မြန်မာ့စီးပွားရေး ဖွံ့ဖြိုးဖို့ ပွင့်လင်းမြင်သာမှု လိုသေးတယ်လို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့ ဒါရိုက်တာ ထောက်ပြ

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးဖို့ ပွင့်လင်းမြင်သာမှု လိုသေးတယ်လို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့ ဒါရိုက်တာ ထောက်ပြ
အီတလီယံထိုုင်းမှ တာဝန်ယူဆောက်လုုပ်လျှက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းရှိ အီတလီယံထိုုင်းကုုမ္မဏီ လုုပ်ငန်းခွင်တစ်ခုုအားတွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

ရန်ကုန်၊ စက်တင်ဘာ ၁၈။        ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံသို့ လာရောက်နိုင်ရန် အခက်အခဲတချို့ ရှိနေပြီး အစိုးရအနေနဲ့ ယခုထက် ပိုမို ပွင့်လင်းမြင်သာသည့် စနစ်နှင့်အတူ ကုမ္ပဏီတည်ထောင်ခွင့် လိုင်စင်ရရန်လည်း အတော်ကြိုးစား အားထုတ်ရခြင်းကြောင့် ထိုစနစ်များကို စနစ်တကျ စီမံခန့်ခွဲသင့်ကြောင်း မြန်မာနိုင်ငံအခြေစိုက် Siward Newton စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့ ဒါရိုက်တာ Michale Armstrong က ဆိုသည်။

"တချို့နေရာတွေမှာ တော်တော်ခက်ခဲပါတယ် အစိုးရနဲ့ ဆက်ဆံရတဲ့ တချို့အပိုင်းတွေမှာ အခက်အခဲတွေ ရှိနေဆဲပါပဲ" ဟု သူက ပြောသည်။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးနိုင်ဖို့ ပွင့်လင်း မြင်သာမှုအပြင် ကုမ္ပဏီများမှတ်ပုံတင်ရေး ဌာန(DICA) အနေနဲ့လည်း လိုင်စင်ထုတ်ပေးရာမှာ ဂရုစိုက်ပေးဖို့လည်း သူက တိုက်တွန်းပါတယ်။ "လိုင်စင် ထုတ်ပေးတာကိုလည်း ဂရုကိုင်တွယ်ရမယ်ပါလိမ့်မယ် ၊ ပြီးတော့ အစိုးရရောပေါ့၊ ဒါက လုံးဝကို ပြည့်စုံမှ ရပါလိမ့်မယ်" ဟုလည်း Michale Armstrong က ပြောသည်။

အစိုးရဌာနများ၏ လိုအပ်ချက်ကို Michale Armstrong က ပြောဆိုခဲ့သော်လည်း  ကုမ္ပဏီများမှတ်ပုံတင်ရေး ဌာန(DICA)  ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကမူ အစိုးရသည် အကန့်အသတ်များ လျော့ချပေးနေပြီး ၁၉၈၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု အခြေခံပြီး ပိုမိုကောင်းမွန်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

"အခု သူတို့ထောက်ပြသွားတာက ကုန်သွယ်မှုတွေမှာ နိုင်ငံခြားသားတွေကို မပေးသေးတာက မြန်မာနိုင်ငံက ပြည်တွင်း အကျိုစီးပွားကို အရမ်းကို ကာကွယ်လွန်းတယ် လို့တော့ ဝေဖန်သွားတာပဲ၊ ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်က အခုမှဖွင့် ကာစဆိုတော့ တစ်ဆင့်ပြီးတစ်ဆင့်ပေါ့၊ ပြည်တွင်းက အသေးစား အလတ်စား လုပ်ငန်းတွေကိုလည်း မထိခိုက်အောင်ပေါ့" ဟု ပြောသည်။

General Electric ၏ မြန်မာပြည် ကိုယ်စားလှယ် အန်ဒရူးလီကလည်း ပွင့်လင်းမြင်သာမှုများ အတိုင်းအတာတစ်ခုအထိ ရောက်လာပြီဆိုသော်လည်း ညှိနှိုင်း တိုင်ပင် ဆွေးနွေးရန် လိုအပ်လျက်ရှိနေသေးသည်ဟု ပြောသည်။

"ပွင့်လင်းမြင်သာမှုက အရင် နှနှစ်ကထက် စာရင် တက်လာတယ်၊ ချက်ချင်းအရမ်းကြီးတော့ မတက်လာဘူး၊ တစ်ဖြည်းဖြည်း ချင်းတော့ တက်လာတယ်၊ ဒီတက်ဖို့က အစိုးရက ပြည်သူ၊ ပုဂ္ဂလိကနဲ့ စကားပြောရမယ်" ဟု ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly