လေပြင်းတိုက်ခတ်မှုကြောင့် မဟာဓာတ်အားလိုင်း တာဝါတိုင် ငါးတိုင်ပြိုလဲ

လေပြင်းတိုက်ခတ်မှုကြောင့် မဟာဓာတ်အားလိုင်း တာဝါတိုင် ငါးတိုင်ပြိုလဲ
Photo - သတင်းစဉ်

စက်တင်ဘာ ၁၉ ။         ။ စက်တင်ဘာ ၁၇ ရက် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းနှင့် မုံရွာဒေသသို့ ဓာတ်အားပို့လွှတ်သော ၂၃၀ ကေဗွီ နှစ်ထပ် မဟာဓာတ်အားလိုင်း ဖြတ်သန်းရာ တံတားဦးမြို့နယ်၊ တပယ်ရွာအနီးရှိ တာဝါတိုင် ငါးတိုင် ပြိုလဲသွားကြောင်းသိရသည်။

တာဝါတိုင်အမှတ် ၁၀၄၊ ၁၀၅၊ ၁၀၆၊ ၁၀၇၊ ၁၀၈ စုစုပေါင်း ငါးတိုင်သည် ည ၈ နာရီခန့်က ပြိုလဲသွားပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားသည်။

တာဝါတိုင်ကြီးများ ပြိုလဲမှုကြောင့် ဓာတ်အားပြတ်တောက်သွားရသည့် စစ်ကိုင်းနှင့် မုံရွာဒေသသို့ ၁၃၂ ကေဗွီ ချောက်- ဗုဒ္ဓကုန် း(ပခုက္ကူ)-ညောင်ပင်ကြီး (ဆားလင်းကြီး)-အောင်ချမ်းတာ(မုံရွာ) လိုင်းဖြင့် မုံရွာဒေသကိုလည်းကောင်း၊ ညောင်ပင်ကြီး-အုန်းတောလိုင်းဖြင့် စစ်ကိုင်းဒေသများသို့ ည ၉ နာရီခန့်တွင် ပြန်လွှတ်ပေးနိုင်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

လေပြင်းကြောင့် ပြိုလဲသွားသော ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း တာဝါတိုင် ငါးတိုင်ကို အမြန်တည်ဆောက်ရန် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ဝန်ထမ်း ၁၁၈ ဦးဖြင့် အမြန် တည်ဆောက်နေ သည်ပြီး ရက်သတ္တနှစ်ပတ်ခန့် ကြာမည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly