ချီလီ ကမ်းရိုးတန်းပြင်ပတွင် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ထုတ်ပြန်ထား

ချီလီ ကမ်းရိုးတန်းပြင်ပတွင် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ထုတ်ပြန်ထား

စက်တင်ဘာ ၁၇ ။         ။ ချီလီနိုင်ငံ ကမ်းရိုးတန်းအပြင်ဘက်တွင် စက်တင်ဘာ ၁၆ ရက်က ပြင်းအား ၈ ဒသမ ၃ အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ မြို့တော် ဆန်တီယာဂိုတွင် အဆောက်အဦးများ လှုပ်ရမ်းသွားခဲ့သည်။ အစိုးရက လူအမြောက်အမြားကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရန် နှင့် ဆူနာမီအန္တာရာယ်အတွက် သတိပေးချက်များကို ထုတ်ပြန်ထားသည်။

ငလျင်ကြောင့် နံရံတစ်ခုပြိုကျခဲ့ရာ တစ်ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် နေအိမ်တစ်ချို့လည်း ပြိုကျပျက်ဆီးခဲ့ကြောင်း ငလျင်လှုပ်ခတ်ခဲ့သည့်နေရာအနီးရှိ အယ်လီပယ် Illapel မြို့တော်ဝန်က ရေဒီယိုမှတဆင့် ပြောကြားထားသည်။

ငလျင်လှုပ်ခတ်မှုကို တောင်အမေရိက အရှေ့ပိုင်း ပင်လယ်ကမ်းခြေနိုင်ငံ ဖြစ်သည့် အာဂျင်တီးနား မြို့တော် ဘရူနိုအေးရီးစ် မြို့မှပင် ခံစားသိရှိခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။ အဆိုပါ ငလျင်သည် ဗယ်ပါရေဆို Valparaiso မြို့တောင်ဘက် ၁၀၅ မိုင် (၁၆၉ ကီလိုမီတာ) အကွာ၊ အနက်ပေ ၁၅ ဒသမ ၅ မိုင် (၂၅ ကီလိုမီတာ ) ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ချီလီနိုင်ငံနှင့် အတူ ပီရူးနိုင်ငံတို့တွင် နောက် နာရီများအတွင်း ပြင်းထန်သည့် ဆူနာမီ လှိုင်းလုံးများ ဖြစ်ပေါ်လာနိုင်ကြောင်း ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly