မန်ယူတိုက်စစ်ကို မာရှယ် ဦးဆောင်သင့်သည်ဟု တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း ပြောကြား

မန်ယူတိုက်စစ်ကို မာရှယ် ဦးဆောင်သင့်သည်ဟု တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း ပြောကြား

စက်တင်ဘာ ၁၇၊ မန်ချက်စတာ ။         ။ မန်ယူအသင်း၏ တိုက်စစ်ပိုင်းတွင် ဝိန်းရွန်နီထက် ဆယ်ကျော်သက်ကစားသမား မာရှယ်က ဦးဆောင်သင့်သည်ဟု တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းက ပြောဆိုလိုက်သည်။

မိုနာကိုမှပေါင် ၃၆ သန်းဖြင့်ပြောင်းလာသည့် ၁၉ နှစ်အရွယ်မာရှယ်သည် ပွဲဦးထွက်တွင် လီဗာပူးလ်ဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့သည်။ "သူ့ကို ကြည့်ရတာမန်ယူအသင်းလိုအပ်နေတဲ့ တိုက်စစ်မှူးပုံစံမျိုးပါ။ မာရှယ်ကိုရှေ့မှာထားပြီး ရွန်နီကနောက်ကပံ့ပိုးရင် ကောင်းမယ်ထင်ပါတယ်။ အဲဒါက တိုက်စစ်အတွဲကောင်းဖြစ်လာလိမ့်မယ်"ဟု နစ္စတယ်ရွိုင်းက ပြောသည်။

အသင်းခေါင်းဆောင်ဖြစ်သူရွန်နီသည် ဒူးကောက်ကြောဒဏ်ရာခံစားနေရရာ မာရှယ်သည် ပီအက်စ်ဗွီနှင့်ချန်ပီယံလိဂ်ပွဲတွင် ပွဲထွက်ကစားသ မားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။

တစ်ဦးချင်းအရည်အသွေးပြနိုင်ခဲ့သော်လည်း မာရှယ်သည် အသင်းရလဒ်ကောင်းအောင်ကူညီပေးနိုင်ခဲ့ခြင်းမရှိဘဲ မန်ယူအသင်းမှာ ၂-၁ ဂိုး ဖြင့် အရေးနိမ့်ခဲ့ရသည်။
အသက် ၂၉ နှစ်အရွယ်ရှိရွန်နီမှာ တနင်္ဂနွေတွင် ဆောက်သမ်တန်နှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပြန်လည်ပါဝင်နိုင်မည်ဟု မျှော်လင့်ရ သည်။

မန်ယူနည်းပြဗန်ဟားလ်က ပြီးခဲ့သည့်ရာသီတွင် ကွင်းလယ်ကစားခဲ့သောရွန်နီကို ယခုရာသီ၌အဓိကတိုက်စစ်မှူးအဖြစ်ထားကစားမည်ဟု နွေ ရာသီအတွင်း ပြောဆိုထားသည်။

"ရွန်နီအဲဒီနေရာမှာကစားနေပေမယ့် သူဟာ ဂိုးသွင်းဖို့ပဲတာဝန်ယူရတဲ့ တိုက်စစ်မှူးစစ်စစ်ပုံစံမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ သူအဲဒီနေရာမှာ အဆင်ပြေပြီး ဂိုးသွင်းလာနိုင်မှာပါ"ဟု မန်ယူတွင် ၂၀၀၁မှ ၂၀၀၆ အတွင်း ၂၁၉ ပွဲကစားပြီး ဂိုးပေါင်း ၁၅၀ သွင်းခဲ့သည့် အသက် ၃၉ နှစ်အရွယ်တိုက်စစ်မှူး နစ္စတယ်ရွိုင်းကပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly