Mizzima Dialogue TV Show လာပြီ

အခုဆိုရင် ရွေးကောက်ပွဲ မဲဆွယ်ကာလ ရောက်နေပြီမို့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်နေကြပါပြီ။ မြန်မာ့နိုင်ငံရေးမှာ ရွေးကောက်ပွဲတွေ အတော်ဝေးခဲ့ကြတာမို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သိသင့် သိထိုက်တာတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အနာဂတ် မျှော်လင့်ချက်တွေ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို တင်ပြနိုင်ဖို့ Mizzima Dialogue TV Show လာပါပြီ။

Mizzima Dialogue TV Show  ရုပ်သံ အစီအစဉ်ဟာ ကဏ္ဍ အသီးသီးမှာ တာဝန်ယူထားကြသူတွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေ၊ အမြင်တွေ၊ အတွေ့အကြုံတွေကို တွေ့ဆုံမေးမြန်း ဆွေးနွေးကြမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲ ကာလနဲ့ ရွေးကောက်ပွဲ အလွန်မှာ ဘာတွေ ဖြစ်နိုင်သလဲ ဘာတွေ ဖြစ်နေသလဲ ဘာတွေဖြစ်ခဲ့သလဲ စတာတွေကို Mizzima Dialogue TV Show မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Mizzima Dialogue TV Show အစီအစဉ်မှာ လူပုဂ္ဂိုလ်၊ နေရာဒေသ၊ ပါတီကြီး၊ ပါတီငယ် မခွဲခြား၊ ကျားမ မရွေး အတတ်နိုင်ဆုံးနဲ့ အပြည့်စုံဆုံး နိုင်ငံအနှံ့က အခြေအနေတွေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ထင်မြင် ယူဆချက်တွေနဲ့ အတွေးအမြင်တွေ၊ ထင်မြင်ယူဆချက်တွေ အပေါ် ပြန်လည် တုန့်ပြန်ချက်တွေနဲ့ Mizzima Dialogue TV Show  ကို တစ်ပတ်ကို တစ်ပိုင်းစီ ဝေဝေဆာဆာ တင်ဆက်သွားမှာမို့ ဗဟုသတလည်းရ ပညာလည်းတိုးမယ့် Mizzima Dialogue TV Show လာပါပြီ။

အောက်ပါ စာမျက်နှာမှာ တစ်စု တစ်စည်းတည်း ကြည့်နိုင်ပါပြီ - http://mizzimaburmese.com/election2015/dialogue

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly