မြန်မာ့အလှမယ် နန်းဆိုင်အင်း မဲအရေအတွက် ၁၂,၀၀၀နီးပါးဖြင့် မဲအများဆုံး ရပ်တည်

မြန်မာ့အလှမယ် နန်းဆိုင်အင်း မဲအရေအတွက် ၁၂,၀၀၀နီးပါးဖြင့် မဲအများဆုံး ရပ်တည်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ။            ။ Miss Tourism Universe 2015 ပြိုင်ပွဲ အတွက် အွန်လိုင်းမှ တရားဝင် မဲပေးရာတွင် မြန်မာနိုင်ငံမှ အလှမယ် နန်းဆိုင်အင်းက မဲအရေအတွက် ၁၁,၁၇၉ဖြင့် မဲအများဆုံးနေရာက ရပ်တည် နေပြီး ဖိလစ်ပိုင် အလှမယ်ကတော့ မဲအရေအတွက် ၄၅၀၀ကျော် ဖြင့် ရပ်တည် နေသည်။

Miss Tourism Universe 2015 ပြိုင်ပွဲသည် Lebanon နိုင်ငံတွင် ဒုတိယ အကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ မှ အလှမယ် နန်းဆိုင်အင်းမှ ပထမဆုံး အကြိမ် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

Miss Tourism Universe 2015 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် Miss Tourism Myanmar 2015 နန်းဆိုင်အင်း အတွက် နိုင်ငံ ကိုယ်စားပြု ဝတ်စုံကို ဒီဇိုင်နာ မပုံ့(My Favourite Collection) မှ တာဝန်ယူ ဆောင်ရွက် ပေးထားပြီး Kachin Lady Hunter ဟု အမည် ပေးထားသည့် ကချင်ရိုးရာ ပုံစံကိုမှ အမဲလိုက်သည့် ပုံစံမျိုးဖြင့် ပြင်ဆင် ပေးထားသည်။

အလှမယ် နန်းဆိုင်အင်း၏ နိုင်ငံကိုယ်စားပြု ဝတ်စုံကို ပရိသတ် စိတ်ဝင်စားမှုများခဲ့ပြီး ၎င်း၏ နိုင်ငံ ကိုယ်စားပြု ဝတ်စုံ ဓာတ်ပုံများ အွန်လိုင်းတွင် တရားဝင် ပေါ်ထွက်လာသည့် အခါတွင် စတင် ဖော်ပြသည့် အချိန်မှစ၍ ပရိသတ် စိတ်ဝင်စားမှုများစွာ ရရှိခဲ့သည်။

နိုင်ငံ ကိုယ်စားပြု ဝတ်စုံ အတွက်ကို ဒီဇိုင်နာ မပုံ့(My Favourite Collection) မှ တာဝန်ယူ ဆောင်ရွက် ပေးထားသလို  ညနေခင်း ဝတ်စုံကို ဒီဇိုင်နာ ကိုသျှီလာမှ ဆောင်ရွက် ပေးထားသည်။ လက်ရှိတွင် အလှမယ် နန်းဆိုင်အင်းသည် ပြိုင်ပွဲ နှင့် ပတ်သက်သည့် Activity များကို Miss Tourism Universe Organization နှင့်အတူ လုပ်ဆောင်လျက် ရှိသည်။

Miss Tourism Universe 2015 ပြိုင်ပွဲ အတွက် တရားဝင် အွန်လိုင်း မဲပေးမှုကို http://www.pageantvote.net/pageants/258/contestants/1931 တွင် တစ်နေ့ကို တစ်ကြိမ် vote ပေးနိုင်ပြီး member ဝင်ထားလျှင် တစ်နေ့ကို ၅ကြိမ် vote ပေးနိုင်သည်။

Lebanon နိုင်ငံတွင် ကျင်းပ ပြုလုပ် နေသည့် Miss Tourism Universe 2015 ပြိုင်ပွဲ ကို စက်တင်ဘာလ (၄)ရက် မှ (၂၀)ရက် အထိ ကျင်းပ ပြုလုပ် မည် ဖြစ်ပြီး နောက်ဆုံး ပြိုင်ပွဲ ကို စက်တင်ဘာလ(၂၀) ရက် တွင် ပြုလုပ် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly