလဲရှိတယ် အဲဒီတော့ အစ်ကိုယ့်အနေနဲ့ပေ့ါ နော် နိုင်ငံ့လက်ရွေးစင် ကစားသမားတစ်ယောက်အနေနဲ့ လူငယ်တွေကို ဘယ်လိုမျိုးအားပေးစကား ပြောချင်လဲအစ်ကို။

ဘယ်အရာဘဲဖြစ်ဖြစ်ပေါ့။ နာမည်တစ်ခုရတာကတော့ အကောင်းဆုံးပဲပေ့ါ။ စီးပွားရေးလောကဘဲ ဖြစ်ဖြစ် ကိုယ်ကြိုးစားမယ်ဆိုရင်တော့ ဘာမဆိုဖြစ်နိုင်တာပေ့ါ။ အဲဒီအတွက်နေရာတစ်ခု ဥပမာ စီးပွားရေးလောကဘဲဖြစ်ဖြစ်၊ ဘောလုံးလောကဘဲဖြစ်ဖြစ်၊ ဘောလုံးလောကဆိုရင် နာမည်တစ်ခု ရမယ်။ သူကောင်းလာရင် နိုင်ငံလည်းကောင်းလာမယ် အဲ့ဒီအတွက် ဘာဘဲဖြစ်ဖြစ်လုပ်ပေ့ါ။ ဒီဘဝသနာပါရင်တော့ ရူးသွတ်ကြပေါ့ အဲ့ဒါပါပဲ။

 

အခုပေ့ါနော် Meet the successful အစီအစဉ်ကို ကြည့်နေတဲ့ ပရိသတ်တွေအတွက်ပေ့ါနော် အစ်ကို အနေနဲ့ ပရိသတ်တွေအတွက် အမှတ်တရစကားတစ်ခုလောက် ပြောပေးပါလား။

ပရိသတ်တွေကတော့ ကျွန်တော်က အများကြီးလည်း ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအောင်သူဆိုတာဖြစ်လာဖို့ ဒီပရိသတ်တွေပဲ အားပေးခဲ့တာပဲ။ ဒီပရိတ်သတတ်တွေကပဲ ရွေးချယ်ခဲ့ တာပဲဆိုတော့ အဲအတွက် ပရိသတ်တွေကိုလည်း အများကြီးကျေးဇူးတင်တယ်၊ ပြီးတော့ ကစားမဲ့ လက်ရွေးစင်အသင်းကိုလည်း အားပေးပါဦး။ 

Mizzima Weekly