တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်တော့မယ့် Girls’ Generation အဖွဲ့ဝင် တေယွန်

တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်တော့မယ့် Girls’ Generation အဖွဲ့ဝင် တေယွန်

တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ Girls’ Generation အဖွဲ့ဝင် တေယွန်သည် အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ဆိုးလ်မြို့ရှိ SM Town Coex Artium တွင် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

ဖျော်ဖြေပွဲများကို အောက်တိုဘာ ၂၃ မှ ၂၉ ရက်အထိနှင့် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပသွားရန်ရှိသည်။

အဖွဲ့ခေါင်းဆောင်ဖြစ်သူ အသက် ၂၇ နှစ်အရွယ်ရှိ တေယွန်သည် If နှင့် Can You Hear Me အပါအဝင် ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား တေးသီချင်းများမှတစ်ဆင့် ၎င်း၏ အသံပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် ချစ်စဖွယ် ဟန်ပန်များကြောင့် ပရိသတ်များ၏ အားပေးမှုကို ရရှိထားသူတစ်ဦး ဖြစ်သည်။ လက်မှတ်များကို ဗုဒ္ဓဟူးနေ့တွင် အွန်လိုင်းမှတစ်ဆင့် ရောင်းချပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly