အာဆင်နယ်အသင်း ကံမကောင်း၍ ရှုံးနိမ့်ခဲ့ဟု အာစင်ဝင်းဂါးပြော

အာဆင်နယ်အသင်း ကံမကောင်း၍ ရှုံးနိမ့်ခဲ့ဟု အာစင်ဝင်းဂါးပြော

စက်တင်ဘာ ၁၇၊ လန်ဒန် ။         ။ ချန်ပီယံလိဂ်အဖွင့်ပွဲတွင် ဒိုင်နမိုဇာဂရက်ကို ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ကံမကောင်း၍ရှုံးခဲ့ရခြင်းဖြစ် ကြောင်း ပြောဆိုလိုက်သည်။

ဝင်းဂါးသည် ပရီးမီးယားလိဂ်တွင် စတုခ်စီးတီးအသင်းကိုအနိုင်ရသည့်ပွဲမှာလူစာရင်းကို ခြောက်နေရာအပြောင်းအလဲပြုလုပ်ပြီး ဒိုင်နမိုဇာဂ ဂရက်ကို ရင်ဆိုင်ခဲ့သည်။
ပွဲချိန်မိနစ် ၄၀ တွင်တိုက်စစ်မှူးဂီရော့ဒ်ထုတ်ခံရခြင်းမှာ မဖြစ်သင့်သည့်အခြေအနေဟု အာစင်ဝင်းဂါးကပြစ်တင်ခဲ့သည်။ "ပထမဂိုးကလူကျွံနေ ပြီး ကစားသမားတစ်ယောက်ထုတ်ခံရတာကတော့ ခံရခက်တဲ့အခြေအနေဖြစ်ပါတယ်"ဟု အာစင်ဝင်းဂါးကပြောသည်။

အာဆင်နယ်အသင်းမှာ ချိန်ဘာလိန်ကိုယ့်ဂိုးကိုယ်သွင်းပြီးအရေးနိမ့်နေချိန်တွင် ဂီရော့ဒ်မှာနှစ်ဝါ၊ တစ်နီဖြင့်ထုတ်ပယ်ခံခဲ့ရသည်။ "ကျွန်တော် တို့အကောင်းဆုံးပုံစံမရခဲ့သလို ဒိုင်လည်းမကောင်းပါဘူး။ ပထမအဝါကတ်က ဂီရော့ဒ်ရဲ့အမှားပါ။ ဘာကြောင့်လဲဆိုတော့သူလဲပြစ်ဒဏ်လုပ် မခံရဘဲ စောဒကတက်ခဲ့လို့ပါ။ ဒုတိယကတ်ကတော့ မမြင်ရတဲ့အနေအထားကနေထိတွေ့မိခဲ့လို့ရခဲ့တာဖြစ်တဲ့အတွက် ကံမကောင်းတာပါ။ မတော်တဆဖြစ်တာပါ။ ရည်ရွယ်ချက်မပါပါဘူး။ အဲဒါကိုဒိုင်ဆုံးဖြတ်လိုက်ပုံက အံ့သြစရာပါပဲ"ဟု အာစင်ဝင်းဂါးကပြောသည်။

ကွင်းလယ်လူရမ်ဆေး၊ ညာနောက်ခံလူ ဘယ်လာရင်တို့မပါနိုင်ချိန်တွင် ဝင်းဂါးသည် ဂိုးသမားပီတာချက်၊ ဘယ်နောက်ခံလူ မွန်ရီရယ်၊ ကွင်း လယ်လူ ကိုကွီလွင်နှင့် တိုက်စစ်မှူး ဝဲလ်ကော့တ်တို့ကို အရန်ခုံထိုင်ခိုင်းထားခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly