ကူဘိုတာက လယ်ယာသုံးစက်ပစ္စည်းစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်မည်

ကူဘိုတာက လယ်ယာသုံးစက်ပစ္စည်းစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်မည်

စက်တင်ဘာ ၁၆ ရက် ။           ။ ကူဘိုတာကုမ္ပဏီက လယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံအား ရန်ကုန်မြို့အနီး၌် မကြာမီ တည်ဆောက်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို စက်မှုလယ်ယာအဖြစ်သို့ ဖော်ဆောင်လျက်ရှိပြီး ဝယ်လိုအားများ တိုးတက်လာသဖြင့် စက်ရုံတည်ဆောက်ရခြင်းဖြစ်သည်။

ဂျပန်ကုမ္ပဏီကူဘိုတာ၏ မြန်မာနိုင်ငံအတွင်း ပထမဆုံး စက်ရုံကြီး တစ်ရုံ ဖြစ်လာပြီး သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်မှုဇုန်နယ်မြေအတွင်း၌ အစိုးရနှင့် ပုဂ္ဂလိကဏ္ဍတို့ ပါဝင်မှုဖြင့် တည်ဆောက်သွား မည်ဖြစ်သည်။

ကူဘိုတာကုမ္ပဏီက စက်ရုံတည်ဆောက်ရေးအတွက် မြေနေရာ ၁၀,၀၀၀ စတုရန်းပေကို အကြမ်းဖျင်းအားဖြင့် ရရှိပြီးဖြစ်သည်။ စက်ရုံက အင်ဂျင်သုံးထွန်စက်များ၊ တာယာများနှင့် အခြားသောနိုင်ငံခြားမှ တင်သွင်းနေရသည့် စက်ပစ္စည်းအစိတ်အပိုင်းများကို ထုတ်လုပ်မည်ဖြစ်သည်။

လာမည့်ဆောင်းဦးပေါက်တွင် တည်ဆောက်ရေးစတင်မည်ဖြစ်ကာ ကုန်ကျငွေ ဂျပန်ယန်း တစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၈ ဒသမ ၂၁ သန်း) လျာထားသည်။

မြန်မာနိုင်ငံလူဦးရေ၏အများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ယခင်စစ်အစိုးရ လက်အောက်တွင် စက်မှုလယ်ယာဖွံ့ဖြိုးရေးပိုင်း၌ နှေးကွေးနေခဲ့သည်။

Ref; Nikkei

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly