အာဆင်နယ်ကို ထပ်ပြီး အရှုံးမခံနိုင်တော့ဟု မော်ရင်ဟို ပြော

အာဆင်နယ်ကို ထပ်ပြီး အရှုံးမခံနိုင်တော့ဟု မော်ရင်ဟို ပြော

လန်ဒန်၊ သြဂုန် ၁၈ ။              ။ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက လာမည့် လန်ဒန်ဒါဘီပွဲစဉ်တွင် အာဆင်နယ်ကို ထပ်ပြီး အရှုံးမခံနိုင်တော့ကြောင်းနှင့် အာဆင်နယ်ကို အနိုင်ကစားခြင်းဖြင့် ချယ်လ်ဆီး၏ ယခုနှစ်ရာသီမှာ ပြန်လည်ကောင်းမွန်သွက်လက်လာလိမ့်မည်ဟု ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ငါးပွဲတွင် သုံးပွဲအထိရှုံးနိမ့်ခဲ့ကာ ရမှတ်လေးမှတ်သာရရှိပြီး ၂၉ နှစ်အတွင်း အဆိုးရွားဆုံးရာသီစတင်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် ပြီးခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် အင်္ဂလန်အသင်းများအားလုံးရှုံးနိမ့်ခဲ့ချိန်၌ ချယ်လ်ဆီးတစ်သင်းသာ မက္ကာဘီတဲအဗစ်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက်တွင် မော်ရင်ဟိုက 'ကျွန်တော်တို့ မတူညီတဲ့ စိတ်ခံစားချက်၊ ကွဲပြားခြားနားတဲ့ စိတ်အားတက်ကြွမှုနဲ့ ပြန်လည်နိုးထလာခဲ့ပါပြီ' ဟု ပြောသည်။

ထို့အပြင် 'စနေနေ့မှာ ကစားရမယ့်ပွဲက တကယ့်ပြိုင်ဘက်ကောင်းနဲ့ ကစားရမယ့် ပွဲကြီးပွဲကောင်းပါ။ အဲ့ဒီပွဲရလဒ်က ကျွန်တော်တို့ကို ကောင်းမွန်တဲ့ အခြေအနေတစ်ခုရောက်အောင် ပို့ဆောင်ပေးပါလိ့မ်မယ်။ ရာသီအစတုန်းက ရလဒ်တွေ ဆိုးရွားခဲ့ပါတယ်။ အခုထပ်ပြီးတော့ အရှုံးမခံနိုင်တော့ပါဘူး' ဟု မော်ရင်ဟိုက ပြောသည်။

မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့သည့် နည်းပြသက်တမ်းတစ်လျှောက်တွင် အာစင်ဝင်းဂါး၏ အာဆင်နယ်အသင်းကို ပြိုင်ပွဲကြီးများ၌ တစ်ကြိမ်တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးသော်လည်း ယခုနှစ်ရာသီအစ ကွန်မြူနတီဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ရှုံးနိမ့်ထားသည်။

Ref;  ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly