မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ အိုဘားမားကို နိုဘယ်ဆုပေးမိဟု ဆုချီးမြှင့်ရေး အကြီးအကဲပြော

မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ အိုဘားမားကို နိုဘယ်ဆုပေးမိဟု ဆုချီးမြှင့်ရေး အကြီးအကဲပြော

အမေရိကန်သမ္မတ ဘာရက်အိုဘားမားအား ၂၀၀၉ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခဲ့သော်လည်း ဆုရွေးချယ်ရေးကော်မတီမှ မျှော်လင့်သည့်အတိုင်းဖြစ်မလာခဲ့ကြောင်း အဖွဲ့အတွင်းရေးမှူးဟောင်းဂျားလန်းစတက်က ပြောကြားလိုက်သည်။

အဆိုပါဆုကြောင့် အိုဘားမားအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုလုပ်ဆောင်လာနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း အမေရိကန်နိုင်ငံသားများ၏ ဝေဖန်မှုများနှင့်ကြုံတွေ့ခဲ့ရကြောင်း ဂျားလန်းစတက်က ပြောသည်။

အိုဘားမားအနေဖြင့် ဆုနှင့်ထိုက်တန်သည့် တစ်စုံတစ်ရာ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း လန်းစတက်က သူတာဝန်ထမ်းဆောင်ခဲ့စဉ်က အကြောင်းများကို ပြန်လည်ရေးသားထားသည့် စာအုပ်တွင် ဖော်ပြထားသည်။

“၂၀၀၉ ခုနှစ်မှာ ဘာရက်အိုဘားမားကို ပေးခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုလောက် လူအများအာရုံစိုက်ခံခဲ့ရတာ မရှိသေးပါဘူး”ဟု လန်းစတက်က ရေးသားခဲ့သည်။

အိုဘားမားအား ထောက်ခံသူများကပင် ဆုပေးအပ်ခြင်းသည် မှားယွင်းကြောင်း သတ်မှတ်ခဲ့ကြပြီး ဆုရွေးချယ်ရေးအဖွဲ့အနေဖြင့်လည်း မျှော်လင့်သလိုဖြစ်မလာကြောင်း လန်းစတက်က ရေးသားထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly