တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် ဆူဇီသည် အောက်တိုဘာလထုတ် Elle ဖက်ရှင်မဂ္ဂဇင်းအတွက် မျက်နှာဖုံး ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းနှင့် ဆူဇီသည် ကင်မရာကို ညှို့အားပြင်းသော အကြည့် များဖြင့် ကြည့်ကာ ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆူဇီသည် မဂ္ဂဇင်းမျက်နှာဖုံးအတွက် ပင်တိုင်မော်ဒယ်တစ်ဦးဖြစ်ပြီး ဓာတ်ပုံကို အီတလီနိုင်ငံ၊ ရောမမြို့တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ကာ ဆူဇီသည် ရွှေအိုရောင်ဇာများဖြင့် အလှဆင်ထားသော အရောင်ခပ်ဖျော့ဖျော့ ဂါဝန်ကို ဝတ်ဆင်ထားသည်ကို တွေ့ရသည်။
ဆူဇီသည် မကြာသေးမီက ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား Uncontrollably Fond ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားပြီး အဆိုပါ ဇာတ်ကားကို ၂၀၁၆ ခုနှစ်တွင် ထုတ်လွှင့်ရန် စီစဉ်ထားသည်။
အဆိုပါဇာတ်ကားသည် မာနကြီးသော ထိပ်တန်းသရုပ်ဆောင်မင်းသားသည် ငယ်ချစ်ဦးနှင့် ပြန်လည်ဆုံစည်းခွင့်ရပုံကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။
ဆူဇီ ပါဝင်ရိုက်ကူးထားသော မျက်နှာဖုံးဓာတ်ပုံကို စက်တင်ဘာ ၂၀ ရက်တွင် ထွက်ရှိမည့် အောက်တိုဘာထုတ် Elle ဖက်ရှင်မဂ္ဂဇင်းတွင် တွေ့မြင်ရမည် ဖြစ်သည်။