မြန်မာနိုင်ငံစီးပွားရေး ဖွံဖြိုးတိုးတက်စေဖို့ အထောက်အကူပြုရန် ရေဆိုးသန့်စင်ရေး ပြပွဲကျင်းပ

မြန်မာနိုင်ငံစီးပွားရေး ဖွံဖြိုးတိုးတက်စေဖို့ အထောက်အကူပြုရန် ရေဆိုးသန့်စင်ရေး ပြပွဲကျင်းပ

ရန်ကုန်၊ စက်တင်ဘာ။ ။ မြန်မာနိုင်ငံစီးပွားရေး ဖွံဖြိုးတိုးတက်စေရန် အထောက်အကူပြုသည့် ရေနဲ့ ရေဆိုးသန့်စင်ရေး၊ စွမ်းအင်သစ်ထုတ်လုပ်သည့် နောက်ဆုံးပေါ်နည်းပညာ စတာတွေကို ပြသသည့် Myanmar Water 2015 ပြပွဲကို ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park မှာ စက်တင်ဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့ အထိ ပြုလုပ်မည်ဖြစ်သည်။

စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားကိုUMB Asia ရဲ့ အာဆီယံ စီးပွားရေးလုပ်ငန်းဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ Dato Teo ၊ မွေးမြူရေးလုပ်ငန်း၊ ငါးလုပ်ငန်း နဲ့ ကျေးလက်ဒေသဖွံဖြိုးရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးတင်ငွေ၊ မြန်မာနိုင်ှုံ အင်ဂျင်နီယာအသငိး ဥက္ကဌ ဦးဝင်းခိုင်နဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Myanmar Water ရေပေးဝေရေးစီမံကိန်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းလုပ်ကိုင်မည့် SS Tokyo Water မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မြို့ အတွင်း လုပ်ကိုင်လျှက်ရှိတဲ့ ရေပေးဝေရေး အခြေအနေအကြောင်း ယခုလို ပြောဆိုခဲ့သည်။

"ကျွန်တော်တို့ ကုမ္ပဏီ ပူးပေါင်းပါဝင်ခြင်းအားဖြင့် ရေကြောင့် စိုးရိမ်ရတဲ့ အသက်အန္တရယ်ကနေ လျော့ပါးသွားမယ်လို့ ကျနော်ထင်ပါတယ်။ မရမ်းကုန်းက နေရာတစ်ခုမှာ ကျနော်တို့ စပြီးတော့ လုပ်နေပါပြီ။ မကြာခင်ပြီးပါတော့မယ် အဲ့ဒီမှာ အောင်မြင်ပါတယ်။ နောက်ပိုင်းကျရင်တော့ ချဲ့သွားပါမယ်။ အကုန်လုံး အန္တရယ်ကင်းပြီးတော့ အရည်အသွေးကောင်းတဲ့ရေကို ပေးနိုင်ဖို့ ကျနော်တို့ စီစဉ်ထားပါတယ်" ဟု ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly