နိုင်ငံရေးအိပ်မက်များထက် ပိုမိုအားကောင်းနေတဲ့ နတ်ကိုးကွယ်မှှု

နိုင်ငံရေးအိပ်မက်များထက် ပိုမိုအားကောင်းနေတဲ့ နတ်ကိုးကွယ်မှှု
စက်တင်ဘာ ၉  ရက်က ကျင်းပခဲ့သော ဘိုုးမင်းခေါင်ပွဲတွင် သီလရှင်ကဲ့သိုု့ အသွင်ရှိသော အမျိုးသမီးတစ်ဦးအား ပွဲလာရောက် သူများက ငွေများ လှှုဒါန်းနေစဉ်။ ဓာတ်ပုံ - သက်ထူး

သင်္ဃန်းကျွန်း၊ ရန်ကုန် (Myanmar Now) စက်တင်ဘာ ၉ ရက် မိုးများက တဖွဲဖွဲ ရွာကျနေ သည်။ ရန်ကုန်မြို့ ဆင်ခြေဖုံး အရပ်တစ်ခုရှိ ခြံတစ်ခြံအတွင်းရှိ ခေတ်ပေါ်ပုံစံ နှစ်ထပ်အိမ် တစ်လုံး ဆီသို့ အမျိုးသမီးများနှင့် ကလေးအများစုပါသည့် ထောင်ဂဏန်းမျှရှိသော လူအုပ်ကြီးသည် မိုးကို  ဂရုမထားဘဲ သူ့ထက်ငါ အရင်ဦးအောင် သွားနေကြသည်။

သူ့ရှေ့ မတိုင်ခင် တစ်ရက်ကဆိုလျှင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် လွှတ်တော် ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးမှုများကို စတင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ချွေးများ မိုးရေများ စိုနေသည့် ယင်းလူစုသည် နိုင်ငံရေးကို စိတ်ဝင်စားပုံမရ။ ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရ ထက် တန်ခိုးရှင်တစ်ဦးထံမှ စောင့်ရှောက်မစမှုကိုသာ အားကိုးနေပုံ ရသည်။

အိမ်ထဲမှ ဘုရားခန်း စင်အမြင့်တစ်ခုပေါ်တွင် ပကတိ လူတစ်ယောက် အရွယ်အစားခန့်ရှိပြီး ခြေချိတ်ထိုင်နေပုံ ထုလုပ်ထားသည့် မြန်မာအမျိုးသားကြီး တစ်ဦး၏ ဖယောင်းရုပ်တုကြီးတစ်ခုကို တွေ့နေရ သည်။

ယင်းရုပ်တုကြီး၏ ရှေ့မှာတော့ စောစောက လူအုပ်သည် မိမိအလှည့် ပူဇော်ကန် တော့ခွင့်ရအောင် စောင့်နေကြသည်။ အိမ်အပေါ်ထပ် လသာဆောင်တွင် အလံများ၊ ရောင်စုံပူဖောင်းများ ချိတ်ထားသည့်  ယာယီစင် မြင့် တစ်ခုဆောက်ထားပြီး အပြာရောင် ဘလောက်အင်္ကျီနှင့် ရွှေခြည်ငွေခြည် ထိုးထားသည့် ထဘီတို့ ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဆိုင်းဝိုင်းမှ ထွက်ပေါ်လာသည့် တီးလုံးနှင့်အညီ ကခုန် နေသည်။

“ရတနာမိုးရွာစေ ငွေမိုးရွာစေ တိုင်းပြည်အတွက် အောင်အတိတ် အောင်နိမိတ် ဆောင်ပါစေ” ဟူသော သူ၏ သီချင်းသံသည် အသံချဲ့စက်များမှ တစ်ဆင့် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာ လမ်းမ ကြီးပေါ်တွင် ပံျ့လွင့်နေသည်။

ယခုပွဲသည် အဆင့်မြင့်သော နာမ်လောကသို့ လက်ရှိ ဘဝခန္ဓာကိုယ် မသေဆုံးဘဲ ကူးပြောင်း သွားသည်ဟု လူသိများသော အဘ ဘိုးမင်းခေါင်ဆိုသူ၏ ၆၃ နှစ်မြောက် “အရှင် ထွက်ပွဲ” အထိမ်းအမှတ် ကျင်းပနေခြင်း ဖြစ်သည်။

ဘိုးမင်းခေါင်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က မြန်မာနိုင်ငံအလယ်ပိုင်း ပုပ္ပားတောင် တွင် ထွက်ရပ်ပေါက် ကျင့်စဉ်ကို အောင်မြင်သွားသည်ဟု ကိုးကွယ်သူများက ယုံကြည်ကြသည်။

ဘိုးမင်းခေါင်သည် ပုံစံအမျိုးမျိုးဖြင့် ပေါ်လာတတ်ပြီး ၎င်းအား ကိုးကွယ်သူများ အခက်အခဲ အကျပ်အ တည်းများ ကြုံလာပါက ကူညီတတ်ကြောင်း ယုံကြည် ကိုးကွယ်သူများက ဆိုသည်။

“ကျွန်မအလုပ်ထဲမှာ စိတ်ညစ်စရာတွေ ကြုံလာရင် ကျွန်မကို အဘက နည်းအမျိုးမျိုးနဲ့ ကူညီ ပါတယ်” ဟု ပရိသတ်ထဲ ရောက်နေသည့် အသက် ၂၆ နှစ်အရွယ် မပိုးပိုးက ပြောသည်။

“အဘ တကယ်ရှိတယ်ဆိုတာ ကျွန်မကို တစ်ကြိမ် ထင်ထင်ရှားရှား ပြဖူးပါတယ်။ အရမ်း ထူးခြားပါတယ်” ဟု ၎င်းက စိတ်လှုပ်ရှားပြီး ကျနေသည့်  မျက်ရည်များဖြင့် ပြောသည်။

မပိုးပိုးသည် မလေးရှားနိုင်ငံ ပီနန်ကျွန်းရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူဖြစ်ပြီး ယခု အဘ ထွက်ပွဲအတွက် တကူးတကန့် ပြန်လာခြင်း ဖြစ်သည်။ မပိုးပိုးအတွက်ကတော့ နိုင်ငံရေး အခြေအနေ ထက် တန်ခိုးရှင်များကသာ သူ့အနာဂတ်အတွက် ပိုမို အကျိုးရှိပုံ ရသည်။

“အဘ(ဘိုးမင်းခေါင်) လမ်းညွှန်ချက်အတိုင်း ကျွန်မ ဥပုသ်စောင့်တယ်၊ ပုတီးစိပ်တယ်။ အကျိုးပေးပါတယ်” ဟု မပိုးပိုးက ပြောသည်။ “ကျွန်မ နိုင်ငံရေးဆိုတာတော့ နားမလည်ဘူး” ဟု ပြောသည်။

နတ်နှင့် ထွက်ရပ်ပေါက် ဘိုးတော်များ ကိုးကွယ်မှု အလေ့အထသည် ဗုဒ္ဓဘာသာအများစု ကိုးကွယ်သည့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ သမိုင်းနှင့်အပြိုင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လျက်ရှိ သည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်ကတည်းကစပြီး နိုင်ငံတကာနှင့် ထိတွေ့ ဆက်ဆံမှု ရှိလာပြီး အရပ်သားတစ်ပိုင်း အစိုးရကလည်း ရာစုနှစ် ထက်ဝက်နီးပါး စစ်အုပ်ချုပ်ရေးစနစ်မှ ခွဲထွက်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်လျက်ရှိသည်။ သို့သော် နတ်ကိုး ကွယ်မှှုသည် ဆက်လက် ခိုင်မြဲလျက်ပင် ရှိသည်။

အဓိက နိုင်ငံရေးပါတီအားလုံး ပထမဆုံးအကြိမ် ဝင်ပြိုင်ကြမည့် နိုဝင်ဘာ ၈ ရက် လွှတ်တော် ရွေးကောက်ပွဲများသည် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအတွက် အပြောင်းအလဲတွင် အရေးကြီးသည့် နောက်ထပ် ခြေလှမ်းတစ်ရပ် ဖြစ်သည်။  သို့သော် ဆန္ဒမဲပေးရမည့် သူများကတော့ သူတို့၏ အနာဂတ်အတွက် နိုင်ငံရေးထက် တန်ခိုးဖြင့် ကူညီစောင်မမည့်သူများကို မျှော်လင့်ထားကြ သည်။

နတ်၊ ဘိုးတော် အားကိုးမှှု ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများ၏အိမ်တွင် ရိုးရာ နတ်စင်ကိုလည်း အိမ်တိုင်းနီးပါးတွင် တွေ့ရတတ်ပြီး နတ်ကိုးကွယ်မှုနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာများ သည်ရောထွေးလျက် ရှိသည်။ နတ်ကိုးကွယ်သူတို့သည် နတ်များကို ပုံမှန်ပူဇော် ပသကြသည်။ လုံလောက်သည့် ငွေကြေး မရှိပါကလည်း ရှာဖွေချေးငှားပြီး ပူဇော် ပသကြသည်။

ယခုပွဲတွင် ယောဂီရောင် အဝတ်များနှင့် အရောင်တူ ခေါင်းပေါင်းကို ပေါင်းထားသည့် သက်လတ်ပိုင်းအရွယ် သီလရှင်ကဲ့သို့ အသွင်ရှိသူ အမျိုးသမီးတစ်ဦးကို လူအများက မြန်မာ ကျပ်ငွေများ အထပ်လိုက်နှင့် အမေရိကန်ဒေါ်လာငွေစက္ကူများ ပေးလှူနေသည်။

အဆိုပါ အမျိုးသမီးသည် စိပ်ပုတီးတစ်ကုံးကို ဘယ်ဘက်လက်တွင် ပတ်ထားပြီး မျက်လုံး များကလည်း နတ်ဝင်ပူးနေသလို မျက်နှာကျက်ကို လျှောက်ကြည့်ပြီး သူ့ရှေ့သို့ ရောက်လာသူများ၏ ဦးခေါင်းကို ပွတ်သပ် ဆုတောင်းပေးနေသည်။

ပရိသတ်ထဲတွင် အိမ်ခြံမြေ ပွဲစားတစ်ဦးဖြစ်သူ အသက် ၇၁ နှစ်အရွယ် ဒေါ်နှင်းခိုင်လည်း ပါသည်။ “ကျွန်မကို ငွေကြေးပြေလည်အောင် ကူညီမစဖို့နဲ့ ကျန်တဲ့သူတွေလည်း အားလုံးအဆင်ပြေအောင် စောင့်ရှောက်ဖို့ အဘဆီမှာ ဆုတောင်းခဲ့ပါတယ်” ဟု သူက ဆိုသည်။

သူ့အနေဖြင့် အလုပ်ကိစ္စ စကားပြောဆိုခါနီးတွင် နတ်များ “ပုဂ္ဂိုလ်”များကို တိုင်တည်ပြီးမှ ပြောဆို လုပ်ကိုင်လေ့ရှိကြောင်း ပြောသည်။ “တကယ်ကို ယုံယုံကြည်ကြည် လုပ်ကြည့်ပါ။ အကျိုး ပေးပါတယ်” ဟု  ဒေါ်နှင်းခိုင်က ပြောသည်။

အဆိုပါ အဘဘိုးမင်းခေါင် ထွက်ပွဲကို မြန်မာနိုင်ငံမှ ထင်ရှားသည့် အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် ရွှေသံလွင် မာတီမီဒီယာ ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းက ကမကထ ပြုခြင်း ဖြစ်သည်။ ၎င်းသည် မကြာသေးမီက ရှင်အပါး ၇,၀၀၀ ရှင်သာမဏေ ဝတ်ပွဲကို မြန်မာနိုင်ငံ အလယ်ပိုင်း မြို့တစ်မြို့၌ ကျင်းပပေးခဲ့ပြီး အဆိုပါပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လည်း တက်ခဲ့သည်။

အခုထွက်ပွဲကို အနောက်တိုင်း ပြက္ခဒိန်၏ ၉ လပိုင်းဖြစ်သည့် စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၉ ဂဏန်းသည် ကံကောင်းစေသော ကိန်းဂဏန်းတစ်ခုအဖြစ် အစွဲထားသည့် မြန်မာနိုင်ငံတွင် ကျင်းပလေ့ရှိသည့် အထင်ကရ ပွဲတစ်ပွဲလည်း ဖြစ်သည်။

ထိုနေ့နံနက် ၉ နာရီက နေပြည်တော်၌ အစိုးရဘက်မှ ကိုယ်စားလှယ် ၉ ဦးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ၉ ဦးတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နောက်ဆုံးအဆင့် ကို ဆွေးနွေး ကျင်းပခဲ့ခြင်းဖြစ်ပြီး  အဆိုပါပွဲနှစ်ခု ၉ ဂဏန်းကျသည့် တစ်နေ့တည်း တစ်ချိန်တည်းတွင် ကျင်းပခြင်းမှာလည်း ထူးခြားသည်။

“၉ ဂဏန်းဟာ တန်ခိုးရှိပြီး ကံကောင်းတဲ့ နံပါတ်ပါ။ မသေဂဏန်းလို့လည်း ခေါ်ပါတယ်” ဟု ရန်ကုန်မြို့လယ်တွင် ဗေဒင်ဟောလုပ်ငန်း လုပ်ကိုင်သည့် ဗေဒင်ဆရာ ဦးမင်းသူက ပြောသည်။

နိုင်ငံရေးအပေါ် စိတ်အား သိပ်မထက်သန်

စက်တင်ဘာ ၈ ရက်မှစတင်ပြီး နိုင်ငံရေးပါတီ ၉၀ အား မဲဆွယ်စည်းရုံးခွင့် တရားဝင် စတင် ခွင့်ပြုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် မဲဆွယ်စည်းရုံးခဲ့သည့် နေရာများမှလွဲပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြားပါတီများ၏ မဲဆွယ်စည်းရုံးရေးများအပေါ် လူထု၏ စိတ်ဝင်စားမှု နည်းပါးနေသည်။

Asia Barometer Survey က မကြာသေးမီက မြန်မာပြည်သူ ၁,၆၀၀ ကို မေးမြန်း ပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ၅၃ ရာခိုင်နှုန်းကျော်က စီးပွားရေး ဖွံ့ဖြိုးမှုသည် ဒီမိုကရေစီထက် ပိုအရေးကြီးသည် ဟုဖြေကြားခဲ့သည်။

ယခုနတ်ပွဲသည်လည်း သိသာထင်ရှားသည့် သာဓကတစ်ခု ဖြစ်သည်။ နေမဝင်ခင်ကပင် အဆိုပါ လူအုပ်သည် တဖြည်းဖြည်းများလာပြီး အိမ်တွင်းရော ခြံဝင်းအတွင်းမှာပင် ပြည့်ကျပ်သွားပြီး အမျိုးသမီးအချို့ လဲကျသည်အထိ ဖြစ်သွားခဲ့သည်။ ရောက်လာသူများကို ကမကထပြုသည့် အလှူရှင်က စောင်နှင့် ထမင်းအိုး အပါအဝင် ပစ္စည်း “၉”  မျိုး လက်ဆောင်ပေးခြင်းကလည်း ယခုလို လူအများအပြား လာရသည့် အကြောင်းတစ်ခု ဖြစ်နေနိုင်သည်။

လူအုပ်ထဲတွင် တန်းစီနေသည့် အသက် ၅၁ နှစ်အရွယ် ဒေါ်မြင့်မြင့်စန်းက နတ်များကို ကိုးကွယ်နေသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် ဘိုးမင်းခေါင် အပါအဝင် အခြားနတ်များ သူ့ဆီကို အိပ်မက်ထဲတွင် လာပြီး ထီဂဏန်း၊ ချဲဂဏန်းများ ပေးကြောင်း ပြောသည်။

“ပုဂ္ဂိုလ်တွေရဲ့ ကူညီစောင့်ရှောက်မှုနဲ့ ချဲတွေ၊ ထီတွေ မကြာခဏ ပေါက်တယ်။ သာသနာ ပြုခွင့်ရဖို့ အခုလာပြီး ဆုတောင်းတာပါ” ဟုသူက ပြောသည်။ ဘုရားများ၊ ဘုန်းကြီးကျောင်း များတွင် ပိုပြီး လှူဒါန်းနိုင်ရန် ငွေတွေ ထပ်ဝင်ချင်ပါသေးသည်ဟု သူက ဆက်၍ ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရန်နှင့် ၎င်းမဲပေးမည့် ပါတီအနိုင်ရဖို့ ဆုတောင်းမှာလားဟု မေးသည့်အချိန်တွင်မူ ဒေါ်မြင့်မြင့်စန်းက မနှစ်မြို့သော အမူအရာဖြင့် “ဒီမိုကရေစီ ဆိုတာက မနေ တစ်နေ့ကမှ ပေါ်လာတာလေ” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly