အော့စပင်နာနှင့် ပီတာချက်ကို အာစင်ဝင်းဂါး အလှည့်ကျ ဆက်လက်အသုံးပြုမည်

အော့စပင်နာနှင့် ပီတာချက်ကို အာစင်ဝင်းဂါး အလှည့်ကျ ဆက်လက်အသုံးပြုမည်

စက်တင်ဘာ ၁၈၊ လန်ဒန် ။         ။ ချန်ပီယံလိဂ်တွင် ဒိုင်နမိုဇာဂရက်ကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့သော်လည်း အာဆင်နယ်နည်းပြအာစင်ဝင်းဂါးသည် ဂိုးသမားများဖြစ်သော အော့စပင်နာနှင့် ပီတာချက်ကို အလှည့်ကျဆက်လက်အသုံးပြုသွားဦးမည်ဖြစ်သည်။

ချန်ပီယံလိဂ်အဖွင့်ပွဲအတွက် မမျှော်လင့်သည့်ကစားသမားအပြောင်းလဲများထဲတွင် အော့စပင်နာလည်းတစ်ယောက်အပါအဝင်ဖြစ်ခဲ့သော် လည်း စနေနေ့တွင်ချယ်လ်ဆီးနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲတွင်မူ ပီတာချက်ပြန်လည်ပါဝင်လာမည်ဖြစ်သည်။

သို့သော်နွေရာသီအတွင်း နည်းပြဝင်းဂါးနှင့်ဆွေးနွေးခဲ့သော အော့စပင်နာသည် နောက်ထပ်အခွင့်အရေးများထပ်ရလာဦးမည်ဟု မျှော်လင့်ရ သည်။

ကိုလံဘီယာလက်ရွေးစင်ဂိုးသမားအော့စပင်နာသည် ပြီးခဲ့သည့်ရာသီက လက်စွမ်းကျနေသည့် ဆက်ဇီနီနေရာ၌ အသင်း၏ ပွဲထွက်ကစားသ မားအဖြစ် ပါဝင်ကစားခဲ့ရသည်။

ပရီးမီးယားလိဂ်တတိယရခဲ့သည့် အာဆင်နယ်အသင်းအတွက်အရေးပါသည့်ကစားသမားဖြစ်ခဲ့သောကြောင့် လက်ရှိရာသီတွင်လည်း ပထမ ဦးစားပေးအဖြစ်ကစားရမည်ဟု ထင်ကြေးပေးခံခဲ့ရသည်။

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဂါလာတာစာရေးသို့ပြောင်းခွင့်ကြုံခဲ့သော်လည်း အသင်းတွင်နေရာရမည်ဟု အာမခံချက်ရခဲ့သဖြင့် အမ်းမရိတ်စ်တွင်သာဆက်နေမည်ဟု ဆုံးဖြတ်ခဲ့သည်။

ယင်းဂိုးသမားသည် လာမည့်တစ်ပတ်တွင် လန်ဒန်ပြိုင်ဘက်စပါးအသင်းနှင့် ရင်ဆိုင်ရမည့် ကက်ပီတယ်ဝမ်းပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်လာဖွယ်ရှိသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly